Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

PDF မနိုင် ပြည်သူကိုမဲတဲ့ မင်းအောင်လှိုင်ရဲ့ ယုတ်ကန်းချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြည်သူမပေးတဲ့အာဏာကို ပြန်လမ်းမဲ့ အရူးကြီးရူးနေတဲ့ မင်း အောင်လှိုင်နဲ့ အပေါင်းအပါတစ်စုက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီလို့အမည်ပေးထားတဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့ကြတယ်။အဲဒီအစည်းအဝေးမှာ ဘယ်သူတွေက ဘာတွေပြောဆိုဆွေးနွေးခဲ့သလဲ ဆိုတာ မသိရပေမဲ့ အာဏာရှင်တို့ ပြုလုပ်တဲ့အစည်းအဝေးဖြစ်တာကြောင့် မင်းအောင်လှိုင်ရဲ့ မျက်နှာရိပ် မျက်နှာကဲနဲ့ လေယူလေသိမ်းကို မယိမ်းဘဲ ရှိတိုင်းမှန်ရာ ပြောရဲမယ့်အစည်းအဝေးမဟုတ်တာတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ အင်မတန်ပျင်းရိဖွယ်ကောင်းတဲ့ ရှည်ရှည်လျားလျားအစီရင်ခံစာကို အင်မတန်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အစီရင်ခံစာပမာ မျက်တောင်မခတ် နားထောင်ကြမှာလည်းသေချာတယ်။ မင်းအောင်လှိုင်က နောက်ထပ် ၆ လလောက် အရေးပေါ်လိုက်ရအောင်လို့ဆိုတော့ ဉာဏ်ကြီးရှင်တစ်ဦးရဲ့ နက်နက်နဲနဲတွေးခေါ်ဆုံးဖြတ်ချက်ပမာပစ် ထောက်ခံလိုက်ကြမှာလည်း သေချာပါတယ်။

 

 အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်ဝန်ခံခဲ့တာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ မှာ စစ်အုပ်စု ရာနှုန်းပြည့်ထိန်းချုပ်နိုင်တာ ၁၉၈ မြို့နယ်သာ ရှိသတဲ့။

 

ဒါပေမဲ့၊ အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်ဝန်ခံခဲ့တာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ မှာ စစ်အုပ်စု ရာနှုန်းပြည့်ထိန်းချုပ်နိုင်တာ ၁၉၈ မြို့နယ်သာ ရှိသတဲ့။ လုံးဝထိန်းချုပ်နိုင်စွမ်းမရှိ၊ လုံခြုံရေးအရ ထိထိရောက်ရောက်ဆောင်ရွက်ရမယ့်မြို့နယ် ၆၇ ခု၊တစ်စိတ်တစ်ပိုင်းထိန်းချုပ်နိုင်စွမ်းတဲ့ လုံခြုံရေးအရ အလေးထားဆောင်ရွက်ရမယ့်မြို့နယ် ၆၅ ခု။ စုစုပေါင်း ၁၃၂ မြို့နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အလံတော်တလူလူလွှင့်နေကြောင်း မင်းအောင်လှိုင် မပြောမဖြစ် ပြောလာရတယ်။

 

လွတ်လပ်ရေးရပြီးစကာလ၊ ၁၉၄၉ ခုနှစ်၊ဖေဖေါ်ဝါရီ ၁ ရက်နေ့၊အင်းစိန်မြို့ကို ကေအင်ဒီအိုက သိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ရောင်စုံသူပုန်ထခဲ့တဲ့အချိန်က ရန်ကုန်အစိုးရလို့ လှောင်ပြောင်အခေါ်ခံရတဲ့အထိ ဖဆပလအစိုးရ အရူးမီးဝိုင်းခဲ့ရပေမဲ့ ဖဆပလအစိုးရမှာ လူထုထောက်ခံမှု အခိုင်အမာရှိနေခဲ့တယ်။

 

လွတ်လပ်ရေးရပြီးစက ဖဆပလအစိုးရမှာ လက်နက်နဲ့လူအင်အားမလောက်ငှတဲ့ပြဿနာကို အကြီးအကျယ်ရင် ဆိုင်ခဲ့ရတယ်။

 

လွတ်လပ်ရေးရပြီးစက ဖဆပလအစိုးရမှာ လက်နက်နဲ့လူအင်အားမလောက်ငှတဲ့ပြဿနာကို အကြီးအကျယ်ရင် ဆိုင်ခဲ့ရတယ်။ အဲဒီတုန်းကတက္ကသိုလ်ကျောင်းသားတွေနဲ့တိုက်ပွဲအတွေ့ အကြုံရှိတဲ့ပြည်သူ တချို့က ဝင်တိုက်ပေးတဲ့အထိ အစိုးရအပေါ် ထောက်ခံမှုရှိခဲ့တယ်။

