Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီ ခမရ ၉ တပ်ရင်းမှ သထုံမြို့နယ် ကျေးရွာများထဲသို့ လက်နက်ကြီးနဲ့ ပစ်ခတ်၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခမရ ၉ တပ်ရင်းမှ သထုံမြို့နယ်ရှိ ကျေးရွာများထဲသို့ မတ်လ ၃၀ ရက်နေ့ ည ၆ နာရီဝန်းကျင်မှာ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ရွာ အတွင်း လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲပြီး အသက် (၁၆)နှစ်ရှိ စောနေလင်း(ကျောကုန်းဒဏ်ရာ)၊ အသက် (၁၃)နှစ်ရှိ စောဖြိုးဖြိုး(ညာဘက်ပေါင်ဒဏ်ရာ)၊ အသက် (၅၆)နှစ်ရှိ ဦးမောင်ထွေး(ညာဘက် တင်ပါးရှပ်ထိဒဏ်ရာ)များ ရရှိခဲ့ပြီးဦးမောင်ထွေးရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

 

အလားတူ ခမရ ၉ တပ်ရင်းမှ မတ်လ ၂၇ ရက်နေ့ ည ၂ နာရီခန့်မှာ လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် သထုံမြို့နယ် ထို့ကော်ကျိုးကျေးရွာသား အသက် (၅၄)နှစ်ရှိ နော်နောရီရဲ့ ညာဘက်နောက်ကျောအား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

ဆက်လက်ပြီး မတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ၎င်းတပ်ရင်းမှပင် လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ သထုံမြို့နယ် ထုံးဘိုလေးရွာသား အသက် (၅၇)နှစ်ရှိ တီးပန်းစိန်(ဘယ်ဘက်​ခြေချင်းဝတ်၊ နောက်ကျော)နဲ့ အသက် (၂၃)နှစ်ရှိ နော်ချောတခု(ဘယ်ဘက် ခြေသလုံး၊ ဘယ်ဘက်ဒူးခေါင်း) တို့ကို လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးသထူခရိုင်က သတင်းမှာ ဖော်ပြပါတယ်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများမှ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများထဲသို့ လက်နက်ကြီးများနဲ့ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် သထုံမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများ ထိတ်လ​န့် စိုးရိမ်ကာ မကြာခဏ အိုးအိမ်စွန့်ခွါ တိမ်းရှောင် နေကြရတယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းတာဝန်ခံမှ ပြောဆိုကြောင်း KNU ဒူးသထူခရိုင်က သတင်းမှာ ဖော်ပြပါတယ်။

 

ဓာတ်ပုံ - စစ်ကောင်စီ တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှု (source: KNU ဒူးသထူခရိုင်)

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။