Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကွမ်းလုံ မြို့သိမ်းတိုက်ပွဲမှာ KNDF ရဲဘော် ၃ ဦး ကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲမှာ KNDF ရဲဘော် (၃)ဦး ကျဆုံးခဲ့ကြောင်း သိရပါတယ်။


ကွမ်းလုံမြို့သိမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း KNDF ကသတင်း ထုတ်ပြန်ပါတယ်။


KNDF ရဲ့မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းက တပ်စုမှူး မောင်ဗေဒါ၊ တပ်စိတ်မှူး မောင်မာနွေးလယ် နဲ့ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်းတို့  ကွမ်းလုံမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တာပါ။


KNDF ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့  နေ့စဥ်တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ လည်း ဆိုပါတယ်။


နိုဝင်ဘာ (၉)ရက် နေ့ခင်းပိုင်းမှာ ကွမ်းလုံမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က ဆိုပါတယ်။


~~~~~~~~~~ 

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။