ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးစခန်း (၄)ခုကနေ လက်နက်မျိုးစုံ (၁၀၀) ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ (၁၉)ရက်နေ့က နောင်ချိုမြို့နယ်၊ လွင်ကြီး၊ ကျုအင်း၊ ဟိုခိုနဲ့ကုန်းစံ အကျဉ်းဦးစီးစခန်း (၄)ခုကို TNLA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ်မျိုးစုံ (၁၀၄)လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီစခန်း (၄)ခုကနေ MA-11 အလက် ၅၀၊ MA-12 ၉ လက်၊ MA-5 ၁၃ လက်၊ Shot Gun ၃၂ လက်၊ 5.56 ကျည် ၈၂၄၅၈ တောင့်၊ 9 MM ကျည်၅၁၁ တောင့်၊ 12 Bolt ကျည်၁၅၉၂ တောင့် နဲ့ ဆက်စပ်စစ်သုံးပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။