၂၀၂၃ ခုနှစ် နောက်ဆုံး (၆)လအတွင်း ဒရုန်းအကြိမ်ရေ (၄၀၀)ကျော် ပျံသန်းတိုက်ပွဲဝင်ခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်သားအများအပြားကို ချေမှုန်းနိုင်ခဲ့ကြောင်း Cloud Wings ကထုတ်ပြန်ပါတယ်။
Cloud Wings ဒရုန်းတွေဟာ ၂၀၂၃ ခုနှစ်၊ နောက်ဆုံး (၆)လအတွင်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးအကြိမ် (၂၀)မှာ ပါဝင်ခဲ့ပြီး ပျံသန်းတိုက်ခိုက်မှု (၄၀၀)ကျော်မှာ ဗုံးသီးအလုံးပေါင်း (၁၂၆၀)ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။
Cloud Wings ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ဒရုန်းဗုံးထိမှန်ကာ စစ်သားအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ်အတွင်း Cloud Wings ဒရုန်း (၄)စင်း ဆုံးရှုံးပျက်စီးခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လျက်ရှိကြောင်းလည်း Cloud Wings က ဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။