Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကွမ်းလုံအခြေစိုက် ခလရ-၁၄၃ ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်းတစ်ရင်းလုံး အလင်းဝင် အလင်းဝင် စစ်သားတွေကို လမ်းစရိတ် ကျပ်သိန်း ၇၀၀ ကျော် ထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တောင်ပိုင်း၊ ကံမိုင်းဒေသအခြေစိုက် ခလရ-၁၄၃ က ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံး အလင်းဝင်လာကြောင်း သိရပါတယ်။


အောက်တိုဘာ (၃၀)ရက်နေ့က ခလရ-၁၄၃ ရဲ့ ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး (၂)ဦး အပါအဝင် စုစုပေါင်း (၄၁)ဦး MNDAA ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း The Kokang က ထုတ်ပြန်ပါတယ်။


MNDAA ကအလင်းဝင်လာတဲ့ စစ်သား (၄၁) ဦးကို တစ်ဦးလျှင် လမ်းစရိတ် ကျပ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရပါတယ်။


ကံမိုင်းဒေသမှာ အခြေစိုက် စစ်သားတွေဟာ တပ်စခန်းအတွင်းမှာသာ ခိုအောင်းကာ စစ်ကူကိုစောင့်ဆိုင်းနေရကြောင်း  အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းမှာ  ညီနောင် (၃) ဖွဲ့ က ခလရ-၁၄၃ တပ်ရင်းကို  လက်နက်ချအလင်းဝင်ဖို့  တောင်းဆိုခဲ့ရာ နှစ်ဘက် တစ်နေကုန် ဆွေးနွေးကြပြီးနောက် အလင်းဝင်ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။


အလင်းဝင်လာတဲ့ စစ်သားတွေက စစ်ရေးပစ္စည်းတွေနဲ့၊ လက်နက်ခဲယမ်းတွေကို တပ်စခန်းမှာ ထားရှိကာ ဆုတ်ခွာခဲ့ကြောင်း လက်ရှိအကြမ်းဖက် စစ်တပ်မှာ လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁)ရင်းမှာ လူအင်အား (၁၀၀)လောက်သာရှိတော့တဲ့အပြင် ထွက်ပြေးသူ၊ ကျဆုံးသူတွေလည်း နေ့စဥ်နဲ့အမျှ ဆက်တိုက်များ နေကြောင်း The Kokang က ဆိုပါတယ်။


ခလရ -၁၄၃ ကနေ  ဆက်သွယ်ရေးစက် (၃)ခု၊ ရိုင်ဖယ်သေနတ် (၂၇)လက်၊ စက်လက်အငယ် (၅)လက်၊ RPG (၂)လက်၊ Sniper (၁)လက်၊ စက်လက်အကြီး (၂)လက်၊ Type -82 စိန်ပြောင်း (၁)လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁)ဖာ၊ ၅.၅၆ Shot Gun ကျည် ၈၀၀၀၊ အီနာဂါ (၃)ဖာ၊ ရိုင်ဖယ်ကျည် ကတ် ၁၃၀၊ MA-4 ဗုံးသီး(၈၀)လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇)လုံး၊ ၈၂ မမ ဗုံးသီး (၉၁)လုံး၊ ၁၀၀(မမ) ဗုံးသီး (၄၆)လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈)လုံး၊ စကားပြောစက် (၇)ခု၊ ဆန် (၃၈)အိတ်၊ Readymade Food (၁၂)ဖာ၊ ကုလားပဲ (၃)ပုံး၊ ဆေး (၅)ဖာ၊ စားသုံးဆီ (၃)ပုံး၊ လောင်စာဆီ (၃)ပုံးနဲ့ ဝက် (၁)ကောင် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။


~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။