 

ဖဆပလအစိုးရဟာ ရောင်စုံသူပုန်ကာလ အကျပ်တည်းဆုံးအနေအထားကနေ လွန်မြောက်သွားပြီး နောက်ပိုင်း အသက်ရှူမဝတဲ့ အဲဒီလိုအကျပ်အတည်းမျိုး ထပ်မကြုံတော့သလို မဆလခေတ်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ဒီဘက် မင်းအောင်လှိုင်အာဏာမသိမ်းခင်အထိ သက်သောင့်သက်သာရှိခဲ့တယ်။

 

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပစ်ကာ ကိုယ့် ကိုယ်ကိုယ်ဟုတ်လှပြီထင်နေတဲ့မင်းအောင်လှိုင်ဟာ သမ္မတအဆောင်အယောင်တွေ ဝတ်ကြည့်ပြီး  အပေါ်လေမိနေတဲ့အချိန်မှာ ကျနော်တို့ရဲ့ လူငယ်လေးတွေဟာ မြို့ပြတွေကို ဝုန်းဒိုင်းကြဲဗုံးခွဲခဲ့ပါတယ်။

 

၁၉၇၅ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပဲခူးရိုးမအခြေစိုက်စခန်းတွေပြိုသွားပြီးနောက် မြို့ပြတွေနဲ့နီးနီးနားနားမှာ တော်လှန်ရေးအင်အားစုတွေ ခြေမချနိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးဟာ နယ်စပ်ဒေသတွေမှာ အခြေစိုက် တော်လှန်ခြင်းသာတတ်နိုင်ခဲ့သလို မြို့ပြတွေမှာ ဝုန်းဒိုင်းကြဲ ပေါက်ကွဲနေတာတွေကိုလည်း တွေ့ရခဲပါတယ်။

 

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပစ်ကာ ကိုယ့် ကိုယ်ကိုယ်ဟုတ်လှပြီထင်နေတဲ့မင်းအောင်လှိုင်ဟာ သမ္မတအဆောင်အယောင်တွေ ဝတ်ကြည့်ပြီး  အပေါ်လေမိနေတဲ့အချိန်မှာ ကျနော်တို့ရဲ့ လူငယ်လေးတွေဟာ မြို့ပြတွေကို ဝုန်းဒိုင်းကြဲဗုံးခွဲခဲ့ပါတယ်။ အာဏာသိမ်းကာလ ၁ နှစ်ပြည့်တဲ့အချိန်မှာတော့ မျိုးပွားနှုန်းသန်လွန်းလှတဲ့ PDF တွေဟာ မြို့အနှံ့ တောအနှံ့ ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်လို့မရအောင် သန်စွမ်းလာကြပါတယ်။စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊တနင်္သာရီတိုင်း၊ချင်း၊ကချင်၊ကယားနဲ့ကရင်ပြည်နယ်တို့မှာ PDFတွေဟာ ကျောက်သားများပ မာ အချိန်တိုအတွင်း မာဂုဏ်မြင့်လာကြပါတယ်။

 

၂၀၂၂ခုနှစ် တစ်နှစ်လုံး မင်းအောင်လှိုင်တပ်တွေဟာ PDF တွေကို အပြင်းထန်ဆုံးထိုးစစ်ဆင်ခဲ့ပါ တယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်နက်အင်အားသာလွန်မှုတစ်ခုတည်းနဲ့သာ မောင်းနှင်ရတာဖြစ်ပြီး PDF တွေရဲ့ ပြောက်ကျားတိုက်ခိုက်ခြင်းနဲ့ မိုင်းဆွဲခြင်းဒဏ်ကို အလူးအလဲခံစားနေရပါတယ်။PDFတွေမှာ မောင်း ပြန်သေနတ် ရှားရှားပါးပါးသာရှိပေမဲ့ ပြည်သူထောက်ခံမှု၊နယ်မြေကျွမ်းကျင်မှု၊ရန်သူ့သတင်းမြန်မြန်ဆန်ဆန် ရရှိနေမှုနဲ့ ကိုယ့်အားသာချက်အပေါ် ကျကျနန ဆုပ်ကိုင်ကစားနိုင်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်တ်က PDFတွေကို မချေမှုန်းနိုင်တဲ့ အပြင် ဆတိုးကိန်းနဲ့ တိုးပွားလာနေပါတယ်။

