Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မင်းအောင်လှိုင် ပွဲပြီးနေပါပြီ (Opinion)

၂၀၂၄ ခုနှစ် အကြမ်းဖက်စစ်အုပ်စုသင်္ကြန်ရဲ့ ထူးခြားချက်ကတော့ မင်းအောင်လှိုင်ရော စိုးဝင်းပါ ပျောက်ဆုံးနေခြင်းပဲဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စိုးဝင်း ဘယ်ပျောက်နေသလဲဆိုတဲ့ မေးခွန်းကို အခိုင် အမာ အတည်ပြုနိုင်ခြင်းမရှိပေမဲ့ သင်္ကြန်မတိုင်ခင်ကစလို့ သင်္ကြန်တတွင်းလုံး စိုးဝင်းတစ်ယောက် PDF အသေခံဒရုန်းထိပြီး ပြင်းထန်ဒဏ်ရာရ နဲ့ သေပြီဆိုတဲ့သတင်း အုန်းအုန်းထနေပါတော့တယ်။

 

ပထမ၊ ဧပြီ ၄ ရက်မှာ PDF တွေက ကာမီကာဇေစစ်ဆင်ရေး စတင်ခဲ့ရာ ကိုယ့်ကိုယ်ကိုယ် လုံလှပြီ ထင်နေတဲ့ လုံခြုံရေးအထပ်ထပ်တွေရဲ့ကြား နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ထဲ အသေခံဒရုန်း ၂၉ စင်း ပျံသန်းတိုက်ခိုက်နိုင်ခဲ့ခြင်းက စစ်ဗိုလ်ချုပ်တွေကို တုန်လှုပ်ခြောက်ခြားခဲ့ပါတယ်။

 

အသေခံဒရုန်းတို့ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးအခြေအနေကို အတည်ပြုနိုင် ခြင်းမရှိပေမဲ့ ပြည်သူတွေရဲ့ကြား စိတ်ခွန်အားအပြည့် လက်ခုပ်သံတွေနဲ့ အသေခံဒရုန်းဆိုတဲ့အမည်နာမ ထင်ရှားခဲ့ပါတယ်။

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဧပြီ ၈ ရက်ကစလို့ သင်္ကြန်တစ်တွင်းလုံး စိုးဝင်းလက်ဖက်ခြောက် ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့ပါတယ်။

 

အဲဒီနောက် ဧပြီ ၈ ရက်မှာ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း စစ်အုပ်စုဒုခေါင်း ဆောင်စိုးဝင်းနဲ့အဖွဲ့ အစည်းအဝေးလုပ်နေစဉ် ဒရုန်းတွေနဲ့ တိုက်ခိုက်။ ဧပြီ ၉ ရက်၊ နောက်တစ်ကြိမ် အသေခံ ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ပြီးနောက် စိုးဝင်းနဲ့စစ်ဗိုလ်ချုပ်တချို့ ပြင်းထန်ဒဏ်ရာရ သွားတယ်ဆိုတဲ့သတင်းက ဒရုန်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ Shar Htoo Waw  စာမျက်နှာကနေတစ်ဆင့် စတင်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက် သေပြီဆိုတဲ့ သတင်းတွေပါ ဖေ့စ်ဘွတ်ခ်စာမျက် နှာ ပေါ် ဝရုန်းသုန်းကား တက်လာခဲ့ပေမဲ့ အခုထိတိုင် အ တည် မပြုနိုင်သေးပါဘူး။

 

ဒါပေမဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဧပြီ ၈ ရက်ကစလို့ သင်္ကြန်တစ်တွင်းလုံး စိုးဝင်းလက်ဖက်ခြောက် ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့ပါတယ်။ မော်လမြိုင်မှာ တိုက်ခိုက်ခံရပြီး ၂ ရက်အကြာ စစ်အုပ်စုစပီကာ ဇော်မင်းထွန်းက စိုးဝင်းတစ်ယောက် နိုင်ငံတော်ကာကွယ် ရေးနဲ့လုံခြုံ ရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်လို့ဘီဘီစီ ကိုပြောကြားခဲ့ပေမဲ့ ဇော်မင်းထွန်းရဲ့ ဗရမ်းဗတာ ပါးစပ်ကို ဘယ်သူကမှအယုံအကြည်မရှိကြပါဘူး။

 

ပြည်သူတွေရဲ့ကြား စိုးဝင်း သတင်းလောက် လှုပ်ခတ်မှုမကြီးပေမဲ့ စစ်အုပ်စုဝင်တွေရဲ့ကြား ဆူနာမီလို လှုပ်ခတ်သွားစေတာက ဧပြီ ၁၀ ရက်မှာ လယ်ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို မင်းအောင်လှိုင် ဖမ်းဆီးလိုက်ခြင်းပါပဲ။ 

 

စစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်းဟာ  ၂၀၂၃ ခုနှစ်သင်္ကြန်တုန်းက နေပြည်တော် စစ်အုပ်စုသင်္ကြန်ဖွင့်ပွဲ အခမ်းအနားတွေ တက်ရောက်ခဲ့ပြီး ဒီနှစ်ကျမှ ပျောက်ဆုံးနေခြင်းက ထွက်ပေါ်နေတဲ့ ကောလာဟလတွေအ ပေါ် ယုံကြည်မှု ပိုတိုးလာစေပါတယ်။

 

ပြည်သူတွေရဲ့ကြား စိုးဝင်း သတင်းလောက် လှုပ်ခတ်မှုမကြီးပေမဲ့ စစ်အုပ်စုဝင်တွေရဲ့ကြား ဆူနာမီလို လှုပ်ခတ်သွားစေတာက ဧပြီ ၁၀ ရက်မှာ လယ်ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို မင်းအောင်လှိုင် ဖမ်းဆီးလိုက်ခြင်းပါပဲ။ မြင့်လှိုင်ဟာ ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး သိန်းစိန်အစိုးရလက်ထက် လယ်ဆည်ဝန်ကြီး ဖြစ်ခဲ့ကာ သူ့ရဲ့ ထင်ရှားတဲ့ အမှတ်အသားကတော့ တောင်သူတွေကို ထမင်းတစ်နပ်လျှော့ စားခိုင်းခြင်းပဲ ဖြစ်ပါတယ်။

 

မြင့်လှိုင်တင်မက မင်းအောင်လှိုင်ခန့် ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကြံ့ဖွတ် နိုင်ငံတကာရေးရာ တာဝန်ခံ၊ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ပါ ဆက်လက်အဖမ်းခံရခြင်းအရ မင်းအောင်လှိုင်ဖြုတ်ချရေး အပြောအဆိုကြောင့် အဖမ်းခံရခြင်းသာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။

 

မြင့်လှိုင် ဖမ်းဆီးခံရကာစမှာ ကျားဖြန်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တာကြောင့်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မင်းအောင်လှိုင် ဖြုတ်ချရေးကို ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သတင်းတချို့က ဖော်ပြကြပါတယ်။

 

မြင့်လှိုင်တင်မက မင်းအောင်လှိုင်ခန့် ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကြံ့ဖွတ် နိုင်ငံတကာရေးရာ တာဝန်ခံ၊ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ပါ ဆက်လက်အဖမ်းခံရခြင်းအရ မင်းအောင်လှိုင်ဖြုတ်ချရေး အပြောအဆိုကြောင့် အဖမ်းခံရခြင်းသာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။

 

မင်းအောင်လှိုင်ကို စစ်တပ်တွင်း ဆန့်ကျင်မှုတွေ တိုးပွားနေတာက ကြာပါပြီ။ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးမှာ စခန်းရှုံး မြို့ပြုန်းရုံတင်မက လက်နက်ချစစ်သား အများအပြားထွက်ပေါ်ခဲ့ပြီးနောက် မဘသဘုန်းကြီး ပေါက်ကိုယ်တော်ဆိုသူက မင်းအောင်လှိုင် ကာချုပ်ရာထူးကနေ ဆင်းပေးဖို့ ဇန်နဝါရီ ၁၆ ရက်၊ ပြင်ဦးလွင်ဆန္ဒပြပွဲမှာ အတိအလင်းပြောကြားခဲ့ဖူးပါတယ်။ အဲဒီလိုပြောကြားချက်နဲ့ပတ်သက်ပြီး ပေါက်ကိုယ်တော်ကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ အာချောင်ရုံ အာချောင်တတ်ပြီး အဆိပ်မရှိတဲ့ ရေမြွေလေးတစ်ကောင်မို့ စည်းရုံးရေးအမြင်အရ ပြန်လွှတ်ပေးခဲ့ပုံရပါတယ်။

 

မြင့်လှိုင်နဲ့ အပေါင်းအပါတစ်စုက မင်းအောင်လှိုင် ဘာမှမတတ်လို့ အခုလို ဖြစ်နေတာလို့ ပေါက်ကွဲခဲ့ပုံရပြီး ကိုယ့်ဘဝကိုယ်မသိဘဲ ခြေဖဝါးချင်း လာတိုင်းတယ်လို့ထင်တဲ့ မင်းအောင်လှိုင်က မင်းအောင်လှိုင်ဘာလဲဆိုတာ သက်သေပြကာ ထောင်သံမံတလင်းပေါ် ခေါင်းအုံးအုံးခိုင်းလိုက်ခြင်းလို့ ထင်ရပါတယ်။ 

 

