Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တထိတ်ထိတ် မြဝတီ (Opinion)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့၊ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲစတင်ပြီဆိုတော့ ကေအဲန်ယူ လာပြီဆို တဲ့ အသံ ပြည်သူတို့ကြား သောသောညံခဲ့ဖူးတယ်။ အဲဒီအချိန် ၁၀၂၇ စစ်ဆင်ရေးကလည်း အားကောင်းမောင်သန် ။ နွေဦးတော်လှန်ရေးဟာ ခုခံစစ်ကနေ ထိုးစစ်အဖြစ်သို့ ရုတ်ချည်း လှည့်ပြောင်း လိုက်နိုင်ရုံတင်မက စခန်းတွေသိမ်း၊မြို့တွေသိမ်းနဲ့ မင်းအောင်လှိုင်ရဲ့ ဂီလာနတပ်ဟာ တိုက်တာနဲ့ ရှုူံးလိုက်မယ်ဆိုတာချည်း။ အလင်း ဝင်စစ်သားတွေကလည်း အုံလိုက်ကျင်းလိုက်နဲ့ ရှမ်းမြောက်စစ်မျက်နှာမှာ ပြည်သူတို့ လက်သီးလက်မောင်း တန်းနေချိန်မို့ တောင်ပိုင်းမှာလည်း ကော့ကရိတ်မြို့ကိုသိမ်းတော့မှာလားလို့ ပြည်သူတွေ ရဲရဲမျှော်ခဲ့ဖူးတယ်။

 

၁ လကျော်အကြာ ကော့ကရိတ်မြို့တွင်း ဧရိယာအချို့ကို KNLA နဲ့ PDF တို့ ထိန်းချုပ်ထားနိုင်ပေမဲ့ နင် လားငါလား ရှေ့ဆက်တိုးနိုင်ခြင်းမရှိတာကြောင့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲဟာ မီဒီယာပလက်ဖောင်းပေါ်မှာတောင် သာမန်သတင်းအဆင့်သို့ လျှောကျသွားခဲ့တယ်။ 

 

ရက္ခိုင့်တပ်တော် AA ရဲ့ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဟာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပလက်ဝနဲ့ ရခိုင် ၅ မြို့ကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ကရင်ပြည်နယ်စစ်မျက်နှာအပေါ် အားမလိုအားမရစိတ်တွေ ပိုများလာကြတယ်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က စတင်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဟာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပလက်ဝနဲ့ ရခိုင် ၅ မြို့ကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ကရင်ပြည်နယ်စစ်မျက်နှာအပေါ် အားမလိုအားမရစိတ်တွေ ပိုများလာကြတယ်။

 

မတ်လ ၇ ရက်မှာတော့ ကချင်ပြည်နယ်မှာ ထိုးစစ်စတင်ပြီဖြစ်ကြောင်း ကေအိုင်အေ က ကြေညာကာ အရှိန်ပြင်းပြင်းနဲ့ စတင်လိုက်သလို ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ၁၀ မိုင်လောက်သာ ဝေးတဲ့ သင်္ဃန်းညီနောင်မှာလည်း KNLA နဲ့ PDF တို့က ထိုးစစ်စတင်လိုက်တယ်။ ဒါပေမဲ့၊ KNLA က ထိုးစစ်စတင်ကြောင်း မကြေညာဘဲ တိုက်တဲ့စစ်။

 

ကချင်ထိုးစစ်ကလည်း မြန်မြန်ဆန်ဆန်ပဲ စစ်တပ်စခန်းတွေကို ကြက်ကလေးဌက်ကလေး သိမ်းသလို သိမ်းပိုက်။ မတ်လထဲမှာပဲ သင်္ဃန်းညီနောင် ခမရ-၃၅၅ နဲ့ ခမရ-၃၅၆ တို့ကို KNLAနဲ့PDF တို့က သိမ်းပိုက်လိုက်နိုင်တာကြောင့် အစဉ်အလာကြီးခဲ့တဲ့ ကေအဲန်ယူပြန်လာပြီဆိုတဲ့အသံကို စတင်ကြားလာရတော့တယ်။

 

ကချင်မှာရော ကရင်မှာပါ တစ်ပြိုင်နက် ထိုးစစ်ဆင်ခြင်းမို့ ကေအိုင်အေနဲ့ ကေအဲန်ယူတို့ ချိတ်ဆက် ညှိနှိုင်း ထိုးစစ်ဆင်ခြင်းလို့ နားလည်မိကြတာကြောင့် ပြည်သူတို့ အာရုံစိုက်လာကြတယ်။ ကချင်ထိုးစစ်ကလည်း မြန်မြန်ဆန်ဆန်ပဲ စစ်တပ်စခန်းတွေကို ကြက်ကလေးဌက်ကလေး သိမ်းသလို သိမ်းပိုက်။ မတ်လထဲမှာပဲ သင်္ဃန်းညီနောင် ခမရ-၃၅၅ နဲ့ ခမရ-၃၅၆ တို့ကို KNLAနဲ့PDF တို့က သိမ်းပိုက်လိုက်နိုင်တာကြောင့် အစဉ်အလာကြီးခဲ့တဲ့ ကေအဲန်ယူပြန်လာပြီဆိုတဲ့အသံကို စတင်ကြားလာရတော့တယ်။