 

အဆိုးရွားဆုံးက လူထုထောက်ခံမှုလုံးဝမရှိခြင်းနဲ့ ဘယ်နေရာကရောက်လာမယ်မှန်းမသိတဲ့ PDF တွေကို ရင်ဆိုင်နေရတာပါပဲ။

 

အကြမ်းဖက်စစ်သားတွေနဲ့ သေဆုံးဒဏ်ရာရအရေအတွက်ဟာ PDF တွေ ထုတ်ပြန်ချက်အတိုင်းမ ဟုတ်နိုင်ပေမဲ့ နေ့စဉ်သေဆုံးဒဏ်ရာရနေတာ မနည်းလှပါဘူး။ပြီးတော့ မြန်မာနိုင်ငံအနှံ့ တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်နေတာကြောင့် အောက်ခြေစစ်သားတွေ အနားမရဘဲ နေ့စဉ်ပြေးလွှားနေရကာ စိတ်ဓာတ်ကျဆင်းနေကြရပါတယ်။ အဆိုးရွားဆုံးက လူထုထောက်ခံမှုလုံးဝမရှိခြင်းနဲ့ ဘယ်နေရာကရောက်လာမယ်မှန်းမသိတဲ့ PDF တွေကို ရင်ဆိုင်နေရတာပါပဲ။

 

အဲဒီလိုအခြေအနေအောက်မှာ မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက်က ၂၀၂၂ နှစ်လယ်အကျော်က စပြီး အယုတ်ကန်းဆုံး ဗျူဟာတစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။အဲဒီ ဗျူဟာက PDF ကိုမနိုင်ရင် ပြည်သူကိုမဲ ဆိုတာပါပဲ။

 

အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ဟာ တွေ့တဲ့ရွာ ဝင်ရောက်ဖောက်ထွင်းပြီးနောက် အိမ်တွေမီးရှို့ဖျက်ဆီးတာတွေကို ရွာစဉ်ပတ်လုပ်လာပါတယ်။ အဲဒီလိုပက် စက်မှုမျိုးကို မြန်မာ့သမိုင်းစဉ်တစ်လျှောက် ဖက်ဆစ်ဂျပန်တွေတောင် မလုပ်ခဲ့ဖူးဘူးဆိုတော့ မင်းအောင်လှိုင် စစ်တပ်ရဲ့ ယုတ်ညံ့ချက်က သုညဒီဂရီအောက် ရောက်နေပြီဖြစ်သလို အခုလို တိုက်ပွဲဖြစ်ပွားရာဧရိယာ ကျယ်သထက်ကျယ်ပြန့်လာမှုကလည်း သမိုင်းတစ်လျှောက် မရှိခဲ့ပါဘူး။

 

အိုးအိမ်မဲ့ပြီးကုန်းကောက်စရာမကျန်တော့တဲ့ပြည်သူတွေဟာ စားဝတ်နေရေးနဲ့ထွက်ပြေးနေရမှုတွေ ကြာလာတဲ့အတွက် တော်လှန်ရေးအပေါ် ကြောက်စိတ်ဝင်သွားနိုင်ပါ တယ်။

 

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ရဲ့ ပြည်သူ့အသက်နဲ့စည်းစိမ်ဥစ္စာ ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဆုံး စွန် ယုတ်ကန်းမှုဟာ PDF တွေကို အထိနာစေခဲ့ပါတယ်။ပြည်သူတေွအိုးအိမ်မဲ့ စားစရာမရှိရုံတင် မက မကြာခဏ ဆိုသလို ကိုယ့်အသက်ကိုယ် ထုပ်ပိုးပြေးနေရတာတွေက ပြည်သူကို မျက်နှာမလွှဲတတ်တဲ့ PDF တွေအတွက် ဝင်ထမ်းရပါတယ်။ PDF တွေရဲ့ လက်နက်ခဲယမ်းတွေ ဝယ်ဖို့ ငွေတွေဟာ အိုးအိမ်မဲ့နဲ့စစ် ရှောင်ပြည်သူ တွေကို မဖြစ်မနေဖဲ့ပေးရပါတယ်။ အိုးအိမ်မဲ့ပြီးကုန်းကောက်စရာမကျန်တော့တဲ့ပြည်သူတွေဟာ စားဝတ်နေရေးနဲ့ထွက်ပြေးနေရမှုတွေ ကြာလာတဲ့အတွက် တော်လှန်ရေးအပေါ် ကြောက်စိတ်ဝင်သွားနိုင်ပါ တယ်။

