“သူတို့က တကယ်ကို ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို ဒီလိုပြုမူဆက်ဆံတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ရန်သူကို ရန်သူလို သဘောမထားပါဘူး။ အဖမ်းခံရတဲ့ နေ့ကတည်းက အခုအချိန်အထိ ကိုယ့်ညီတွေလို၊ ကိုယ့်မိသားစုဝင်တွေလို ထားပေးပါတယ်။ အစားအသောက်ဆိုလည်း ကောင်းကောင်းမွန်မွန်နဲ့ စားရပါတယ်။ အဝတ်အစားတွေဆိုလည်း ဆင်ပေးပါတယ်။ သူတို့စိတ်ဓာတ်ကို တကယ်ကို လေးစားပါတယ်။ KNU တပ်ကို ကျွန်တော်တို့ တကယ်ကို ကျေးဇူးတင်ပါတယ်။”
စည်သူထက်
(တပ်သား၊ ခလရ ၆၁)
KNU ရဲ့ စစ်သုံ့ပန်း မူဝါဒ ဘာလဲ ?
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီ အရာခံဗိုလ်တစ်ဦးနဲ့ စစ်သား ၇ ဦးကို KNU တပ်မဟာ ၆ နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီစစ်သား ၇ ဦးဟာ အကြမ်းဖက်စစ်တပ်က ရဲဘော်သစ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့နယ်ရှိ အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သင်တန်း တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ် ခမရ -၃၄၃ မှာ တာဝန်ထမ်းဆောင်ဖို့ အိမ်စီးကားနဲ့ သွားခေါ်လာစဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာပါ။
KNU အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သားတွေရဲ့ အခြေအနေ အသေးစိတ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-ICRC ထံ အကြောင်းကြားထားသလို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“စစ်ကောင်စီမှားတိုင်း ကျနော်တို့ လိုက်မှားလို့ မရပါဘူး။ အဆိုးကို အဆိုးနဲ့ လိုက်ယှဉ်လို့ မဖြစ်ပါဘူး။ ကိုယ့်ရဲဘော်တွေ စားရသလို သူတို့လည်း စားရပါတယ်။ စစ်သုံ့ပန်းပေါ်လစီအရပဲ ကျနော်တို့ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။
ဒီစစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားမှုနဲ့ ပတ်သက်ပြီး ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်က KIC သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။
“စစ်ကောင်စီမှားတိုင်း ကျနော်တို့ လိုက်မှားလို့ မရပါဘူး။ အဆိုးကို အဆိုးနဲ့ လိုက်ယှဉ်လို့ မဖြစ်ပါဘူး။ ကိုယ့်ရဲဘော်တွေ စားရသလို သူတို့လည်း စားရပါတယ်။ စစ်သုံ့ပန်းပေါ်လစီအရပဲ ကျနော်တို့ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ KNU က ကိုယ့်ရဲ့ရည် ရွယ်ချက် ရည်မှန်းချက်သွားတဲ့နေရာမှာ စစ်ကောင်စီလို ရွာဖျက်၊ မီးရှို့၊ လူသတ်တဲ့အရာမျိုးကိုတော့ သူတို့နဲ့ လိုက်ပြိုင်လို့ မရဘူးပေါ့လေနော်။ ကျနော်တို့ မူပေါ်လစီအတိုင်း ဆောင်ရွက်သွားမယ်”
KNU က စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားပုံဟာ တကယ်ကို လေးစားစရာဖြစ်ပါတယ်။ စစ်သုံ့ပန်းတွေအတွက် ကုန်ကျစရိတ် ပြဿနာကိုတော့ KNU အနေနဲ့ လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ ကုန်ကျစရိတ် အတော်ကြီးပါတယ်။ ဒီအတွက် ဘယ်နိုင်ငံတကာ အဖွဲ့အစည်း၊ ဘယ်အလှူရှင်တွေဆီကမှ သူတို့ အထောက်အပံ့ မရသေးပါဘူး။
