Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဘားအံ BGF ညောင်ကုန်းစခန်းကို ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲ၊ ၂ ဦး သေ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ BGF စခန်းကို ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲခဲ့ရာ (၂)ဦး သေဆုံးပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


ဘားအံမြို့နယ်၊ ညောင်ကုန်းရွာအခြေစိုက် အမှတ်(၁၀၁၄) BGF ညောင်ကုန်းစခန်းနဲ့ ပူပေါင်းအကြမ်းဖက်စစ်တပ် စခန်းကုန်းကို  စက်တင်ဘာ (၂၃)ရက်ကနေ အောက်တိုဘာ (၂)ရက်နေ့ထိ ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲကာ ၆၀(မမ)ဗုံးသီး (၂၆)လုံးနဲ့  ၈၁(မမ)ဗုံးသီး (၂)လုံး စုစုပေါင်း ဗုံးသီး (၂၈)လုံး ကြဲချခဲ့ကြောင်း အမှတ်(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု-သထုံခရိုင် က သတင်းထုတ်ပြန်ပါတယ်။


အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ တပ်ကြပ်ကြီး (၁)ဦးနဲ့ BGF တပ်ဖွဲ့ဝင် (၁)ဦးတို့ ဖြစ်ပါတယ်။


ဒရုန်းစစ်ဆင်ရေးကို အမှတ်(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၏ တပ်ဖွဲ့ဝင် UNITED DEMOCRATIC FORCE-UDF တပ်ဖွဲ့ က ဦးဆောင်ကာ တပ်မဟာ(၁) Fedreal Wing Drone တပ်ဖွဲ့နဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


BGF ညောင်ကုန်းစခန်းဟာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံ ခြင်းနဲ့ ဘားအံကျေးရွာတွေထဲသို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း သိရပါတယ်။


ညောင်ကုန်းစခန်းအတွင်းရှိ လက်နက်နဲ့အတူ အလင်းဝင်လိုတဲ့ BGF နဲ့  စစ်သားတွေကို  မိမိတို့ UNITED DEMOCRATIC FORCE-UDF က ဆုငွေကျပ် သိန်း(၁၀၀) ချီးမြှင့် သွားမယ်လို့လည်း ဆိုပါတယ်။


~~~~~~~~~~ 

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။