ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းက ရဲတပ်သားအားလုံး AA ထံ လက်နက်ချ အလင်းဝင်ကြောင်း သိရပါတယ်။
အပေါက်ဝနယ်မြေရဲစခန်းကို AA က လက်နက်ချဖို့ အကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်အားလုံး လက်နက်ချခဲ့ခြင်းဖြစ်ပြီး စခန်းမှူးကတော့ ထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။
အဲဒီရဲစခန်းကို ဒီနေ့ နိုဝင်ဘာ (၁၃)ရက်၊ မနက် (၁၁)နာရီ၊ (၁၅)မိနစ်လောက်မှာ AA ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
အပေါက်ဝရဲစခန်းက ရဲတွေကို AA ကခေါ်ဆောင်သွားပြီး ဘယ်နေရာကို ခေါ်သွားသလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
AAက ရဲစခန်းထဲရှိ လက်နက်ခဲယမ်းနဲ့ ယူနီဖောင်းတွေကို သိမ်းဆည်းသွားကြောင်း ဒေသခံမျက်မြင်တွေ ကပြောတယ်လို့ Western News က ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲ (၂၆)ဦး ဆိုတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။