မကွေးတိုင်း၊ ကမ္မမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ရဲစခန်းကို ဒေသတွင်း PDF (၁၆)ဖွဲ့ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ရဲ (၇)ဦး သေဆုံးကြောင်း အနောက်လွင်ပြင် LDF က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၁၉)ရက်၊ ညနေ ၃ နာရီခွဲလောက်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ ကမ္မမြို့ပေါ် ဝင်ရောက်စီးနင်းကာ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံး အားလုံးနီးပါးကို ဖျက်ဆီးခဲ့ကာ ထိခိုက်မှုတွေကို စိစစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
“စခ တွေအငိုက်မိပြီးခံရတယ်။ မဟန်တော့လို့ ရဟတ်ယာဉ်နဲ့လာပစ်ရော။ ထုံးစံအတိုင်း ရဟတ်ယာဉ် ပေါ်ကနေ ပြည်သူတွေရောဘာရော အကုန်ပစ်ပဲ။ ကျနော်တို့မြို့သားတွေလည်း အကုန်ထွက်ပြေးပဲ” လို့ ကမ္မမြို့ခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ဒဏ်ရာရတယ်လို့ သတင်းထွက်ပေါ်နေပြီး (၁)ယောက်မက ဒဏ်ရာရနိုင်တယ်လို့ သူက ပြောပါတယ်။
ရဲစခန်းကို သိမ်းနိုင်နိုင် ကြိုးစားခဲ့ပေမဲ့ အရန်ကျည် အင်အားနည်းနေပြီး ပခုက္ကူတပ်မ(၁၀၁) ကနေ စစ်ကူ ရောက်လာတဲ့အပြင် Mi-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် PDF ရဲဘော် တွေ ပြန်ဆုတ်လာခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုအပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်တပ် ပစ်ခတ်တဲ့ ၄၀(မမ)ကျည် ပြည်သူတစ်ဦးကို ရှပ်ထိခဲ့ကြောင်း အနောက်လွင်ပြင် LDF က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို BLY တော်လှန်ရေးအင်အားစု(ပေါက်)၊ အနောက်လွင်ပြင် (ပေါက်)၊ တော်ဝင်ကျား(ပေါက်)၊ YGF(ပေါက်)၊ ပခုက္ကူ ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း (၁၃)၊ Young Force၊Thu Rain၊Pku Ranger၊Pku Underground၊ဧရာ အနောက် ပြောက်ကြားတပ်ဖွဲ (PKU)၊ ရွှေညာမြေ၊ MRG(မြိုင်)၊ Royal Seven (မြိုင်)၊ MRDF(မြိုင်)နဲ့ဘီလုံ ပြောက်ကြားတပ်ဖွဲ(မြိုင်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။