 

မတ်လ ၁၁ ရက်မှာ သောင်းရင်းမြစ်ဘေးက ဖလူးကြီးတပ်စခန်းကို KNLA၊ PDF က အလွယ်တကူသိမ်းပိုက်လိုက်တဲ့အချိန်မှာတော့ KNLA ရဲ့ ရည်ညွှန်းပစ်မှတ်ဟာ မြဝတီမြို့ကို သိမ်းဖို့ ဖြစ်ကြောင်း သေချာသွားခဲ့တယ်။ ဖလူးကြီးစခန်းဆိုတာက KNLA ၃၅ နှစ်ကြာ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်း။ ဖလူးကြီးရဲ့ ဟိုဘက် ဝေါ် လေမြို့မှာက စစ်တပ်ရှိနေဆဲ။ ဝေါ်လာက စစ်တပ် မြဝတီဘက် စစ်ကူမလာနိုင်အောင် ဖလူးကြီးစခန်းကနေ စောင့်တိုက်ဖို့ ဖလူးကြီးကို ကြိုတင်သိမ်းပိုက်လိုက်ခြင်းလို့ အကဲခတ်တချို့က ဆိုတယ်။

 

သင်္ဃန်းညီနောင် ခမရ-၃၅၇ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချ။ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင် စုစုပေါင်း ၆၀၀ ကျော်။ သိမ်းဆည်းရမိတဲ့လက်နက်ကြီး၊ လက်နက်ငယ် အောတိုက်။ KNLA အတွက် ခမ်းနားတဲ့ အောင်ပွဲတစ်ရပ်ကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်တယ်။

 

အခုဧပြီ ၅ ရက်မှာ သင်္ဃန်းညီနောင် ဗျူဟာကုန်းစခန်းကို KNLA နဲ့ PDF တို့က သိမ်းပိုက်ပြီးနောက် ဧ ပြီ ၆ ရက်မှာ သင်္ဃန်းညီနောင် ခမရ-၃၅၇ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချ။ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင် စုစုပေါင်း ၆၀၀ ကျော်။ သိမ်းဆည်းရမိတဲ့လက်နက်ကြီး၊လက်နက်ငယ် အောတိုက်။ KNLA အတွက် ခမ်းနားတဲ့ အောင်ပွဲတစ်ရပ်ကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်တယ်။

 

သင်္ဃန်းညီနောင် ပွဲပြီးသွားပြီဆိုတော့ မြဝတီမြို့ဆိုတာ တည်းတည်းလေးသာ ကျန်တော့တဲ့အခြေအနေ။ မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ ကတော့ KNLA ပူးပေါင်းတပ်ရဲ့  ဝိုင်းထားခြင်းခံလိုက်ရ။ ၂ ရက်တာ စဉ်းစားခန်းဝင်ပြီးနောက် အဆုံးစွန်လမ်းကို မြို့စောင့်တပ်က ရွေးချယ်။ ဧပြီ ၉ ရက် နေ့ခင်းအရောက်မြဝတီမြို့အဝင်မှာ တိုက်ပွဲစတင်တော့တယ်။

 

ငွေအမြောက်အမြားနဲ့ လူပုဂ္ဂိုလ်တချို့ကို လေယာဉ်နဲ့ သယ်ဆောင်သွားပြီးနောက် နောက်ထပ် လေယာဉ်တွေ ထပ်ဆိုက်မယ့်အစီအစဉ်တွေကို အကြောင်းပြချက်မဲ့ ဖျက်သိမ်းလိုက်တာကြောင့် မင်းအောင်လှိုင်ရဲ့ ထုံးစံအတိုင်း ဖြစ်ချင်ရာဖြစ်လမ်းကိုသာ ရွေးချယ်လိုက်တဲ့ပုံ။ 

 

