Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကရင်နီ - ထိုင်းနယ်စပ်ရှိ စစ်စခန်း ၂ ခုကို အကြမ်းဖက် စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ် အသုံးပြုပြီး စွန့်ခွါ

ကရင်နီပြည်၊ ရှားတောမြို့နယ်၊ သံလွင်မြစ် အရှေ့ဖက်၊ ဟွေပုန်းလောင်းဒေသရှိ စိုးမိုး စခန်းကုန်း တစ်ခုဖြစ်တဲ့ ကျားပါးစပ်ကြီး စခန်းနဲ့ နန့်ပန်ချောင်းဘေးမှာ အခြေပြုထားတဲ့ ဟွေအွန်စခန်းတို့မှ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်တွေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့အတွင်းမှာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စခန်းစွန့်ခွါသွားကြတယ်လို့ သိရပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်တွေ  စခန်းစွန့်ခွါသွားကြတဲ့ ဟွေအွန်စခန်းကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ KNDF B/21 နဲ့ KNPLF မှ ရဲဘော်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီ စစ်စခန်းအတွင်းမှ ဆန်အိတ်အချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ကျားပါးစပ်ကြီး စခန်းနေရာကိုလည်း ကရင်နီ တပ်မတော် (KA) ရဲဘောတွေက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့က မနေ့က ဖေဖော်ဝါရီ  ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီတပ်တွေ စွန့်ခွါသွားတဲ့ အဆိုပါ စခန်းကုန်း ၂ ခုမှာ ကရင်နီ - ထိုင်းနယ်စပ်ရှိ အရေးပါတဲ့ စစ်စခန်းတွေ ဖြစ်တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး 
~~~~

ငွေမောင်းသံမီဒီယာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။