ကိုဗစ်ကာလကတည်းက ထိုင်းမှာ ပိတ်မိနေတဲ့ ကိုငယ်လေးတစ်ယောက် ငစစ်တွေ အာဏာသိမ်း ပြီးနောက် အိမ်အပြန်ခရီးကို နောက်ဆုတ်လာခဲ့တာ အခုတော့ ဘယ်တော့များမှ အိမ်ပြန်လို့ရမယ်မှန်းမသိ သက်ပြင်းကို တစ်မိုင်မက ချပစ်လိုက်တယ်။
ငစစ်တွေ အာဏာသိမ်းပြီးနောက်မှာ မတည်ငြိမ်တဲ့ လမ်းခရီးအခြေအနေနဲ့ ဘာမှန်းမသိတဲ့ ကိုဗစ်ပြ ဿနာကြောင့် ဇာတိမြေပြန်ပြီး ထိုင်းသို့ ပြန်ဝင်လို့မရမှာ ကြောက်တာနဲ့ စိတ်တထင့်ထင့် ဖြစ်ရတဲ့ဒဏ် မခံနိုင်လို့ မပြန်ဖြစ်။ သင်္ကြန်နားနီးလာရင် သူတို့ဇာတိသားတွေ ရူးမတတ် အိမ်ပြန်ချင်ကြပေမဲ့ ကြိတ်မှိတ်မြိုသိပ်ခြင်းနဲ့သာ အိမ်ကိုလည်းလွမ်း၊ ဇာတိမြေရဲ့ ပျော်ရွှင်ဖွယ်ရာ သင်္ကြန်ကိုလည်း လွမ်းလှ။
စစ်တပ်ထဲဝင်ရမယ့်စာရင်းထဲ ငါ့သား ပါနေပြီ၊ လုံးဝ ပြန်မလာနဲ့တော့တဲ့။ စစ်သားဆို ချေးထက်ရွံနေကြတဲ့ခေတ်မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ လူငယ်တွေ စစ်ထဲ မဝင်မနေရဆိုတော့ စဉ်းစားသာကြည့်။
ဒီနှစ်ကတော့ ဘယ်လိုမှ မပြန်ဖြစ်တော့ကြောင်း သူတို့ ကောင်းကောင်း သဘောပေါက်လိုက်ကြတယ်။ မတ်လ ၂၃ ရက်ကပဲ ကိုငယ်လေး အမေ ဖုန်းလှမ်းဆက်တယ်။ စစ်တပ်ထဲဝင်ရမယ့်စာရင်းထဲ ငါ့သား ပါနေပြီ၊ လုံးဝ ပြန်မလာနဲ့တော့တဲ့။ စစ်သားဆို ချေးထက်ရွံနေကြတဲ့ခေတ်မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ လူငယ်တွေ စစ်ထဲ မဝင်မနေရဆိုတော့ စဉ်းစားသာကြည့်။ ပြီးတော့ စစ်တပ်ထဲဝင်ပြီး ဘယ်သူတွေကို တိုက်ရမှာလဲ ဆိုတော့ ကိုယ်တွေ တစ်နိုင်ငံလုံးရဲ့ဘဝ စစ်ကျွန်အောက်ကလွတ်အောင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို ပြန်တိုက်ရမှာဆိုတော့ လူမပြောနဲ့၊ ခွေးတောင် ဒီစစ်တပ်ထဲ မဝင်ချင်တာ ဆန်းသလားလို့ ကိုငယ်လေး က ဆက်ပြောတယ်။
ကိုငယ်လေးတို့မြို့က ပထမဆုံးအသုတ် ၇၅ ယောက် စစ်တပ်ထဲ ဝင်ရမယ်လို့ ခွဲတမ်းကျတယ်။ ဘယ်သူက ခွဲတမ်းချသလဲဆိုတော့ ပြည်နယ်အဆင့် အထက်က ခွဲတမ်းချတာတဲ့။ ထုံးစံအတိုင်း လူနည်းနည်းလျှော့ ပေးပါတွေဘာတွေ အလျှော့အတင်းလုပ်လို့မရ၊ ဆင်ခြင်ပေးလို့မရ။ အထက်က ချပေးတဲ့ ခွဲတမ်းပြည့်အောင် လုပ်ပေးဖို့က မြို့နယ်အဆင့် အာဏာပိုင်တွေရဲ့ အလုပ်။
