Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကော့ကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားဟု တောင်ပိုင်းစစ်ဒေသ  သတင်း ထုတ်ပြန်၊ ဘားအံ-မြဝတီ အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်မြို့တွင်း စစ်ဆင်ရေးမှာ စစ်စခန်းတချို့ သိမ်းည်းရမိ၊ စစ်သား ၃၀ သေ၊ ၁၄ ဦး လက်နက်ချ အညံ့ခံခဲ့ဟုဆို

KNU တပ်မဟာ (၆) နယ်မြေ၊ ဘားအံ-မြဝတီ (အာရှလမ်းပိုင်း)နဲ့ ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို KNLA ၊ PDF နဲ့ SOF တပ်ဖွဲ့များ၊ ဒရုန်း ပူးပေါင်းတပ်များက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါ ပူးပေါင်း စစ်ဆင်ရေး ကာလအတွင်း ဒီဇင်ဘာ ၁ ရက်နေ့မှာ ကော့ကရိတ် တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်းနဲ့ လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကော့ကရိတ် မြောက်ဘက်ခြမ်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ အမှတ် (၃) ဂိတ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဘားအံ - မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်း င်္သချိုင်းကုန်းမှာ တပ်စွဲထားတဲ့ စကစ အထိုင်စခန်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကော့ကရိတ် ချောင်းတောင်ရပ်ကွက်ရှိ စကစ တပ်တွေ တပ်စွဲထားတဲ့ စာသင်ကျောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်ကြာအင်း ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

အလားတူ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဘားအံ - မြဝတီလမ်း(အာရှလမ်းပိုင်း)ပေါ်ရှိ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေ ဖြစ်တဲ့ ရေကူးကန်နဲ့ ဆီဆိုင် ဂိတ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ကာ ဘားအံ - မြဝတီ(အာရှလမ်းပိုင်း)နဲ့ မြို့ပေါ် ဧရိယာ ၆၀ % ကို စိုးမိုးထိန်းချုပ် ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လက်ရှိအချိန်အထိ အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ချ အညံ့ခံသူ ၁၄ ဦး ရှိကာ  သေဆုံးသူ ၃၀ ဦး ရှိပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဆီကနေ လက်နက် ၄၆ လက်ကို KNLA၊ PDFနဲ့ SOF တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

စစ်ဆင်ရေးကာလအတွင်း တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် ၇ ဦး မြင့်မြတ်စွာအသက်ပေး လှူခဲ့ရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

 

အကြမ်းဖက် စစ်ကောင်စီ တပ်တွေဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို အသုံးပြုကာ နေ့စဉ်ပစ်ခတ်နေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

ကော့ကရိတ် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ရှောင်တိမ်းနေရပြီး KNU မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ​MOD ရဲ့ ပြည်သူလူထု လုံခြုံရေးဌာနတို့ ပူးပေါင်းကာ ကူညီထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ကော့ကရိတ်တိုက်ပွဲမှ တော်လှန်ရေး ရဲဘော်များ (တောင်ပိုင်းစစ်ဒေသ)
~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။