Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သေလမ်းကလွဲ အခြားမရှိ (Opinion)

ဧပြီ ၁ ရက်မှာ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားဈေး ၄၅ သိန်းကျော်သွားခြင်းကို April Fool လုပ်နေတာပါလို့  နေပြည်တော် ကျည်လုံမှန်ခန်းထဲ လေလုံးထွားနေတဲ့ စစ်ဗိုလ်ချုပ်တွေက အတည်ပေါက် တွေးလိုက်မှာ သေချာတယ်။ အခေါက်ရွှေဈေး ၄၅ သိန်းကျော်။ အမေရိကန် တစ်ဒေါ်လာပေါက်ဈေးက ၃၈၈၀ ဝန်းကျင်ဆိုတော့ ဒေါ်လာပေါက်ဈေးက ၃ ထိပ်စည်းကနေ ၄ ထိပ်စည်းပြောင်းဖို့ပင် သိပ်မလိုတော့။

 

အခေါက်ရွှေဈေးက မတ်လ ၁၂ ရက်မှာ ၃ ထိပ်စည်းကနေ ၄ ထိပ်စည်းသို့ပြောင်းကာ သိန်း ၄၀ ကို စတင် ကျော်ခဲ့တယ်။ အခုဆို ရက်ပိုင်းအတွင်း ၄၅ သိန်းကျော်သွားလေတော့ နောက်ထပ် ၁ လမကြာခင် ၅ ထိပ်စည်းလည်း ပြောင်းသွားနိုင်တာပဲ မဟုတ်လား။

 

တိုင်းပြည်စီးပွားက ကျရုံတင်မက ပျက်ပါပျက်နေတယ်။ ကျပ်ငွေတန်ဖိုး ဇောက်ထိုးဆင်းနေတယ်။

 

ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ဘာ့ကြောင့် တလူလူတက်နေတာလဲ။ ရွှေဈေး၊ ဒေါ်လာဈေးနဲ့ အပြိုင် ကုန် ဈေးနှုန်းတွေ ဘာ့ကြောင့် တလူလူတက်နေတာလဲ။ တိုင်းပြည်စီးပွားက ကျရုံတင်မက ပျက်ပါပျက်နေတယ်။ ကျပ်ငွေတန်ဖိုး ဇောက်ထိုးဆင်းနေတယ်။ဒါ့ကြောင့် ရွှေဈေးနဲ့ဒေါ်လာဈေး တလူလူတက်နေတယ်ဆိုတာ စီး ပွားရေးပညာတွေဘာတွေ တတ်မြောက်စရာမလိုဘဲ သာမန်ပြည်သူတိုင်းက ဘဝနဲ့ရင်းပြီး အလွယ်တကူ သိရှိပြီးသားကိစ္စပါ။

 

ပြဿနာက သာမန်ပြည်သူတိုင်း အလွယ်တကူသိနေတဲ့ကိစ္စကို သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်က မသိတာပါပဲ။ မတ်လ ၁၈ ရက်မှာ ရုရှားမီဒီယာ (ITAR-TASS Media)နဲ့ မင်းအောင် လှိုင်တွေ့ဆုံ မှုဆိုပြီး MRTV က ထုတ်လွှင့်တယ်။ အဲဒီတွေ့ဆုံခန်းမှာ မင်းအောင်လှိုင်က တိုင်းပြည်စီးပွားရေးဟာ ၂၀၁၈ ခုနှစ် လောက်ကတည်း NLD အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ကျဆင်းနေတယ်။ အဲဒီလို စီးပွားရေးကျ ဆင်းနေမှုကို  ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နဲ့  ၂၀၂၃ ခုနှစ်တို့မှာ ကြိုးစားရုန်းကန်ခဲ့တာကြောင့် တောက်လျှောက် ဆိုသလို စီးပွားရေးပြန်လည် ဦးမော့လာတယ်တဲ့။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ မစမီ NLD အစိုးရလက်ထက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းသာ ရှိခဲ့ပေမဲ့ မင်းအောင်လှိုင်က အဲဒီလိုပြောရဲခဲ့တယ်။ လုံးဝကို အတည်ပေါက်ရုပ်ကြီးနဲ့ အဲဒီလို ပြောချလိုက်တာမှ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ပြောနေသလိုမျိုး။ အဲဒီ တွေ့ဆုံခန်းကိုသာ ပြည်သူတွေ ကြည့်မိကြရင် ဆဲတဲ့သူ ဆဲ၊ ရယ်တဲ့သူရယ်နဲ့ တစ်တိုင်းပြည်လုံး သောသောညံ လိုက်မယ်ဖြစ်ခြင်း။