“အခု ကျနော်တို့ ရပ်ရွာက ကိုယ့်ခွဲတမ်း ကိုယ့်ဘာသာဌားရတယ်။ ကိုယ့်ရွာက ရှိတဲ့အိမ်ထောင်စုအလိုက် အချိုးကျထည့်ပြီး ဌားရတာ”
မြို့နယ်အဆင့် အာဏာပိုင်တွေကလည်း ဘယ်ရွာက ဘယ်နှစ်ယောက် ဆိုပြီး အမိန့်ထပ်ချတယ်။ မြို့ နယ် အုပ်ချုပ်ရေးမှူးက အန်မတန်လာဘ်စားတဲ့ကောင်တဲ့။ ထုံးစံအရဆို ရွာကြီးရင် ကြီးသလို ခွဲတမ်းပိုချရမှာ ဖြစ်ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို ပုံမှန်ငွေရှာပေးနိုင်တဲ့ အုပ်ကြီးရဲ့ ရွာကို ရွာဘယ်လောက်ကြီးကြီး ခွဲတမ်းက ၁ ယောက်။သူ့ကို ငွေမရှာပေးဘူး၊ သူကြည့်မရဘူးဆိုတဲ့ အုပ်ကြီးရဲ့ရွာဆို ရွာဘယ်လောက်သေးသေး ခွဲတမ်း ၂ ယောက်။
“အခု ကျနော်တို့ ရပ်ရွာက ကိုယ့်ခွဲတမ်း ကိုယ့်ဘာသာဌားရတယ်။ ကိုယ့်ရွာက ရှိတဲ့အိမ်ထောင်စုအ လိုက် အချိုးကျထည့်ပြီး ဌားရတာ”လို့ ကိုငယ်လေးက ဆိုတယ်။
ခွဲတမ်း ၂ ယောက်ပေးရတဲ့ ရွာတွေကျတော့ တစ်အိမ်ကို ၅ သောင်း၊ ၆ သောင်း ထည့်ရ။ ဒီလောက်ကျပ်တည်းနေတဲ့ကာလမှာ မထည့်နိုင်လို့မရတော့ အိမ်မှာ ဟင်းမပါ ငပိရည်နဲ့ စားချင်စား ကြောက်ရတော့လည်း ထည့်ရမယ့်ငွေကို လက်မနှေးပဲ ထည့်ကြရ။
ရွာအလိုက် ကိုယ့်ရွာသားထဲက စစ်တပ်ထဲ လိုက်မယ့်သူရှိသလား။ ရှိတယ်ဆို လိုက်မယ့်သူကိုဌား။ ကိုယ့်ရွာက လိုက်မယ့်သူမရှိဘူးဆိုရင်လည်း တခြားရွာတွေကနေ လိုက်ဌားကြရ။ တချို့ရွာတွေက တစ် ယောက်ဌားခ အနည်းဆုံး ကျပ်သိန်း ၃၀။ တချို့ရွာတွေက ကျပ်သိန်း ၅၀။ သိန်း ၄၀ လောက်နဲ့ ဈေးတည့်သွားတဲ့ ရွာတွေလည်း ရှိသတဲ့။ ရွာသားတွေလည်း ဘယ်တတ်နိုင်မှာလဲ။ ခွဲတမ်း ၂ ယောက်ပေးရတဲ့ ရွာတွေကျတော့ တစ်အိမ်ကို ၅ သောင်း၊ ၆ သောင်း ထည့်ရ။ ဒီလောက်ကျပ်တည်းနေတဲ့ကာလမှာ မထည့်နိုင်လို့မရတော့ အိမ်မှာ ဟင်းမပါ ငပိရည်နဲ့ စားချင်စား ကြောက်ရတော့လည်း ထည့်ရမယ့်ငွေကို လက်မနှေးပဲ ထည့်ကြရ။