အခု မြင့်လှိုင်တို့ကျတော့လည်း မင်းအောင်လှိုင်ဖြုတ်ချရေးအတွက် အမှန်တကယ် ကြံစည်တဲ့အဆင့် ဟုတ်ဟန်မတူပါဘူး။ ပြောရရင် သူတို့သည်လည်း အာချောင်တဲ့အမှုပဲလို့ထင်ရပါတယ်။ သူတို့ချင်း တွေ့ ကြဆုံကြ သောက်စားကြတဲ့အချိန်မှာ အာချောင်တတ်တဲ့ မြင့်လှိုင်က မင်းအောင်လှိုင်ရဲ့ အသုံးမကျမှုတွေကြောင့် တိုက်တိုင်းရှုံးနေတဲ့ဘဝ ရောက်နေပုံကို ပေါက်ကွဲပြရင်း ဝင်အာချောင်သူတွေပါ တွဲလုံး ပါသွားခဲ့ပုံပါ။ ဒါပေမဲ့ အဲဒီအာချောင်သူတွေဟာ ပေါက်ကိုယ်တော်လို ငမျောက်ငခြောက်အဆင့် မဟုတ်တာကြောင့် နောက်ထပ်မီးပွားတွေ ထပ်မစင်လာစေရေးအတွက် မင်းအောင်လှိုင်အပြတ်ရှင်းခဲ့ပုံပါ။

 

မြန်မာစစ်ဗိုလ်ချုပ်တိုင်းရဲ့ တူညီတဲ့စိတ္တဇက ကိုယ့်လောက်ဘယ်သူမှ မတတ်ဘူးလို့ ထင်နေခြင်းနဲ့ ဘာမဆို ငါလုပ်တတ်တယ်ဆိုပြီး ဘဝင်ရူးရူးကြခြင်းပါပဲ။ အဲဒါကြောင့်လည်း မြင့်လှိုင်နဲ့ အပေါင်းအပါတစ်စုက မင်းအောင်လှိုင် ဘာမှမတတ်လို့ အခုလို ဖြစ်နေတာလို့ ပေါက်ကွဲခဲ့ပုံရပြီး ကိုယ့်ဘဝကိုယ်မသိဘဲ ခြေဖဝါးချင်း လာတိုင်းတယ်လို့ထင်တဲ့ မင်းအောင်လှိုင်က မင်းအောင်လှိုင်ဘာလဲဆိုတာ သက်သေပြကာ ထောင်သံမံတလင်းပေါ် ခေါင်းအုံးအုံးခိုင်းလိုက်ခြင်းလို့ ထင်ရပါတယ်။ ပြောရရင် မြင့်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကနေ အာဏာထပ်သိမ်းဖို့ ကြံစည်ခဲ့ရင်တောင် သူတို့ရဲ့အကျိုးစီးပွားအတွက် အာဏာထပ်သိမ်းခြင်းသာဖြစ်ပြီး ပြည်သူအတွက် ငါးပြားတစ်စေ့ မျှော်လင့်စရာမရှိတဲ့ အာဏာသိမ်းမှုသာ ဖြစ်ပါလိမ့်မယ်။

 

မင်းအောင်လှိုင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခါစက ငါတို့တပ်မတော်ကွလို့ ကြွေးကြော်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အခုအခါမှာတော့ မင်းအောင်လှိုင်အရှုံးကြောင့် ငါတို့ပါ ထောင်ထဲ ရောက်မလား၊ ငါတို့ မတရားအာဏာနဲ့ သိုက်တူးခဲ့တဲ့စည်းစိမ်တွေ ပျက်စီဆုံးရှုံးရတော့မှာလား ဆိုတဲ့ ခြောက်ခြားစိတ်နဲ့ မင်းအောင်လှိုင်ကို လက်ညှိုးငေါက်ငေါက်ထိုးနေပြီပဲ ဖြစ်ပါတယ်။ 

 