 

အခုဆိုရင် ဖေဖေါ်ဝါရီ ၃ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ ကယားပြည်နယ်က ၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးကြောင်း ထုတ် ပြန်ခဲ့ပြီဖြစ်ပါတယ်။၂၀၂၁ ခုနှစ်တုန်းကရန်ကုန်တိုင်းထဲ မြို့နယ် (၆) မြို့နယ်နဲ့ ချင်းပြည်နယ်၊ မင်း တပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာဖြစ်လို့ ဖေဖော်ဝါရီလ (၃)ရက်နေ့ကစ ပြီး  စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း (၄၄) မြို့နယ်ရှိလာပြီဖြစ်ပါတယ်။

 

ဆိုတော့ ဖေဖေါ်ဝါရီ ၃ ရက်ကျမှ မာရှယ်လောစတင်သတ်မှတ်တဲ့မြို့နယ်တွေဟာ မင်းအောင်လှိုင် ပြောတဲ့ လုံခြုံရေးအရ ထိထိရောက်ရောက်ဆောင်ရွက်ရမယ့်မြို့နယ်တွေထဲ အကျုံးဝင်ပါမယ်။မင်းအောင် လှိုင်နည်းလမ်းအရဆိုရင် အဲဒီမြို့နယ်တွေက ပြည်သူတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တာ  အား ထည့်ဆောင်ရွက်လာနိုင်ခြေရှိပါတယ်။ပြည်သူတွေအခြေပျက်အနေပျက်နဲ့ ဘဝပျက်ခြင်းဟာ သူ့ကိုရွံရှာမုန်း တီးတဲ့ပြည်သူတွေအပေါ် မင်းအောင်လှိုင်က အငြိုးတကြီးနဲ့ ဒဏ်ခတ်ခြင်းဖြစ်သလို PDFတွေရဲ့ အရင်းအမြစ် ကို ဆုတ်ယုတ်စေ ခြင်းလည်း ဖြစ်ပါတယ်။

 

မကြာသေးမီက စစ်အုပ်စုထုတ်ပြန်လိုက်တဲ့ အရပ်သားတွေသေနတ်ကိုင်ဆောင်ခွင့် ဆို တာ ကအာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းကြောင့် ရာဇဝတ်မှုတွေ တိုးပွားလာနေတဲ့ အပေါ် ထပ်မံရေလောင်းပေါင်းသင်ပေးလိုက်သလိုပါပဲ။

 

ဒါ့အပြင် မကြာသေးမီက စစ်အုပ်စုထုတ်ပြန်လိုက်တဲ့ အရပ်သားတွေသေနတ်ကိုင်ဆောင်ခွင့် ဆို တာ ကအာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းကြောင့် ရာဇဝတ်မှုတွေ တိုးပွားလာနေတဲ့ အပေါ် ထပ်မံရေလောင်းပေါင်းသင်ပေးလိုက်သလိုပါပဲ။စစ်အုပ်စုရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူတွေကို တည်ငြိမ် မှုကင်းမဲ့အောင် ပြုလုပ်လိုခြင်းဖြစ်ပါတယ်။ပြည်သူတွေ အငတ်ဘေးသင့်နေမယ်။ပြည်သူတွေ ထမင်းနပ်မှန် ရေးအတွက် ချွေးဒီးဒီးကျနေမယ်။ရာဇဝတ်မှုများပြားလာပြီး မလုံခြုံမှုပြဿနာကို ရင်ဆိုင်နေရမယ်ဆိုရင် ရေ ရှည်မှာ ပြည်သူတွေရဲ့ တော်လှန်ရေးဒီရေ လျော့ကျသွားမလားဆိုပြီး မင်းအောင်လှိုင်ဉာဏ်မှီသလောက် ကြိုး စားကြည့်ခြင်းပဲဖြစ်ပါတယ်။

 

စစ်အုပ်စုရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ အရှိန်နဲ့ပြေးနေတဲ့ တော်လှန်ရေးဒီရေကို မဟန့်တားနိုင်တာသေချာပေမဲ့ သင့်တင့်တဲ့ အရှိန်လျော့ပါးမှုမျိုးဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ ပြည်သူတွေကို ဘယ်လိုထောက်ကူပေးမလဲဆိုတာ NUGအစိုးရအနေနဲ့ အပူတပြင်း အဖြေ ရှာ ကာ လက်တွေ့လုပ်ဆောင်သင့်ပြီဖြစ်ပါတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။