မူဆယ် ၁၀၅ မိုင် တပ်စခန်းကို ညီနောင် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ၁၃ ကြိမ် ပစ်ကူခဲ့ရကြောင်း သိရပါတယ်။
၁၀၅ မိုင်တပ်စခန်းကို ဒီဇင်ဘာ ၁၄ ရက်၊ မနက် ၃ နာရီခွဲလောက်မှာ ညီနောင် ၃ ဖွဲ့ MNDAA၊TNLAနဲ့ AA ပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၁၁ ကြိမ်၊ Mi35 ရဟတ်ယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ ၁၀၅ မိုင်ဘက်သို့ အတွဲလုံးဒုံးကျည်နဲ့ ၃ ကြိမ်- ၁၂ လုံး ပစ်ခတ်ခဲ့သေးကြောင်းလည်းသိရပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းသစ်ကုန်းကို ဒီဇင်ဘာ ၁၄ ရက်၊ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ TNLA က တိုက်ခိုက်ခဲ့ရာ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံး ၁၀၈ လုံးကြဲ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ၂၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း TNLA ကဆိုပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။