“ကျနော့်အမေ ပြောတယ်။ ကျနော်တို့ အဘိုးတွေ လက်ထက် ဂျပန်ခေတ် ချွေးတပ်ဆွဲတုန်းကလည်း အခုလို လူဌားရတယ်။ အမေတို့လက်ထက် ရှစ်လေးလုံးမတိုင်ခင် ပေါ်တာခေတ်တုန်းကလည်း ပေါ်တာဌားခဲ့ရတယ်။ အခုလည်း လူဌားရတယ်။ ဂျပန်ခေတ်နဲ့ ဘာမှမခြားဘူး”လို့ ကိုငယ်လေးက ဆိုတယ်။
ဂျပန်ခေတ်တုန်းက သံဖြူဇရပ် သေမင်းတမန်ရထားလမ်း ဖောက်လုပ်တဲ့ ချွေးတပ်သား။ ကိုငယ်လေး တို့ရပ်ရွာက ပြည်သူတွေ မဲနှိုက်ကြရ။ မဲပေါက်တဲ့အိမ်က လူငယ် ၁ ယောက်၊ လှည်း ၁ စီး၊ နွားတစ်ရှဉ်းနဲ့ သေမင်းတမန်ရထားလမ်းဆီ သွားကြရ။ မဲပေါက်ပြီး မလိုက်နိုင်တဲ့အိမ်တွေက ပိုက်ဆံပေး လူဌားခေါ်ကြရ။
“အမေ ပြောပြတာက ပေါ်တာမဌားရတော့ပေမဲ့ လစဉ်ပေါ်တာကြေးဆိုပြီး အဲဒီခေတ်ကောင်စီ လူကြီးတွေ ကောက်စားတာ ရှစ်လေးလုံးနားနီးတဲ့အထိပဲ”
၁၉၈၀ ပတ်လည်ကာလ၊ ကရင်ပြည်နယ်အတွင်း ကေအဲန်ယူကို ထိုးစစ်ဆင်နေတဲ့အချိန် ကိုငယ်လေး တို့ မွန်ပြည်နယ်အတွင်းရှိ ကားဂိတ်၊ သင်္ဘောဆိပ်နဲ့ ရထားဘူတာတို့မှာ ပေါ်တာလည်းဆွဲ၊ ရွာအလိုက် ရပ်ကွက်အလိုက် ခွဲတမ်းချပေးတဲ့ အရေအတွက်အတိုင်း မဖြစ်မနေပေါ်တာပေးရ။ ဒေသခံတို့ အချိုးကျ ပေါ်တာ ကြေးထည့်ဝင်ကာ ပေါ်တာဌားရတာ အကြိမ်ကြိမ်။
“အမေ ပြောပြတာက ပေါ်တာမဌားရတော့ပေမဲ့ လစဉ်ပေါ်တာကြေးဆိုပြီး အဲဒီခေတ်ကောင်စီ လူကြီးတွေ ကောက်စားတာ ရှစ်လေးလုံးနားနီးတဲ့အထိပဲ”လို့ ကိုငယ်လေးက ဆိုတယ်။
အခုလည်း မေလမှာ စစ်သင်တန်းသွားတက်ရမယ့် ၇၅ ဦးကို ပြည်သူတွေက ဌားရမ်းကြရ။ ဒုတိယအသုတ်ကျရင်တော့ အခုလိုရွာလုံးကျွတ် စပ်တူဌားရတဲ့စနစ်ကို မလုပ်တော့ဘဲ စစ်ထဲဝင်ရမယ့် ဆင့်ခေါ်စာရထားတဲ့ အကျုံးဝင်လူငယ်တွေသာ မဲနှိုက်ရတော့မယ်လို့ သိရကြောင်း သူက ဆက်ပြောတယ်။
ခွေးတွေလုပ်ပုံက ရှင်းတယ်။ ဘယ်ကတည်းက စာရင်းကောက်ထားသလဲ မသိဘူး။ စစ်တပ်ထဲဝင်ရမဲ့ အရွယ် လူငယ်တွေရဲ့ အိမ်ကို ဆင့်ခေါ်စာ သွားပေးတယ်။ လူရှိရှိ မရှိရှိ သူတို့နဲ့ မဆိုင်ဘူး။
ကိုငယ်လေးတို့ ရပ်ရွာမှာက အရွယ်ရောက်သူတိုင်းနီးပါး ထိုင်းနဲ့ မလေးရှားမှာ သွားအလုပ်လုပ်နေကြတာ ကြာပြီဖြစ်သလို ကိုဗစ်တွေ ငစစ်တွေရဲ့ ရန်ကို ကြောက်လို့ ရွာမပြန်ကြတာကလည်း များ။ ဒီကြားထဲ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့၊ စစ်မှုထမ်းဥပဒေထွက်လာပြီး မကြာ ထိုင်းမှာ လူခံရှိတဲ့ လူငယ်များစွာတို့ သုတ်သုတ်နှင်ခဲ့ ကြတာမို့ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ပါးရှား။
