ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာကြောင်း တအောင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
လားရှိုးမြို့ပေါ် လုံခြုံရေးဆောင်ရွက်နေတဲ့ ခမရ-၅၁၂ တပ်ရင်းက တပ်သား ဟိန်းမင်းဦးဟာ သေနတ် (၁)လက်၊ ကျည်ဆန် (၂၀၀)ကျော်တို့နဲ့အတူ ဒီဇင်ဘာ (၂၈)ရက်က အလင်းဝင်လာခြင်း ဖြစ်ပါတယ်။
တပ်သား ဟိန်းမင်းဦးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုကို မကြိုက်တော့ခြင်းနဲ့ ပြည်သူဘက်က ရပ်တည်လိုတာကြောင့် TNLA ထံ ဆက်သွယ်ကာ အလင်းဝင်လာခြင်း ဖြစ်ကြောင်း ထွက်ဆိုတယ်လို့ သိရပါတယ်။
နိုဝင်ဘာ (၈)ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်းရှိ ခမရ-၃၆၂က စစ်သားတစ်ဦး စစ်မတိုက်လိုတော့ တာကြောင့် လက်နက်ခဲယမ်းနဲ့တကွ TNLA ထံ အလင်းဝင်ခဲ့ပါတယ်။
စစ်အုပ်စုလက်အောက်ခံ စစ်သား၊ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ရင်ခွင်ဝင်ကြဖို့ TNLA က ဖိတ်ခေါ်ပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။