ပထမ၊ အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တို့မှာ မဲဆောက်လေဆိပ်ကို လေယာဉ်စေလွှတ်ပြီး မြဝတီက သူတို့ရဲ့စစ်သားတွေနဲ့ အရပ်သားဝန်ထမ်းတွေကို လာခေါ်ခွင့်ပြုဖို့ ထိုင်းအစိုးရထံ တောင်းဆိုခဲ့တယ်။အဲဒီနောက် ဧပြီ ၇ ရက် ညပိုင်းက စစ်အုပ်စုလေယာဉ်တစ်စင်း မဲဆောက်လေဆိပ်ကိုထိုးဆိုက်လာ။ ငွေအမြောက်အမြားနဲ့ လူပုဂ္ဂိုလ်တချို့ကို လေယာဉ်နဲ့ သယ်ဆောင်သွားပြီးနောက် နောက်ထပ် လေယာဉ်တွေ ထပ်ဆိုက်မယ့်အစီအစဉ်တွေကို အကြောင်းပြချက်မဲ့ ဖျက်သိမ်းလိုက်တာကြောင့် မင်းအောင်လှိုင်ရဲ့ ထုံးစံအတိုင်း ဖြစ်ချင်ရာဖြစ်လမ်းကိုသာ ရွေးချယ်လိုက်တဲ့ပုံ။ (ဧပြီ ၈ ရက်နေ့၊ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က စစ်ကောင်စီအင်အားချိနဲ့လာပြီဖြစ်လို့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ အချိန်ကျပြီဖြစ်ကြောင်း ပြောကြားချက်အပေါ် မင်းအောင်လှိုင် မကျေနပ်တာကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။) 

 

စစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်း မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်နေပြီး အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေကြောင်း သတင်းတွေလည်း တက်လာတာကြောင့် မြဝတီမြို့ဟာ တွေးရင် တွေးသလောက် စိုးရိမ်ရေအမှတ်ကို ရောက်လာပါတယ်။အခုလည်း ဧပြီ ၉ ရက်၊နေ့ခင်းမှာ မြဝတီမြို့၊ စိမ်းလဲ့မြိုင် ကားဝင်းအနီးကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်။

 

လက်ရှိမှာ မြဝတီမြို့နဲ့ အနီးဆုံး စစ်တပ်အမြောက်ကုန်းက လေးကေ့ကော်မှာသာရှိပြီး ခွေးကုန်းလို့ ခေါ်တဲ့ အဲဒီအမြောက်ကုန်းကို KNLA ပူးပေါင်းတပ်က ဝိုင်းထားသလို ခွေးကုန်းကနေ လှမ်းပစ်လည်း မြဝတီမြို့ပေါ်ကိုတော့ ရောက်မယ်မထင်။ ဒါ့ကြောင့် မြဝတီတိုက်ပွဲမှာ စစ်တပ်အတွက် အားကိုးရာက လေကြောင်းတိုက်ခိုက်မှုတစ်ခုသာ ရှိမယ်လို့ ထင်ရပါတယ်။

 

ပြည်သူအားလုံးရဲ့ စိုးရိမ်ပူပန်မှုက မင်းအောင်လှိုင်ရဲ့ ထုံးစံအတိုင်း မစားရတဲ့အမဲသဲနဲ့ပက်ကာ အရပ်သားပစ်မှတ်တွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်၊ တစ်မြို့လုံးပျက်အောင် ဖျက်ဆီးပစ်မှာကိုပါပဲ။

 

ဧပြီ ၉ ရက်နေ့ခင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မြဝတီမြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြရ။ ထွက်ပြေးတိမ်းရှောင်သူတွေလည်း များလာကြောင်း သတင်းတွေက ဆိုပါတယ်။ ပြည်သူအားလုံးရဲ့ စိုးရိမ်ပူပန်မှုက မင်းအောင်လှိုင်ရဲ့ ထုံးစံအတိုင်း မစားရတဲ့အမဲသဲနဲ့ပက်ကာ အရပ်သားပစ်မှတ်တွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်၊ တစ်မြို့လုံးပျက်အောင် ဖျက်ဆီးပစ်မှာကိုပါပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်တပ်အတွက်တော့ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့  မြဝတီမြို့ ကို စွန့်လွှတ်ရတော့မယ့်အခြေအနေ။ ဝင်ငွေလည်း လျော့၊ သိက္ခာလည်း ကျ၊ တစ်မြို့လုံး ပျက်ချင်ရာပျက် ရအောင်ပြန်ယူမယ်ဆိုရင်လည်း ထိုင်းဘက် ပြုံကျလာမယ့် ဒုက္ခသည်တွေနဲ့  အာဆီယံက မသိချင်ယောင် ဆောင်နေလို့မရအောင် စစ်အုပ်စုဘာလဲဆိုတာ ဖော်ပြနေမှာ သေချာ။ ဒါပေမဲ့၊ မင်းအောင်လှိုင်ဆိုတာ မလုပ်ရဲ တာမရှိတဲ့ လမ်းဘေးလူမိုက်အထာမို့ မင်းအောင်လှိုင်ကို လျှော့တွက်လို့မရတာလည်း အမှန်။ ဒါ့ကြောင့် မြဝတီမြို့ရဲ့ မနက်ဖြန်နဲ့ သဘက်ခါကိုပင် မှန်းဆဖို့ စောနေဦးမယ်လို့ ထင်ရဲ့။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။