“ခွေးတွေလုပ်ပုံက ရှင်းတယ်။ ဘယ်ကတည်းက စာရင်းကောက်ထားသလဲ မသိဘူး။ စစ်တပ်ထဲဝင်ရမဲ့ အရွယ် လူငယ်တွေရဲ့ အိမ်ကို ဆင့်ခေါ်စာ သွားပေးတယ်။ လူရှိရှိ မရှိရှိ သူတို့နဲ့ မဆိုင်ဘူး။ လူမရှိလည်း ဆင့်ခေါ် စာပေးထားတဲ့ အိမ်က မဲနှိုက်ရမယ်။ မဲပေါက်ရင် လူဌားခေါ်၊ မခေါ်နိုင်ရင် ကိုယ့်သား ကိုယ် ပြန်ခေါ်။ လူဌားလည်း မခေါ်ဘူး၊ ကိုယ့်သားကိုလည်း မခေါ်ဘူးဆို အိမ်ကရှိတဲ့လူကို ဖမ်းမယ်”လို့ သူက ဆိုတယ်။
အခုသရဲစီးသလို လုပ်နေတဲ့ စစ်တပ်ထဲ အဓမ္မသွင်းခြင်းအမှုဆို ပိုလို့ဆိုး။ ရွာလုံးကျွတ် ပိုက်ဆံထည့်ကာ လူဌားဆိုတော့လည်း ဌားကြရ။ နိုင်ငံခြားမှာ အလုပ်လုပ်နေလည်း မဲနှိုက်ရမှာပဲ ဆိုတော့ ဘာတတ်နိုင်မှာလဲ။
ဘယ်ရွာက ဘယ်သူ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတယ်ဆိုတာ တစ်ရွာလုံးလည်းသိ၊ ရွာအုပ်ကြီး လည်းသိ။ ဒါပေမဲ့၊ ယာယီ ကင်းလွတ်ခွင့်ဆိုတာမျိုး မရှိ။ မတ်လ ၂၂ ရက်နေ့အထိ Data for Myanmar က စုစည်းထားတဲ့ အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ် မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ စာရင်းကောက်၊ မဲနှိုက်ရွေးချယ်ခြင်း နဲ့ အကျုံးဝင် လူငယ်တွေကို ဆင့်ခေါ်တာတွေ လုပ်ဆောင်နေပြီတဲ့။ နည်းဥပဒေ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ တစ်ကျောင်းတစ်ဂါထာ ထင်သလို စတင်လုပ်ဆောင်နေခြင်း။
ကိုငယ်လေးတို့ မြို့မှာ မွန်ပြည်နယ်ထောင့်ကွေးက PDF မရှိတဲ့ မြို့ငယ်လေးမို့ အကြမ်းဖက်စစ်အုပ်စု အာဏာအပြည့်၊ စစ်အုပ်စု လက်အောက်မှာ ပြားပြားမှောက်နေရတဲ့ မြို့မို့ ဘယ်သူကမှ ဘယ်လိုအကြောင်းနဲ့မှ တုံ့ပြန်ပြောဆိုရဲခြင်းမရှိ။ ဒါ့ကြောင့် အခုသရဲစီးသလို လုပ်နေတဲ့ စစ်တပ်ထဲ အဓမ္မသွင်းခြင်းအမှုဆို ပိုလို့ဆိုး။ ရွာလုံးကျွတ် ပိုက်ဆံထည့်ကာ လူဌားဆိုတော့လည်း ဌားကြရ။ နိုင်ငံခြားမှာ အလုပ်လုပ်နေလည်း မဲနှိုက်ရမှာပဲ ဆိုတော့ ဘာတတ်နိုင်မှာလဲ။
