Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ငရဲလမ်း မင်းအောင်လှိုင် (Opinion)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းချောင်းရွာက အမျိုးသားတစ်ဦး စစ်မှုထမ်းဖို့ မဲနှိုက် အရွေးခံရပြီးနောက် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်တဲ့။ မတ်လ ၁၈ ရက် ဘီဘီစီသတင်းက ဖော်ပြတယ်။ မတ်လ ၁၇ ရက်၊ မနက်ပိုင်းက ပုသိမ်ဆေးရုံကြီးကို အဆိပ်သောက်လူနာ ရောက်ရှိလာပြီး ဆေးဝါးကုသမှုခံယူနေတယ်လို့လည်း သိရတယ်။ ဆိုလိုတာက အဆိပ်သောက်ပေမဲ့ အသက်မသေတဲ့ သဘော။

 

ကန်ကြီးထောင့်မြို့နယ်မှာက လူဦးရေအချိုးအစားအလိုက် တစ်ရွာကို လူဘယ်နှစ်ယောက်စစ်တပ်ထဲ ဝင်ရမယ်ဆိုပြီး သတ်မှတ်ကာ မဲနှိုက်ကြရ။ မဲပေါက်တဲ့ ကံဆိုးသူ မောင်ရှင်က စစ်တပ်ထဲ သွားအသေခံရမယ့် သဘော။ တချို့ရွာတွေက တစ်အိမ်ကို ၅၀၀၀၊ ၁၀၀၀၀ ထည့်ကာ စစ်တပ်ထဲဝင်မယ့်သူကို ထောက်ပံ့ကြရ။ ကျေးရွာအုပ်စုတစ်စုကို အနည်းဆုံး ၁၀ ဦး စစ်မှုထမ်းဖို့ လူရွေးပေးရတယ်လို့လည်း သိရ။ မတ်လ ၁၇ ရက်မှာ ကျေးရွာအားလုံး လူရွေးချယ်ပြီးစီးသွားခဲ့ပြီတဲ့။

 

ငါတို့ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ သားသမီးတွေကတော့ စစ်ထဲဝင်ပြီး အသေခံစရာမလို၊ ငါတို့ကို မထောက်ခံတဲ့ ပြည်သူတွေကိုသာ အငြိုးတကြီး ဒဏ်ခတ် အသေခံကြ ဆိုတာမျိုး။

 

မင်းအောင်လှိုင်တို့က ရှင်းတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လာရင် ကျောသားရင်သား မခွဲခြားရုံ တင်မက စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီဝင်တွေနဲ့ စစ်အုပ်စုဝင် ကြံ့ဖွတ်အီလစ်အသိုင်းအဝိုင်းတွေက ရှေ့ဆုံးကနေ စစ်မှုထမ်းပြမယ်ဆိုတာမျိုးမရှိ။ ငါတို့ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ သားသမီးတွေကတော့ စစ်ထဲဝင်ပြီး အသေခံစရာမလို၊ ငါတို့ကို မထောက်ခံတဲ့ ပြည်သူတွေကိုသာ အငြိုးတကြီး ဒဏ်ခတ် အသေခံကြ ဆိုတာမျိုး။

 

ဒါပေမဲ့၊ အောက်ခြေအဆင့် ကြံ့ဖွတ်နဲ့ စစ်အုပ်စုဝင်တွေကိုတော့ စာရင်းထဲထည့်ပြီး ချမ်းသာပေးပုံမပေါ်။ တလောက သတင်းတစ်ပုဒ်မှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ထဲရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သူ တို့ရဲ့အထက်ပိုင်းလူကြီးတွေက စစချင်းစစ်မှုထမ်းအသုတ်တွေထဲ စိတ်ချရတဲ့လူတွေသာ ရွေးထည့်ဖို့နှုတ်မိန့် ပေးသတဲ့။ ဟုတ်တော့ အဟုတ်သား။ လူရွေးပေးရတာက အုပ်ကြီးတွေဆိုတော့ သူတို့ ရွေးလွှတ်လိုက်တဲ့လူက စစ်တပ်ထဲကနေ ထွက်ပြေးတာတို့၊ ဖရဲသီးလုပ်တာတို့ဆိုရင် အုပ်ကြီးတွေကို ပြဿနာလာရှာနိုင်တယ်ဆိုတော့ သတိထား ရွေးချယ်မှ တန်ကာကျမယ့်ကိန်း။ အဲဒါကြောင့်လည်း အဲဒီချောင်းဆုံက ကြံ့ဖွတ်အသိုင်းအဝိုင်းဝင် လူငယ်တွေနဲ့ အရန်မီးသတ်တွေ မြန်မြန်ဆန်ဆန် သုတ်ခြေတင် ထွက်ပြေးကြသတဲ့။ ထားတော့။

