မကွေးတိုင်း၊ပခုက္ကူမြို့နယ် တပ်မ-၁၀၁ လက်အောက်ခံ တပ်ရင်းထဲရှိ လက်နက်ခဲယမ်းအဆောင်ပေါ် သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား ၄ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Burma Revolution Rangers ကသတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ (၃၀)ရက်က တပ်မ-၁၀၁ ကို တာဝေးပစ်ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ရာ တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၂ တပ်ရင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရစစ်သားတွေလည်း များကြောင်း သိရပါတယ်။
“ရှော့တိုက်ဒုံး (၂)လုံး ပစ်တာလို့ သိရတယ်။ လက်နက်တိုက်ပေါ် ကျတာနဲ့ စစ်သားတွေ သေတာ ဖရဲသီးတွေဆီကနေ သိရတယ်လို့ ကြားတယ်။ တပ်မ-၁၀၁ နားက ရွာတချို့ကိုတော့ စစ်တပ်က နယ်မြေ ရှင်းတာမျိုး လုပ်နေတယ်တဲ့” လို့ ရေစကြို PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
တပ်မ-၁၀၁ သည် ပခုက္ကး-ပေါက်လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခလရ-၂၅၂ မှာ ဘေးချင်းကပ်နေရာမှာ တည်ရှိကြောင်း သူက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို Burma Revolution Rangers၊Royal Defence Force မြိုင်၊ စနေမင်း ပြောက်ကျားတပ်ဖွဲ့-မြိုင်မြို့နယ်နဲ့ Chauk Guerrilla Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။