 

မင်းအောင်လှိုင်ရုပ်က အတည်ပေါက်လျှောက်လိမ်တာတော့ ဟုတ်ပုံမပေါ်ဘူး။ လိမ်တာထက် ပိုဆိုးတဲ့ စစ်ဗိုလ်ချုပ်တို့ရဲ့  ဉာဏ်ရည်ချို့တဲ့မှုပြဿနာ။

 

ဒါပေမယ့် မင်းအောင်လှိုင်ရုပ်က အတည်ပေါက်လျှောက်လိမ်တာတော့ ဟုတ်ပုံမပေါ်ဘူး။ လိမ်တာထက် ပိုဆိုးတဲ့ စစ်ဗိုလ်ချုပ်တို့ရဲ့ ဉာဏ်ရည်ချို့တဲ့မှုပြဿနာ။ တိုင်းပြည်စီးပွားရေး တိုးတက်လာနေတယ်လို့ကို သူတို့ အောက်ကလူတွေ တင်ပြတဲ့ ကိန်းဂဏန်းတွေကြည့်ပြီး ယုံကြည်နေတဲ့ ပြဿနာ။

 

စစ်ဗိုလ်ချုပ်တွေရဲ့ ယုံကြည်မှုမှာ  ၂ မျိုးတော့ရှိပါတယ်။ ပထမတစ်မျိုးက ရိုးရိုးသားသားကို ဘဝင်မြင့်ပြီး ကျပ်မပြည့်တာကြောင့် အောက်ကလူတွေ ပြောသမျှ ယုံကြည်ခြင်းပါ။ နောက်တစ်မျိုးကတော့ အောက်က လူတွေ တင်ပြတာကို မယုံကြည်ပေမဲ့ ဘဝင်ကလည်းမြင့်၊ ဘာမှလည်း မလုပ်တတ်မကိုင်တတ်ဆိုတော့ မယုံ ပေမဲ့ ယုံကြည်ချင်ယောင်ဆောင် ရင်းနဲ့ လုံးဝယုံကြည်သွားတဲ့ ပြဿနာပါ။

 

ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူက သမ္မတရူး ရူးပြီး နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်ချင်နေတော့ ခွေးမဖင်က မွေးလာမယ့် ကလေးကို လူချောလူလှလေးတစ်ယောက် ထွက်လာပါစေလို့ ဆုတောင်းနေသလိုမျိုး။

 

အဲဒီလို ကျပ်မပြည့်တဲ့ စစ်ဗိုလ်ချုပ်တွေက သူများကိုသာ လက်ညှိုးထိုးအပြစ်ရှာတတ်ပြီး ကိုယ့်ကိုယ် ကိုယ်ကျ ဘာမဆိုတတ်၊ ဘာမဆို လက်နဲ့ထိသမျှ ရွှေဖြစ်သွားတာချည်းလို့ ယုံကြည်နေကြလေတော့ အခု လည်း ကြည့်လေ၊ မင်းအောင်လှိုင်ဆိုတဲ့ကောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်တာတောင် NLD အစိုးရကို လက် ညှိုးထိုး၊ ဒင်းတို့ စီမံခန့်ခွဲမှု အားနည်းလို့ စီးပွားရေးကျတာကို အင်မတန်တော်တဲ့သူတို့စစ်အုပ်စုက အသဲအသန် ရုန်းကန်ကာ စီးပွားရေး ပြန်လည်ဦးမော့စေသတဲ့။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူက သမ္မတရူး ရူးပြီး နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်ချင်နေတော့ ခွေးမဖင်က မွေးလာမယ့် ကလေးကို လူချောလူလှလေးတစ်ယောက် ထွက်လာပါစေလို့ ဆုတောင်းနေသလိုမျိုး။

 

မတ်လ ၂၇ ရက်နေ့ ရောက်တော့လည်း စစ်ရေးပြပွဲမှာ မင်းအောင်လှိုင် အော်ဟစ်ကြိမ်းမောင်းပြန်တယ်။ တစ်သက်တာ မနက်ခင်းစောစော ပြုလုပ်နေကျ မတ်လ ၂၇ ရက် စစ်ရေးပြပွဲကို အခုကျတော့ ရာသီဥတု အ ကြောင်းပြကာ ညနေခင်းဘက် ရွှေ့ ပြုလုပ်။ အများက စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ဉာဏ်ရည်လည်း ချိနဲ့ နဲ့မို့ ထုံးစံအတိုင်း ယတြာချေတာလို့ ပြောကြဆိုကြတယ်။ မင်းအောင်လှိုင်ရဲ့ မတ် ၂၇ ရက် မှောင်ရိပ်ခိုကာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းမယ်လို့ဆိုရဲ့။