 

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေ ဝရုန်းသုန်းကားဖြစ်ကြရတယ်။ စစ်တပ်ထဲမဝင်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ကြေကွဲဖွယ် အဖြစ်ဆိုးတွေကို ကြားလာရတယ်။

 

အခု မတ်လ ဒုတိယအပတ်ကစလို့ စစ်တပ်ထဲ အဓမ္မသွတ်သွင်းဖို့ လူစာရင်းကောက်တာတွေ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့တာတွေ၊ ရပ်ကွက်အလိုက် ရွာအလိုက် လူရွေးချယ်တာတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေ ဝရုန်းသုန်းကားဖြစ်ကြရတယ်။ စစ်တပ်ထဲမဝင်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ကြေကွဲဖွယ် အဖြစ်ဆိုးတွေကို ကြားလာရတယ်။

 

အဓမ္မစစ်မှုထမ်းဖို့ စစ်အုပ်စုက အလှမ်းကြီးလှတဲ့ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်တဲ့အချိန်မှာ အခုပဲ စစ်သင်တန်း အမြန်ပေးပြီး အခုပဲ စစ်တိုက်ခိုင်းခြင်းခံရတဲ့ စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ် တွေရဲ့ အလောင်းတွေကို ရခိုင်ပြည်နယ်၊ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေ သိမ်းပိုက်အပြီး တွေ့ရတယ် လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေ ပိုစိတ်သောကကြီးရ ပြန်ပါတယ်။

 

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေက မွတ်ဆလင်လူငယ်တွေကို စစ်တပ်က ပစ်မှတ်ထားကာ အဓမ္မ စစ်သင်တန်းပေးနေတာ ခိုင်လုံတဲ့သတင်းဖြစ်တယ်။ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်ဆလင်လူငယ်တွေကို အဓမ္မစစ်သင်တန်းပေးတဲ့အထောက်အထား ရုပ်သံဖိုင်ကို Myanmar Now သတင်း ဌာနက ဖော်ပြခဲ့တယ်။

 

ရခိုင်စစ်မျက်နှာမှာ စစ်တပ်က အကြီးအကျယ်စစ်ရှုံးနေပြီး စစ်သားတွေပြုတ်ပြုတ်ပြုန်းနေတာတွေ၊ မလုပ်ရဲတာဘာမှမရှိတဲ့ မင်း အောင်လှိုင်ရဲ့ လူမိုက်စရိုက်နဲ့ လက်တွေ့မှာလည်း လုပ်ချင်တာလုပ်နေတာတွေကြောင့် မယုံမရှိ ယုံကြရ။

 

ဆိုတော့ အခု AA ရဲ့ ထုတ်ပြန်ချက်မှာ မွတ်ဆလင်လူငယ်တွေရဲ့အလောင်း ဓာတ်ပုံတွေ မဖော်ပြထားပေမဲ့ ဒုက္ခသည်စခန်းက မွတ်ဆလင်လူငယ်တွေကို အဓမ္မစစ်သင်တန်းပေးခဲ့တာတွေ၊ ရခိုင်စစ်မျက်နှာမှာ စစ်တပ်က အကြီးအကျယ်စစ်ရှုံးနေပြီး စစ်သားတွေပြုတ်ပြုတ်ပြုန်းနေတာတွေ၊ မလုပ်ရဲတာဘာမှမရှိတဲ့ မင်း အောင်လှိုင်ရဲ့ လူမိုက်စရိုက်နဲ့ လက်တွေ့မှာလည်း လုပ်ချင်တာလုပ်နေတာတွေကြောင့် မယုံမရှိ ယုံကြရ။

 

အခုအဲဒီဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေမထွက်ပေါ်လာသေးတဲ့အချိန်မှာပဲ စစ်မှုထမ်းဆင့်ခေါ်စာတွေထုတ်၊ လူရွေးချယ်မှုတွေ လုပ်နေတာကြောင့် မြန်မြန်စစ်ထဲသွင်း၊ မြန်မြန်စစ်သင်တန်းပေးပြီး မြန်မြန်ရှေ့ တန်းပို့မယ်လို့လည်း မှန်းဆနိုင်ပါတယ်။

 

''နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေ မရှိသေးဘဲ စစ်မှုထမ်းစာရင်းများကို ထင်မြင်သလို ကောက်နေခြင်းသည် ဥပဒေမဲ့လုပ်ရပ်များသာဖြစ်သည်”

 