စစ်တပ်ကို စက်ဆုပ်ရွံရှာ မုန်းတီးနေတဲ့ ပြည်သူတွေဆီက စစ်သုံ့ပန်းတွေအတွက် မုန့်တစ်ခု၊ အဝတ်တစ်ထည် ဆိုတာလောက် အထောက်အပံ့ ရဖို့ဆိုတာတောင် အင်မတန်မှ ခက်ခဲတယ်ဆိုတာ အားလုံး နားလည်ကြမယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကြားမှာပဲ KNU ဟာ စစ်သုံ့ပန်းတွေကို သေသေချာချာ ဆေးဝါး ကုသပေးတယ်၊ ကျွေးမွေးစောင့်ရှောက်တယ်၊ အဝတ်အစားလေးတွေ၊ ဘာတွေ ရှာကြံပြီး ပေးရတယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ဘာညာက အစ စီစဉ်ပေးထားတာ တွေ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC လို အဖွဲ့အစည်းတွေကို အကြောင်းကြား ဆက်သွယ်ခဲ့ပေမယ့် ခုချိန်ထိတော့ စစ်သုံ့ပန်းတွေအတွက် အထောက်အပံ့ တစ်စုံတစ်ရာ ရရှိတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
တကယ့် လက်တွေ့ ကျနော် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေအရတော့ စစ်သုံ့ပန်းတွေ နေ့စဉ်နေထိုင် ရှင်သန် ဖြတ်သန်းနေရပုံကို ကြည့်ရတာ စစ်အကျဉ်းသားတွေနဲ့ တစ်စက်ကလေးမှ မတူပါဘူး။
သူတို့ နေရာမှာ သူတို့ သီးပင်စားပင်လေးတွေ စိုက်ထားတယ်။ ဝါသနာပါတဲ့ စစ်သုံ့ပန်းတွေ သူတို့ဘာသာ စိုက်ထားတာပါ။ မနက်ခင်း၊ ညနေခင်းတွေဆို ဒီအပင်လေးတွေကို ရေလောင်းပေါင်းသင်မယ်။
နေ့ခင်းနေ့လည်ဆို သူတို့အချင်းချင်းပဲဖြစ်ဖြစ်၊ သူတို့ကို လုံခြုံရေးတာဝန်ယူထားရတဲ့ KNLA ရဲဘော်လေးတွေနဲ့ ဖြစ်ဖြစ် စကားစမြည်ပြောကြ၊ ညနေခင်းတွေဆို ပိုက်ကျော်ခြင်း ခတ်တတ်သူတွေက ခပ်၊ မခပ်တတ်သူက ဘေးက ထိုင်ကြည့်နဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပါပဲ။
သူတို့က တကယ်ကို ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို ဒီလိုပြုမူဆက်ဆံတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ တအားလည်း ကောင်းပါတယ်။ ရန်သူကို ရန်သူလို သဘောမထားပါဘူး။
ဖမ်းဆီးခံ စစ်သုံ့ပန်း စည်သူထက်က အခုလို ပြောပြပါတယ်။
“သူတို့က တကယ်ကို ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို ဒီလိုပြုမူဆက်ဆံတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ တအားလည်း ကောင်းပါတယ်။ ရန်သူကို ရန်သူလို သဘောမထားပါဘူး။ အဖမ်းခံရတဲ့ နေ့ကတည်းက အခုအချိန်အထိ ကိုယ့်ညီတွေလို၊ ကိုယ့်မိသားစုဝင်တွေလို ထားပေးပါတယ်။ အစားအသောက်ဆိုလည်း ကောင်းကောင်းမွန်မွန်နဲ့ စားရပါတယ်။ အဝတ်အစားတွေဆိုလည်း ဆင်ပေးပါတယ်။ သူတို့စိတ်ဓာတ်ကို တကယ်ကို လေးစားပါတယ်။”
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ စစ်ကို စစ်လို ပီပီပြင်ပြင် တိုက်နေပေမယ့် KNU ဟာ လူကို လူလို မြင်တတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်ဆိုတာ ရန်သူ စစ်သုံ့ပန်းတွေကို အခုလို ထိန်းသိမ်းထားခြင်းက သက်သေပြနေပါတယ်။ KNU ရဲ့ စစ်သုံ့ပန်း မူဝါဒကို အနှစ်ချုပ် ပြောရမယ်ဆိုရင်တော့ လူသားဆန်တဲ့ မူဝါဒပါပဲ။ လူသားဆန်မှုဆိုတာက လူ့အဖြစ်၊ လူ့အသက်၊ လူသားဘဝကို တန်ဖိုးထားတာ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတာလို့ ဆိုရမှာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်ထဲ သူတို့ ဘယ်လို ရောက်ခဲ့ကြတာလဲ ?