 

စိန်လုံတပ်စခန်းကို သိမ်းလိုက်နိုင်တာကြောင့် မိုင်ဂျာယန်မြို့ဟာ စစ်တပ်ရဲ့လက်နက်ကြီးရန် ကင်းသွားပြီဖြစ်သလို ဗန်းမော်၊ မံစီ၊ မိုးမောက်နဲ့ လွယ်ဂျယ်မြို့ကိုလည်း ကေအိုင်အေ က ကောင်းကောင်းခြိမ်းခြောက်နိုင်ပြီလို့ သိရပါတယ်။

 

မင်းအောင်လှိုင် အဲဒီလို အော်ဟစ် စိတ်ကူးယဉ်နေတဲ့အချိန် မတ်လ ၂၇ ရက်မှာပဲ ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်ရှိ ၃၉ နှစ်ကြာ စစ်တပ်တပ်စွဲထားတဲ့ ယောယုံစခန်းအပါအဝင် စခန်း ၆ ခုကို ကေအိုင် အေနဲ့ မဟာမိတ်တွေ သိမ်းပိုက်။ မတ်လ ၇ ရက်က စတင်လိုက်တဲ့ ကေအိုင်အေနဲ့ မဟာမိတ်တို့ရဲ့ အရှိန်ပြင်းတဲ့ ထိုးစစ်ဟာ တပ်ရင်းတွေအပါ စခန်းကြီးငယ် ၅၀ ကျော်ကို ၃ ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သလို ဧ ပြီ ၁ ရက်မှာ နှစ်ပေါင်း ၆၀ ကျော် စစ်တပ်အထိုင်ချထားတဲ့ စိန်လုံတပ်စခန်းကြီးကိုလည်း ကေအိုင်အေက သိမ်းပိုက်လိုက်ပြန်ပါတယ်။ စိန်လုံတပ်စခန်းကို သိမ်းလိုက်နိုင်တာကြောင့် မိုင်ဂျာယန်မြို့ဟာ စစ်တပ်ရဲ့လက်နက်ကြီးရန် ကင်းသွားပြီဖြစ်သလို ဗန်းမော်၊ မံစီ၊ မိုးမောက်နဲ့ လွယ်ဂျယ်မြို့ကိုလည်း ကေအိုင်အေ က ကောင်းကောင်းခြိမ်းခြောက်နိုင်ပြီလို့ သိရပါတယ်။

 

မြန်မာနိုင်ငံအောက်ပိုင်းကို ကြည့်လိုက်တော့လည်း မတ်လ ၂၇ ရက်မှာပဲ ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်။ မင်းအောင်လှိုင်ကတော့ မင်းအောင်လှိုင်စတိုင်အတိုင်း တကယ့်မြေပြင်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း သိနိုင်စွမ်းတဲ့ ဉာဏ်ရည်မရှိလေတော့ လက်သီးလက်မောင်းတန်းမပျက်။

 

အရင်နှစ် မတ်လ ၂၇ ရက်တွေတုန်းကလည်း PDF တွေကို လုံးဝရှင်းပစ်မယ်။ စစ်အုပ်စုကို တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း လုံးဝချေမှုန်းပစ်မယ်ဆိုတာမျိုး ကြုံးဝါးခဲ့ဖူးပြီး အဲဒီလို ကြိမ်းမောင်းရင်းနဲ့ပဲ ရှမ်းမြောက်ဒေသက ညီနောင် ၃ ဖွဲ့ သိမ်းထားတဲ့ မြို့ပေါင်း ၁၇ မြို့ကို ပြန်သိမ်းဖို့မပြောနဲ့၊ တပ်စခန်းတစ်ခုတလေကိုတောင် စစ်တပ်က ပြန်သိမ်းနိုင်ခြင်းမရှိသေးပါဘူး။ အခု AA သိမ်းပိုက်ထားတဲ့ ချင်း ပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ဒေသ မြို့  ၈ မြို့တို့ကို စစ်တပ်က မျက်စောင်းတောင် မထိုးဝံ့နိုင်တာ အထင်အ ရှားပါပဲ။

 