တချို့က နည်းဥပဒေ ပြဌာန်းခြင်းမရှိသေးဘဲ ဆင့်ခေါ်စာထုတ်၊ လူရွေးချယ်မှုလုပ်နေတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဆိုကြတယ်။ ရှေ့နေကြီးဦးကြီးမြင့်ဆိုရင် “နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေ မရှိသေးဘဲ စစ်မှုထမ်းစာရင်းများကို ထင်မြင်သလို ကောက်နေခြင်းသည် ဥပဒေမဲ့လုပ်ရပ်များသာဖြစ်သည်”လို့ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားတာတွေ့ရပါတယ်။

 

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း လမ်းကြောင်းပေါ်  ယုံကြည်စွာလျှောက်လှမ်းနေတဲ့ ပြည်သူပါတီကလည်း မူရင်းပြဌာန်းဥပဒေ (စစ်မှုထမ်းဥပဒေ)အရ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဟာ စစ်မှုထမ်းရမယ့်စာရင်းပေးပို့ ဖို့သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်နဲ့ ပယ်ဖျက်ခွင့်မရှိ။ အများပြည်သူ စိုးရိမ်ပူပန်စိတ် လျော့ပါးစေရေးအ တွက် နိုင်ငံတစ်ဝန်း တစ်ပြေးညီကျင့်သုံးမယ့် နည်းဥပဒေညွှန်ကြားချက်တွေကို တိကျသေချာစွာ ထုတ်ပြန် ပေးဖို့နဲ့ ဥပဒေကို ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေသူတွေအပေါ် တားမြစ်အရေးယူပေးဖို့ လိုအပ်မယ်လို့ မတ်လ ၁၉ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။

 

ဥပဒေမဲ့အာဏာသိမ်းကာ နေ့စဉ်နဲ့အမျှ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဥပဒေနဲ့ညီ၊ မညီ တိုင်းထွာနေခြင်းဟာ အသားသာစားတဲ့ကျားကို အသား စားရကောင်းမလားဆိုပြီး ရန်ရှာနေခြင်းနဲ့ မခြားပါဘူး။ 

 

တကယ်တော့ ဥပဒေမဲ့အာဏာသိမ်းကာ နေ့စဉ်နဲ့အမျှ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဥပဒေနဲ့ညီ၊ မညီ တိုင်းထွာနေခြင်းဟာ အသားသာစားတဲ့ကျားကို အသား စားရကောင်းမလားဆိုပြီး ရန်ရှာနေခြင်းနဲ့ မခြားပါဘူး။ အာဏာသိမ်းထားတာကို ဥပဒေမဲ့ တရားမဝင်မှုလို့ လက်ခံထားတယ်ဆိုရင် အာဏာသိမ်းစစ်အုပ်စုက ဘာလုပ်လုပ် တရားမဝင်ပါဘူး။

 

ပြည်သူ့ပါတီဆိုရင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို မင်းအောင်လှိုင်ပြောဆိုနေတဲ့အတိုင်း အာ ဏာသိမ်းတာ မဟုတ်ဘူးလို့ ကိုယ့်နိုင်ငံရေးအသိကိုယ် မုဒိမ်းကျင့်ကာ စုံမှိတ်လက်ခံထားတာပါ။ ဒါ့ကြောင့် စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ပြဌာန်းခွင့်ရှိတယ်လို့ မှတ်ယူထားကာ ဥပဒေနဲ့အညီလုပ်ဆောင်ဖို့ ပြည်သူဘက် က ရပ်တည်သယောင် ထုတ်ပြန်ထား ခြင်းသာဖြစ်ပါတယ်။

 

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရမယ့်လူတွေကို ရွေးချယ်၊ အတည်ပြု ပယ်ဖျက်ခွင့် မရှိဘူးလို့ ဥပဒေကြီးကို ကိုင်ကာ သွားပြောမယ်ဆိုရင် ပြောတဲ့သူဟာ နောက်တစ်ရက် မိုးမလင်းသေးခင်မှာ စစ်တပ်ထဲ ရောက်သွားနိုင်ပါတယ်။

 

စစ်အုပ်စုဟာ တရားမဝင်ဘူးလို့ပဲပြောပြော၊ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခွင့်မရှိဘူးလို့ပဲဆိုဆို စစ် အုပ်စုကတော့ သူလုပ်ချင်တာကို မရမက ဆက်လုပ်သွားမှာကတော့ သေချာနေပါတယ်။ ဥပဒေဆိုတာ စစ်အုပ်စုအတွက် မကောင်းတတ်လို့ ထုတ်ပြန်တဲ့အရာမျိုးဖြစ်သလို စစ်အုပ်စုယန္တရားရဲ့ သန္ဓေဆိုးကလည်း ဥပဒေတစ်ရပ်ထုတ်ပြန်ခြင်းဟာ အဲဒီဥပဒေအပေါ် အကြောင်းပြုကာ နိုင်စား ဖိနှိပ်ဖို့နဲ့ စားပေါက်ထွင်ဖို့ဖြစ်တာကြောင့် ပြည်သူတွေ စိတ်သောက ပိုကြီးကြရဦးမှာပါ။