ဖမ်းဆီးခံ စစ်သုံ့ပန်း ၇ ဦးဟာ ပျမ်းမျှ အသက်၂၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ အရင်ကတည်းက စစ်သားဖြစ်နေကြသူတွေ မဟုတ်ကြပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာမှ စစ်သင်တန်းတက်ပြီး စစ်တပ်ထဲ ရောက်ခဲ့ကြသူတွေပါ။ သူတို့ ၇ ယောက်စလုံးဟာ ပဲခူးတိုင်း၊ ရေနီမြို့နယ်က အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သင်တန်း တက်ရောက်ခဲ့ကြပြီး တာဝန်ကျရာ ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ ၃၄၃ နဲ့ ခလရ ၆၁ ကို လာရောက်စဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံးက စစ်တပ်ကို အော့နှလုံးနာ စက်ဆုတ်ရွံရှာနေချိန်၊ တစ်နိုင်ငံလုံးနေရာအနှံ့ Gen Z လူငယ်လေးတွေက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို တော်လှန်နေချိန်မှာမှ ဒီလူငယ်တွေ စစ်တပ်ထဲ ဘယ်လို ရောက်သွားကြတာလဲဆိုတာက အတော့်ကို စိတ်ဝင်စားစရာပါ။
စစ်တပ်ထဲက ကျွန်တော် ဝင်ချင်လို့ ဝင်ခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ အပြစ်တစ်ခုခုကြောင့် စစ်တပ်ထဲရောက်တယ်ဆိုရမှာပဲ။
ဖမ်းဆီးခံ စစ်သုံ့ပန်း စည်သူထက်ကတော့ သူတပ်ထဲ ရောက်ခဲ့ရပုံကို အခုလို ပြောပြပါတယ်။
“စစ်တပ်ထဲက ကျွန်တော် ဝင်ချင်လို့ ဝင်ခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ အပြစ်တစ်ခုခုကြောင့် စစ်တပ်ထဲရောက်တယ်ဆိုရမှာပဲ။ ပြည်သူလူထုက လက်သင့်မခံတဲ့ ကြားထဲမှ ကျွန်တော်က စစ်တပ်ထဲ ဝင်တယ်ဆိုတော့။ ဒါပေမဲ့ ကျွန်တော်က လိုလိုလားလားနဲ့ စစ်တပ်ကို ချစ်လို့ ဝင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပြဿနာတစ်ခုခုကြောင့်မို့လို့ ကျွန်တော် စစ်တပ်ထဲကို ရောက်ခဲ့တာပါ။”
“အချိန်ကစေ့တော့မှာဆိုတော့ ကျွန်တော်တို့ သူတို့ကို တားပါတယ်။ ဒါပေမဲ့ သူတို့ကလည်း တအားသောက်ချင်နေတဲ့သူတွေဆိုတော့ ကိုယ်ချင်းစာတဲ့အနေနဲ့ ဆိုင်ပိုင်ရှင်ကို အကူအညီတောင်းပြီးတော့ ကျွန်တော် သူတို့ကို ဆိုင်မှာ သောက်ခွင့်ပေးလိုက်ပါတယ်။ ကျွန်တော် သူတို့ကို လူမှုရေး နားလည်မှုနဲ့ သောက်ခွင့်ပေးလိုက်တာပေါ့။”
