Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ကာ အောင်ပွဲနှင့်အတူ ပြန်လာသည့် တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြုကြိုဆို

ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ တော်လှန်ရေး ရဲဘော်တွေကို ဒေသခံ ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။


ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဒေသခံ တော်လှန်ရေး တပ်တွေက ဒီကနေ့ ဇွန်လ ၂၅ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲမှာ ပျူစောထီး တစ်ဦးကို အရှင်ဖမ်းဆီးရမိကာ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ရှင်မကန်ရွာတိုက်ပွဲအတွင်း ကာဘိုင် သေနတ် ၄ လက်၊ ဘီအေ(63) သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ သေနတ်ပြောင်း ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ ခု၊ ကျည်မျိုးစုံ ၅၀၀ တောင့်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ တော်လှန်ရေး တပ်ဦး- PRF က ပြောပါတယ်။


ဒီတိုက်ခိုက်မှုကို ပြည်သူ့ တော်လှန်ရေး တပ်ဦး (PRF)၊ ပြည်သူ့ ဒီမိုကရက်တစ် တပ်တော် (PDA)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊ King Fighter (SGF)၊ BLY ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပေါက်)၊ PDF Kamma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆေအဖွဲ့)၊ Pauk ပကဖ Drone Team၊ 7 stars (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီနဲ့ ကမ္မ တော်လှန်ရေး တပ်ဦး(KMRF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
…………..

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။