“အခုပြောနေကြတဲ့ နည်းဥပဒေဆိုတာက ဘယ်လိုပဲပြဌာန်း၊ ပြဌာန်း ဥပဒေတခြား အလုပ်တခြား ထင်ရာလုပ်မှာပဲ။ ဘာဥပဒေမှ မပြဌာန်းဘဲ စစ်တပ်ထဲ အတင်းထည့်တာမျိုး မလုပ်တာ ကံကောင်းတယ်လို့ ပြောရမယ်။ အဲဒါကြောင့် ကျနော်က ဘာနည်းဥပဒေမှ မမျှော်ဘူး''
“အခုပြောနေကြတဲ့ နည်းဥပဒေဆိုတာက ဘယ်လိုပဲပြဌာန်း၊ ပြဌာန်း ဥပဒေတခြား အလုပ်တခြား ထင်ရာလုပ်မှာပဲ။ ဘာဥပဒေမှ မပြဌာန်းဘဲ စစ်တပ်ထဲ အတင်းထည့်တာမျိုး မလုပ်တာ ကံကောင်းတယ်လို့ ပြောရမယ်။ အဲဒါကြောင့် ကျနော်က ဘာနည်းဥပဒေမှ မမျှော်ဘူး”လို့ ကိုငယ်လေးက ပြောတယ်။
စစ်တပ်က ဥပဒေကိုသာ လေးစားလိုက်နာရင် အာဏာသိမ်းစရာအကြောင်းကို မရှိဘူးလို့ ကိုငယ် လေးက ဆက်ပြောတော့ ကျနော် သဘောကျမိတယ်။
အခု သူ အလုပ်လုပ်နေတဲ့ ထိုင်းစက်ရုံထဲက မြန်မာလူငယ်တွေ ဘယ်သူမှ ဇာတိမပြန်။ သင်္ကြန်နားနီးရင် ဇာတိပြန်ချင်လွန်းတဲ့ စိတ်ကိုယ်စီကို ကိုယ်စီ ချိုးနှိမ်ထားကြရ။ သင်္ကြန်နားနီးလာလေ စစ်ဘီလူး မင်းအောင်လှိုင်ကို ဆဲသံတွေ ခပ်စိပ်စိပ်ကြားလာ။ ဘယ်တော့များမှ အိမ်ပြန်ကြရမလဲဆိုတော့ စစ်ဗိုလ်ချုပ်တွေ ခွေးပြေး ဝက်ပြေး ပြေးတဲ့အခါမှဆိုတာ ကျနော်တို့ကောင်းကောင်း သဘောပေါက်နေကြတယ်လို့လည်း ဆိုရဲ့။
“ဒီ တော်လှန်ရေးကြီးပြီးဖို့ ကျနော်တို့တတ်နိုင်တာက တတ်နိုင်သလောက်လှူဖို့ပဲ။ အခု အိမ်ပြန်ချင် ရင်လှူကြလို့ ပြောပြီး တော်လှန်ရေးအတွက် ရန်ပုံငွေလိုက်ကောက်နေတယ်”
“ဒီ တော်လှန်ရေးကြီးပြီးဖို့ ကျနော်တို့တတ်နိုင်တာက တတ်နိုင်သလောက်လှူဖို့ပဲ။ အခု အိမ်ပြန်ချင် ရင်လှူကြလို့ ပြောပြီး တော်လှန်ရေးအတွက် ရန်ပုံငွေလိုက်ကောက်နေတယ်”လို့ ကိုငယ်လေးက ဆိုတယ်။
ဒီအာဏာရူးတွေ မရှိမှ ကျနော်တို့တိုင်းပြည် အေးချမ်းမယ်ဆိုတာ နိုင်ငံရေးနားလည်စရာမလိုဘဲ ပြည်သူ အားလုံး သိကြတယ်လို့ သူ ဆက်ပြောလိုက်ပုံက လေးနက်လွန်းလှတယ်။ ကိုငယ်လေးဆိုတာ ဘာနိုင်ငံရေးမှ နားမလည်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။