Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကသာမှာ Non CDM ဝန်ထမ်း ၈၅ ဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ကသာမြိုနယ်အတွင်း Non CDM ဝန်ထမ်း (၈၅)ဦး အလင်းဝင်လာကြောင်း သိရပါတယ်။


Non-CDM ဝန်ထမ်းတွေ အလင်းဝင်ဖို့ နိုဝင်ဘာလအတွင်း ကြေညာချက် (၂)ကြိမ် ထုတ်ပြန်ခဲ့ရာ ပထမအကြိမ်အဖြစ် Non CDM (၅၆)ဦးနဲ့ ဒုတိယအကြိမ် (၂၉)ဦး အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


“ကသာအပါအဝင်ပေါ့။ ကျနော်တို့ ကောလင်း၊ အင်းတော်၊ ထီးချိုင့် စစ်တပ်က Non CDM မပြောနဲ့ ။ သူတို့စစ်သား၊ ရဲ ဘယ်သူ့ကိုမှ စစ်တပ်က အကာအကွယ်မပေးနိုင်တော့ဘူးလေ။ အဲဒါကြောင့် Non တွေ အလင်းဝင်ကြတာ”လို့ကသာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။


ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ အလင်းဝင်ခြင်း မရှိသည့် Non CDM ဝန်ထမ်းတွေကို တည်ဆဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ ကသာမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။


Non CDM တွေ အလင်းဝင်ဖို့ ကသာမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်ပါ ဖုန်းနံပါတ်တွေကို စစ်အုပ်စုက ပိတ်သိမ်းလိုက်တာကြောင့် အလင်းဝင်လိုသူတွေ အနေနဲ့  @kathapap Telegram သို့ ဆက်သွယ်ကာ  အလင်းဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။


~~~~~~~~~~~ 

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။