 

ဒါကြောင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရမယ့်လူတွေကို ရွေးချယ်၊ အတည်ပြု ပယ်ဖျက်ခွင့် မရှိဘူးလို့ ဥပဒေကြီးကို ကိုင်ကာ သွားပြောမယ်ဆိုရင် ပြောတဲ့သူဟာ နောက်တစ်ရက် မိုးမလင်းသေးခင်မှာ စစ်တပ်ထဲ ရောက်သွားနိုင်ပါတယ်။

 

စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိသူ လူငယ်တွေဟာ နေအိမ်မှာ မရှိခဲ့ရင် မိသားစုဝင်တွေက ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရမှာဖြစ်ပြီး မခိုင်လုံခဲ့ရင် အဲဒီလူငယ်ကို တရားခံပြေးအဖြစ် သတ်မှတ်မယ်လို့ သတင်းတချို့က ဆိုပါတယ်။

 

စစ်တပ်ထဲရောက်သွားတဲ့လူငယ်တွေကို မသေထမင်း မသေဟင်းကျွေး၊ ဖိနှိပ်ရက်စက်ခြင်း များစွာတင်မက စစ်တပ်ဝင်းထဲ ထောင်သားတွေပမာ စည်းကမ်းသတ်မှတ်ချက်များစွာနဲ့ ပိတ်လှောင်ထားတာတွေ၊ တိုက်ပွဲတွေမှာ ရှေ့တွန်းလွှတ် အသေခံခိုင်းတာတွေနဲ့ ဒုက္ခပင်လယ်ဝေကြရဦးမှာပါပဲ။

 

ဒါ့ကြောင့် အိမ်မှာမရှိတဲ့လူငယ်၊ အိမ်မှာမရှိခြင်းအကြောင်း အကြောင်းပြချက်လည်း မခိုင်လုံဘူးလို့ အောက်ခြေစစ်အုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သတ်မှတ်လိုက်မယ်ဆိုရင် ပြဿနာတွေက ချဲ့ရင်ချဲ့သလောက် ကြီးသွားနိုင်ပါတယ်။ ခိုင်လုံတယ်၊ မခိုင်လုံဘူးဆိုတာ အောက်ခြေစစ်အုပ်စုဝင်တွေရဲ့ ပါးစပ်ထဲရှိနေတာမို့ စိတ်ကြိုက်ရန်ရှာခွင့်နဲ့ ပိုက်ဆံတောင်းခွင့်လိုင်စင် ထုတ်ပေးလိုက်သလိုပါပဲ။

 

နောက်ပိုင်းမှာ ဆင့်ခေါ်စာပို့လိုက်ပေမဲ့ ရောက်မလာတဲ့လူငယ်တွေနဲ့ အပြီးအပြတ်တိမ်းရှောင်သွားတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး ကျန်ခဲ့တဲ့မိသားစုတွေအပေါ် ခြိမ်းခြောက်တာ ဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေ၊ စစ်တပ်ထဲရောက်သွားတဲ့လူငယ်တွေကို မသေထမင်း မသေဟင်းကျွေး၊ ဖိနှိပ်ရက်စက်ခြင်း များစွာတင်မက စစ်တပ်ဝင်းထဲ ထောင်သားတွေပမာ စည်းကမ်းသတ်မှတ်ချက်များစွာနဲ့ ပိတ်လှောင်ထားတာတွေ၊ တိုက်ပွဲတွေမှာ ရှေ့တွန်းလွှတ် အသေခံခိုင်းတာတွေနဲ့ ဒုက္ခပင်လယ်ဝေကြရဦးမှာပါပဲ။

            

မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ပြည်သူတို့ရဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ခြင်း ခံရတဲ့စစ်အုပ်စုဟာ အခု အဓမ္မစစ်ထဲသွင်းခြင်းနည်းနဲ့ ပြန်လက်စားချေလိုက်ခြင်းဖြစ်ပြီး ပြည်သူတွေအတွက် အပြင်းထန်ဆုံးနဲ့ အခက်ခဲဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်ပါတယ်။လောလောဆယ်မှာ အဲဒီစိန်ခေါ်မှုကြီးအောက်ကနေ လူငယ်တိုင်း ရုန်းထွက်နိုင်ဖို့လည်း မဖြစ်နိုင်သေးတာကြောင့် ဒီငရဲတွင်းထဲ ကိုယ့်အခြေအနေအပေါ်မူ နည်ကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိမ္မာပါးနပ်ကြရပါမယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။