သေနတ်ကို သေနတ်ချင်း ယှဉ်ပစ်တိုင်း အရှုံးကြီးရှုံးနေတဲ့ စစ်တပ်က ဒေါင်းတင်မောင်းတင် လုပ်နိုင်တာက သူရဲဘောကြောင်ကာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသာ ရှိပါတယ်။

 

သေနတ်ကို သေနတ်ချင်း ယှဉ်ပစ်တိုင်း အရှုံးကြီးရှုံးနေတဲ့ စစ်တပ်က ဒေါင်းတင်မောင်းတင် လုပ်နိုင်တာက သူရဲဘောကြောင်ကာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသာ ရှိပါတယ်။ မင်းအောင်လှိုင် ရဲရဲတောက် မိန့်ခွန်းတွေချွေနေတဲ့ မတ်လ ၂၇ ရက်မှာ ဂီလာနတပ်က  သံဖြူဇရပ် မြို့နယ်၊ ဓမ္မသရွာကို လေယာဉ်နဲ့ ဗုံးနဲ့ကြဲ၊ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ အကြောင်းမဲ့ လှမ်းပစ်ခဲ့ရုံတင်မက မီးငြှိမ်းသတ်ဖို့ လာတဲ့ မီးသတ်ကားတွေကို စစ်တပ်က လမ်းပိတ်ထားတဲ့အထိ ပြတ်ပြတ်သားသား သူရဲဘောကြောင်ပြခဲ့ပါတယ်။ မတ်လ ၂၇ နဲ့  ၂၈ ရက်  ၂ ရက်တာ တိုက်ခိုက်မှုကြောင့် အိမ်ခြေထောင်ချီရှိတဲ့ ဓမ္မသရွာဟာ ရာခိုင်နှုန်း ၉၀ လောက် ပျက်စီးခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

 

မတ်လ ၃၁ ရက်မှာလည်း KNLA သိမ်းပိုက်ထားတဲ့ ဖာပွန်မြို့တွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ ပြန်ပါတယ်။ ပြောရရင် မင်းအောင်လှိုင်ဟာ မတ် ၂၇ ရက် စစ်ရေးပြပွဲမှာ လေကြီးမိုးကြီးတွေ ပြောကြားခဲ့ပြီး တကယ့်တကယ် ပြန်လည် တုံ့ပြန်နိုင်တာက ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဆိုတဲ့ သူရဲဘောကြောင်ခြင်းသာ ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ ဂီလာနတပ်ဟာ တော်လှန်ရေး တပ်တွေဆီကလာတဲ့ သေနတ်သံကြားရင်ကို စိတ်ခြောက်ခြားနေပြီဖြစ်သလို အခြေအနေမဟန်တာနဲ့ အရှုံးပေးဖို့ရာ အဆင်သင့်ဖြစ်နေပြီမို့ အဲဒီစိတ္တဇကို တစ်ပွဲတိုးနည်းတွေနဲ့ အမြန်ပျောက်အောင် ကုလို့မရပါဘူး။

 

၁၀၂၇ စစ်ဆင်ရေးကစလို့ တောက်လျှောက်ဆိုသလို အရှုံးကြီးရှုံးကာ သွေးလေခြောက်ခြားနေတဲ့ ဂီ လာနတပ်ကို လေကြီးလေကျယ်တွေနဲ့ ပြန်လည်ကုစားလို့မရတာသေချာပေမဲ့ မင်းအောင်လှိုင်လုပ်နိုင်တာကလည်း လေကြီးလေကျယ်ပြောတတ်တာ တစ်ခုတည်းပါပဲ။ မင်းအောင်လှိုင်ရဲ့ ဂီလာနတပ်ဟာ တော်လှန်ရေး တပ်တွေဆီကလာတဲ့ သေနတ်သံကြားရင်ကို စိတ်ခြောက်ခြားနေပြီဖြစ်သလို အခြေအနေမဟန်တာနဲ့ အရှုံးပေးဖို့ရာ အဆင်သင့်ဖြစ်နေပြီမို့ အဲဒီစိတ္တဇကို တစ်ပွဲတိုးနည်းတွေနဲ့ အမြန်ပျောက်အောင် ကုလို့မရပါဘူး။

 

မင်းအောင်လှိုင်နဲ့ လက်တစ်ဆုပ် စစ်ဗိုလ်ချုပ်တို့ လှမ်းစရာက  သေလမ်းကလွဲ တခြားမရှိတော့ ပါဘူး။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။