စည်သူထက်ဟာ မန္တလေးမြို့က ဘီယာဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူပါ။ သူ့ဘီယာဆိုင်ကို ညဆိုင်ပိတ်ချိန်မှာမှ အရက်သောက်ချင်လို့ ရောက်လာသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ သူခွင့်ပြုခဲ့ပါတယ်။ ဒါကပဲ သူ့ကို စစ်တပ်ထဲကို တွန်းပို့လိုက်မယ့် ခြေလှမ်းအစဆိုတာကိုတော့ စည်သူထက်တစ်ယောက် အဲ့အချိန်က မသိခဲ့ပါဘူး။
“အချိန်ကစေ့တော့မှာဆိုတော့ ကျွန်တော်တို့ သူတို့ကို တားပါတယ်။ ဒါပေမဲ့ သူတို့ကလည်း တအားသောက်ချင်နေတဲ့သူတွေဆိုတော့ ကိုယ်ချင်းစာတဲ့အနေနဲ့ ဆိုင်ပိုင်ရှင်ကို အကူအညီတောင်းပြီးတော့ ကျွန်တော် သူတို့ကို ဆိုင်မှာ သောက်ခွင့်ပေးလိုက်ပါတယ်။ ကျွန်တော် သူတို့ကို လူမှုရေး နားလည်မှုနဲ့ သောက်ခွင့်ပေးလိုက်တာပေါ့။”
သူတို့ သောက်ပြီးချိန်မှာတော့ စည်သူထက်က သူတို့ကို ပြန်ကြဖို့ တိုက်တွန်းရင်း ပိုက်ဆံရှင်းဖို့ ပြောပါတယ်။
“သူတို့ကို ကျွန်တော် အကူအညီတောင်းပါတယ်။ သူတို့ ပြန်ဖို့ကို။ ဆိုင်ပိုင်ရှင်ကို ဘေလ်ထုတ်ခိုင်းလိုက်ပြီး ဘေလ်ကတ်ပြလိုက်တော့ သူတို့လည်း မူးနေတဲ့သူတွေဆိုတော့ ရစ်တာပေါ့လေ။ ရစ်တော့ ကျွန်တော်လည်း ဆိုင်ပိုင်ရှင်ကို ပြောတယ်။ သူတို့ကို ဆိုင်ပိုင်ရှင်ပဲပြောလိုက်တော့၊ ကျွန်တော်ကတော့ မပြောချင်တော့ဘူးဆိုပြီး ကျွန်တော်က ပြောလိုက်တဲ့အချိန်မှာ သူတို့က ကျွန်တော့်ကိုပဲ ရစ်လား၊ စိန်ခေါ်တဲ့အနေအထားရောက်နေတော့ ကျွန်တော် အဲဒီအထဲက သူကို ပုလင်းနဲ့ ခေါင်းရိုက်မိလိုက်ပါတယ်။”
မမျှော်လင့်ဘဲ တဒင်္ဂ ဒေါသနဲ့ ခေါင်းရိုက်လိုက်မိတဲ့ စည်သူထက်တစ်ယောက် ဘီယာဆိုင်ကနေ ခေတ္တရှောင်တိမ်းဖို့ သူ့သူငယ်ချင်းရှိရာ ကျောက်ဆည်ကို ဆိုင်ကယ်နဲ့ ညတွင်းချင်းထွက်ခွါခဲ့ပါတယ်။ ဒါပေမဲ့ စည်သူထက်တစ်ယောက် သူငယ်ချင်းရှိရာ ကျောက်ဆည်ကို မရောက်ခဲ့ဘဲ၊ လမ်းမှာတင် ဘယ်လိုတွေ ကြုံခဲ့ရတယ်ဆိုတာကို သူက အခုလို ပြန်ပြောပြပါတယ်။
“ကျွန်တော့် သူငယ်ချင်းရှိတဲ့ ကျောက်ဆည်ကို လှမ်းပြီးတော့ အကူအညီတောင်းတာပေါ့။ သူငယ်ချင်းကလည်း သူကူညီမယ်၊ သူ့ဆီကိုသာ အမြန်ရောက်အောင် လာခဲ့ဆိုတော့ ကျွန်တော်လည်း သူ့ဆီကို ညတွင်းချင်း ဆိုင်ကယ်နဲ့ သွားရတာပေါ့။ သွားတော့ ကျွန်တော် ကျောက်ဆည်အဝင်မှာပဲ ဆိုင်ကယ်က ဘာဖြစ်သွားမှန်းမသိဘူး။ ထိုးရပ်သွားတာ။ အဲဒီမှာ ကျွန်တော် အဲဒီဆိုင်ကယ်ထိုးရပ်တဲ့အချိန်မှာပဲ လူနှစ်ယောက်ပေါ့၊ အဲဒီလူနှစ်ယောက်က လာတယ်။ ကျွန်တော်ကတော့ အစကတော့ ရဲထင်တာ။ ရဲ မဟုတ်ဘူး၊ သူတို့နှစ်ယောက်ကတော့ ညီလေး ဘာဖြစ်တာတုန်းမေးတယ်။ ကျွန်တော်ကလည်း အကုန်လုံး အဖြစ်အပျက်ကိုပေါ့လေ၊ ကျွန်တော် ပြောလိုက်တယ်။ ပြောလိုက်တော့ သူတို့ကူညီမယ်ဆိုလို့ ကျွန်တော် ဝမ်းသာသွားတယ်။ သူတို့ခေါ်တဲ့နေရာကို ကျွန်တော်လိုက်သွားမိတယ်။”
“စတစ်အဖြူလေးနဲ့ ပုဆိုးတစ်ထည် ကျွန်တော့်ကို ကူညီတဲ့တစ်ယောက်က လာပို့တယ်။ ကျွန်တော် အဲဒီစတစ်နဲ့ ပုဆိုးကို ဝတ်ပြီးတော့ သူတို့ စည်းဝေးပွဲခန်းမကြီးထဲ ကျွန်တော့်ကို ခေါ်သွားတော့ ကျွန်တော်လိုက်သွားရတယ်။ ပြီးတော့ ဟိုမှာလည်း ကျွန်တော့်လို လူမျိုးတွေချည်းပဲ။ တန်းစီလို့။
တကယ်တော့ စည်သူထက်ကို ကူညီမယ်ဆိုသူက စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်ကျော်ဦးဆိုသူ ဖြစ်ပါတယ်။ သူ့ကို ထောင်မကျအောင် ကူညီမယ်ဆိုပြီး နောက်တစ်ရက်မှာ ကြုံတွေ့ခဲ့ရပုံတွေကို စည်သူထက်က အခုလို အသေးစိတ် ပြောပြပါတယ်။
“စတစ်အဖြူလေးနဲ့ ပုဆိုးတစ်ထည် ကျွန်တော့်ကို ကူညီတဲ့တစ်ယောက်က လာပို့တယ်။ ကျွန်တော် အဲဒီစတစ်နဲ့ ပုဆိုးကို ဝတ်ပြီးတော့ သူတို့ စည်းဝေးပွဲခန်းမကြီးထဲ ကျွန်တော့်ကို ခေါ်သွားတော့ ကျွန်တော်လိုက်သွားရတယ်။ ပြီးတော့ ဟိုမှာလည်း ကျွန်တော့်လို လူမျိုးတွေချည်းပဲ။ တန်းစီလို့။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့် အလှည့်မရောက်သေးတော့ ထိုင်နေတယ်။ကျွန်တော့်ရှေ့က တစ်ယောက်က သူ တပ်ထဲမဝင်ချင်ဘူးဆိုတဲ့ ဆန္ဒကို ပြောပါတယ်။ သူ အဲဒီလိုပြောလိုက်ရုံနဲ့ အရာရှိတစ်ယောက်က ရိုက်ပြီးတော့ သူ့ကို ခြောက်ပေါက်ထဲ ထည့်ထားလိုက်တာ။ ခြောက်ပေါက်ထဲ ထည့်ထားလိုက်တော့ ကျွန်တော်က ဘာမှန်းမသိသေးဘူး။ အဲဒီအချိန်ထိ ဘာမှန်း မသိသေးဘူး။”
စည်သူထက်က သူနဲ့ စိမ်းတဲ့ အခြေအနေတွေကို အကဲခတ်ရင်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ သူ့ကို လိုက်ပို့တဲ့ တပ်ကြပ်ကျော်ဦးကို လိုက်ရှာတော့လည်း သူ မတွေ့ရပါဘူး။
