မကွေးတိုင်း၊ ကမ္မမြို့မရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း Young Force-UG က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်က ကမ္မရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်ဂျစ်ပင်ပျူစောထီးဂိတ်နဲ့ ကျတ်ထိုးရဲစခန်းတို့ကိုပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ကမ္မရဲစခန်းက ရှေ့က ကင်းချတဲ့နေရာကို ဗုံးကျတယ်လို့ကြားတယ်။ အဲမှာက ရဲရောစစ်သားရော ရှိနေတော့ ဗုံးထိတာ ရဲလား၊ စစ်သားလား မသိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ရဲစခန်းရှေ့ကို ကမ္မက လူတွေ မဖြတ်တာတော်တော်ကြာပြီ။ရဲစခန်းနားက လူတွေဆီကနေ တစ်ဆင့်ကြားရတာ”လို့ ကမ္မမြို့ခံတစ်ဦးက ပြောပါတယ်။
ညောင်ဂျစ်ပင်ပျူစောထီးဂိတ်နဲ့ကျတ်ထိုးရဲစခန်းရဲ့ ထိခိုက်မှုအခြေအနေကို မသိသေးဘူးလို့ Young Force-UG က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ တပ်ရင်း(၁) ၊ MRTF (မြိုင်) နှင့် ပခုက္ကူမြိုနယ် ပကဖတပ်ခွဲ(၂)က Black Cobra Force Pakokku ၊ Thurain-TR Pakokku နဲ့ Young Force-UG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။