Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၉ နဲ့ စစန ၆၄၂ တပ်ရင်းတို့ကို KNLA / PDF ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၉ ​တပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်းတပ်ရင်း(စစန)  ၆၄၂ တို့ကို  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) နဲ့ PDF တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

 

ဖာပွန်မြို့ကို KNLA/PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စတင်ပြီး ဝိုင်းရံ ပိတ်ဆို့ထားပြီး ဖာပွန်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို ဆုတ်ခွါပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

 

ဒါကြောင့် ဖာပွန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းတွေဟာ မတ်လ ၂၈ ရက်နေ့မှာ မြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီ ဗျူဟာစခန်းနဲ့ တပ်ရင်းတွေထဲကို ဆုတ်ခွါ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၉ နဲ့ စစန ၆၄၂ တပ်ရင်းတွေကို မနေ့က မတ်လ ၂၉ ရက်နေ့မှာ KNLA/ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး စစ်လက်နက်ပစ္စည်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကာ မကြာမီ တရားဝင် သတင်း ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။

 

“လက်ရှိ စစ်ရေး လှုပ်ရှားမှုတွေကို အကဲခတ်ရတာတော့ ဖာပွန်မြို့ တစ်မြို့လုံးကို သိမ်းပိုက်ဖို့ စီစဉ် ထားပုံရတယ်။ တော်လှန်ရေး ပူးပေါင်းတပ်တွေ အင်အား အတော်များတယ်” လို့ ဖာပွန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

 

အကြမ်းဖက် စစ်ကောင်စီဘက်က ဖာပွန်မြို့ပေါ် နဲ့ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိနေပြီး မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှ ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ 

 

လက်ရှိမှာ ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဗျူဟာ အခြေချ စဗခ (၁) ရတခ လက်အောက်ခံတပ်ရင်းစခန်းတွေ ဆက်သွယ် သွားလာရာလမ်းတွေ အားလုံးကို KNLA တပ်မဟာ ၅ နဲ့ PDF တော် လှန်ရေး ပူးပေါင်း တပ်တွေက ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။