မြင့်လှိုင်နဲ့ အာချောင်သူတစ်စုဟာ မင်းအောင်လှိုင်အပေါ် မကျေနပ်လို့ ပေါက်ကွဲတာလား၊ အာဏာ သိမ်းဖို့ရာ ကြံစည်တာလားဆိုတာ အခုအချိန်ထိ မသဲကွဲသေးပေမဲ့ သေချာတာတစ်ခုက မင်းအောင်လှိုင်ရဲ့ အရှုံးကြောင့် သူတို့ဘဝတွေပါ ပျက်စီးတော့မှာလားဆိုတဲ့အတွေးမျိုး ဗိုလ်ချုပ်ဟောင်းတွေရဲ့ကြား နက်နက်ရှိုင်း ရှိုင်း ဝင်ရောက်နေပြီပဲဖြစ်ပါတယ် ။ မင်းအောင်လှိုင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခါစက ငါတို့တပ်မတော်ကွလို့ ကြွေးကြော်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အခုအခါမှာတော့ မင်းအောင်လှိုင်အရှုံးကြောင့် ငါတို့ပါ ထောင်ထဲ ရောက်မလား၊ ငါတို့ မတရားအာဏာနဲ့ သိုက်တူးခဲ့တဲ့စည်းစိမ်တွေ ပျက်စီဆုံးရှုံးရတော့မှာလား ဆိုတဲ့ ခြောက်ခြားစိတ်နဲ့ မင်းအောင်လှိုင်ကို လက်ညှိုးငေါက်ငေါက်ထိုးနေပြီပဲ ဖြစ်ပါတယ်။ တချို့က လက်ရဲဇက်ရဲ မင်းအောင်လှိုင်ကို ကြောက်လို့   အော်ကြီးဟစ်ကျယ် မဝေဖန်ရဲတာပဲ ရှိပါလိမ့်မယ်။ သေချာတာက အကျိုးစီးပွား မျှော်လင့်ချက်နဲ့ မင်းအောင်လှိုင်နား ကပ်ခဲ့ကြသူအားလုံး မင်းအောင်လှိုင်အပါးကနေ မသိမသာရော သိသိသာသာပါ ပြန်လည်ဆုတ်ခွာနေကြပြီပဲ ဖြစ်ပါတယ်။

 

ဒီအချိန်မှာ ငါတို့ မင်းအောင်လှိုင်ကွဆိုပြီး ပုံအောထောက်ခံမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေ မရှိသ လောက်ရှားနေလောက်ပြီပဲ ဖြစ်ပါတယ်။ မြင့်လှိုင်တို့လို သဘောထားတင်းမာတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တွေက  မင်းအောင်လှိုင်ကို ဖယ်ရှားကာ ငါတို့တိုက်ပြမယ်ဆိုပြီး စိတ်ကူးယဉ်နေပြီး နိုင်ငံရေးအမြင်ရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မင်းအောင်လှိုင်ကို ဖယ်ရှားပြီး တော်လှန်ရေးအင်အားစုတွေနဲ့  ညှိနှိုင်းကာ ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဝင်ကြဖို့ စိတ်ကူးယဉ်နေလောက်ပြီပဲဖြစ်ပါတယ်။

 

စိုးဝင်းသာ PDF ဒရုန်းမှန်ပြီး ဒုက္ခိတဘဝ ဒါမှမဟုတ် သေသွားခဲ့တယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ လမ်းပြမြေပုံဟာ လုံလုံခြုံခြုံနဲ့ ကိုယ်လွတ်ရုန်းပြေးနိုင်မယ့် လမ်းကြောင်း ရှာဖွေတဲ့အထိ နင့်နေမှာ သေချာပါတယ်။ 

 

ပါးနပ်တဲ့ စစ်ဗိုလ်ချုပ်တချို့ဆိုရင် ကျနော်တို့လည်း နွေဦးတော်လှန်ရေးမှာ တတ်နိုင်သလောက် ပါဝင်ခဲ့ကြောင်း တစ်ချိန်ချိန်မှာ ထုတ်ပြနိုင်ဖို့ NUG အစိုးရထံ နာမည်ဝှက်နဲ့ ငွေလျှို့ဝှက် လှူဒါန်းတာမျိုး တောင် လုပ်နေလောက်ပြီလားလို့ ဆက်တွေးနိုင်ပါမယ်။

 

စိုးဝင်းသာ PDF ဒရုန်းမှန်ပြီး ဒုက္ခိတဘဝ ဒါမှမဟုတ် သေသွားခဲ့တယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ လမ်း ပြမြေပုံဟာ လုံလုံခြုံခြုံနဲ့ ကိုယ်လွတ်ရုန်းပြေးနိုင်မယ့် လမ်းကြောင်း ရှာဖွေတဲ့အထိ နင့်နေမှာ သေချာပါတယ်။ သင်္ကြန်တွင်း မင်းအောင်လှိုင် ပြင်ဦးလွင်မှာ အငုပ်လာတည်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ စစ်တပ်နည်းပညာတက္ကသိုလ်နားတစ်ဝိုက် ရှော့တိုက်ဒုံး အလုံး ၄၀ လောက် ကျရောက်ခဲ့ခြင်းကလည်း ပြေးစရာမြေရှိသေးရဲ့လားလို့ မင်းအောင်လှိုင်တွေးတတ်အောင် တော်လှန်ရေးတပ်တွေက သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။

 

အရှုံးသမားကြီး မင်းအောင်လှိုင်ရဲ့ နောက်ဆုံးနေ့တွေ စတင်နေပြီပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ကြိုးစားပမ်းစားအာဏာသိမ်းမှုဟာ မြန်မာမြေပေါ်ကနေ စစ်အာဏာရှင်စနစ် လုံးဝပျောက်ကွယ်ရေးအတွက် ဖြစ်နေပါတော့တယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။