“ကျွန်တော့်အလှည့်လည်း ရောက်ရော အရာရှိတစ်ယောက်က ကျွန်တော့်ကို အဲဒီမှာ လက်မှတ်ထိုးလိုက်ဆိုပြီးတော့ သူချပေးတဲ့ စာအုပ်၊ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကျွန်တော့်ကိုယ်ရေး အချက်အလက်ဖိုင် ဖြစ်နေတယ်။ အဲဒီအချက်အလက်ဖိုင်ထဲမှာ ကျွန်တော့်မိဘတွေက စစ်တပ်ထဲကို လိုလိုလားလား သွင်းပေးပါတယ်ဆိုတာရယ်၊ ရဲစခန်းက လိုလိုလားလား ထောက်ခံပါတယ်ဆိုတာရယ်။ အုပ်ချုပ်ရေးမှူး ထောက်ခံစာရယ်၊ ကျွန်တော်ကိုယ်တိုင် လိုလိုလားလား ဝင်ချင်ပါတယ်ဆိုတဲ့ စာတမ်းရယ်။ ဒီကိုယ်ရေးအချက်အလက်ဖိုင်က ကျွန်တော့်ပါးစပ်က ထွက်ပြီး ရေးထားတဲ့စာတွေလည်း မဟုတ်ဘူး။ ကျွန်တော့်အဖေ၊ ကျွန်တော့်အမေဘက်က ရေးထားတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဒီဖိုင်ကို သူတို့လုပ်ထားတယ်ဆိုတာ ကျွန်တော် သိလိုက်ပြီ။ အဲဒီအချိန်မှာ ကျွန်တော် လက်မှတ်မထိုးချင်ဘူးလို့ ပြောရင်လည်း ကျွန်တော် ရှေ့က အရာရှိလုပ်သွားသလို လုပ်ရပ်မျိုး ကျွန်တော်မြင်လိုက်ရတော့ ကျွန်တော် မပြောရဲတော့ဘူး။ မပြောရဲတော့ ကျွန်တော် လက်မှတ်လေး ထိုးပေးလိုက်တယ်။”
သူက ပြောတယ်၊ ကျွန်တော့်အမှုက ထောင်ကျမယ်လို့။ သူက မင်း စစ်တပ်ထဲဝင်ရင် ထောင်မကျဘူး။ အဲဒီလိုပြောတော့ ကျွန်တော်က စစ်တပ်ထဲ ဝင်ရင် ထောင်မကျဘူးဆိုတော့ ကျွန်တော်ကလည်း နည်းနည်း စိတ်ပါသွားတယ်။
အဲဒီလို မပြောရဲလို့ လက်မှတ်ထိုးပေးလိုက်ရပေမယ့် သူတပ်ထဲ မဝင်ချင်ပါဘူး။ သူ့ကို ကူညီတဲ့ တပ်ကြပ်ကျော်ဦးနဲ့ ညဘက်မှာ သူပြန်ဆုံတော့ သူတပ်ထဲတော့ မဝင်ချင်ဘူး၊ ဘယ်လို လုပ်ရမလဲဆိုပြီး မေးပါတယ်။
“သူက ပြောတယ်၊ ကျွန်တော့်အမှုက ထောင်ကျမယ်လို့။ သူက မင်း စစ်တပ်ထဲဝင်ရင် ထောင်မကျဘူး။ အဲဒီလိုပြောတော့ ကျွန်တော်က စစ်တပ်ထဲ ဝင်ရင် ထောင်မကျဘူးဆိုတော့ ကျွန်တော်ကလည်း နည်းနည်း စိတ်ပါသွားတယ်။ ဘာလို့ဆို ကျွန်တော့်အမှုကလည်း ကျွန်တော်တစ်ခါမှ အဲဒီလိုမဖြစ်ဖူးတော့ စစ်တပ်ထဲ ဝင်ရင်တော့ ငါ ထောင်ထဲမနေရတော့ဘူးဆိုတဲ့ စိတ်ဆန္ဒတစ်ခုနဲ့ ကျွန်တော် …”
“ကျွန်တော် သင်တန်းစတက်တော့ အခြေခံစစ်ရေးပြကို ကျွန်တော်တို့ စပြီးတော့ လေ့ကျင့်ခဲ့တာပေါ့။ အဲဒီအခြေခံစစ်ရေးပြ စပြီး လေ့ကျင့်ကတည်းက ကျွန်တော်တို့ အရိုက်ခံခဲ့ရတယ်၊ အဆဲအဆိုခံခဲ့ရတယ်။”
စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်တစ်ဦးရဲ့ လှည့်ဖျားစည်းရုံးမှုအောက်မှာ ထောင်ကျမှာ ကြောက်ခဲ့တဲ့ စည်သူထက်တစ်ယောက် ထောင်ထက် ဆိုးတဲ့ နေရာကို ရောက်ခဲ့ရပြီဆိုတာ အကြမ်းဖက် စစ်တပ်ရဲ့ အခြေခံ စစ်သင်တန်း ငရဲခန်းကို ဖြတ်ခဲ့ချိန်မှာ သူသိခဲ့ရပါတော့တယ်။
“ကျွန်တော် သင်တန်းစတက်တော့ အခြေခံစစ်ရေးပြကို ကျွန်တော်တို့ စပြီးတော့ လေ့ကျင့်ခဲ့တာပေါ့။ အဲဒီအခြေခံစစ်ရေးပြ စပြီး လေ့ကျင့်ကတည်းက ကျွန်တော်တို့ အရိုက်ခံခဲ့ရတယ်၊ အဆဲအဆိုခံခဲ့ရတယ်။”
အဲဒီလို နေ့စဉ်နဲ့အမျှ အရိုက်နှက်ခံ၊ အဆဲဆိုခံပြီးသင်တန်းတက်နေရတော့ သူထွက်ပြေးဖို့ ကြံခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရှေ့က ထွက်ပြေးသူ ၃ ယောက် နှိပ်စက်ခံထားရတာတွေ မြင်ပြီး သူ စစ်သင်တန်းက ထွက်ပြေးချင် စိတ်ကို မြိုသိပ်ခဲ့ရပြန်ပါတယ်။
“ကျွန်တော် ဒီသင်တန်းကြီးကို ပြီးဆုံးအောင် မတက်နိုင်တော့ဘူး။ ကျွန်တော်ထွက်ပြေးမယ်ဆိုတဲ့ စိတ်ကို ကြံရွယ်မိတယ်။ ကျွန်တော်ပြေးမယ်လို့ ကြံရွယ်ခိုက်မှာ ကျွန်တော်တို့ သင်တန်းသားထဲကပဲ သုံးယောက် ထွက်ပြေးခဲ့တယ်။ ထွက်ပြေးတော့ ဒီသုံးယောက်ကို သူတို့ အမိအရလိုက်ဖမ်းပါတယ်။ ဖမ်းပြီးတော့ ကျွန်တော်တို့ဆီကို ခေါ်ပြတယ်။ ခေါ်ပြတော့ တစ်ယောက်ကတော့ လက်ကျိုးတယ်။ တစ်ယောက်ကတော့ မျက်လုံးတစ်လုံး ဆုံးရှုံးရမယ်ပေါ့လေ။ နောက်တစ်ယောက်ကတော့ မျက်နှာကို ဘာမှ ရစရာမရှိဘူး။ အဲဒီတော့ ဒီမြင်ကွင်းကိုမြင်ပြီးတော့ ကျွန်တော်ပြေးချင်စိတ် လုံးဝပျောက်သွားတယ်။ အဲဒီလိုနဲ့ သင်တန်း ခြောက်လကို အဆဲအဆို ခံ၊ အရိုက်အနှက် ခံပြီးတော့ ခြောက်လလုံးလုံး တက်ခဲ့ရတယ်။”
ရေနီမြို့နယ်ရှိ အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သင်တန်း ၆ လတက်ရင်း ကြုံတွေ့ခဲ့ရပုံကို လက်ရှိ စစ်သုံ့ပန်းဘဝအခြေအနေနဲ့ နှိုင်းယှဉ်ပြီး စည်သူထက်က အခုလို ပြောပြပါသေးတယ်။
“ကျွန်တော်တို့ သင်တန်း ၆ လ တက်နေရတဲ့အချိန်နဲ့ ဒီမှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြုမူဆက်ဆံတာမျိုးနဲ့ ပြန်ပြီးတော့ နှိုင်းယှဉ်ကြည့်ရရင် တော်တော်ကြီးကို ကွာခြားပါတယ်။ ဘာလို့ကွာခြားတာလဲဆိုတော့ ကျွန်တော်တို့ သင်တန်း ၆ လ တက်နေတဲ့အချိန်မှာ ၆ လလုံးလုံး အိမ်မှာ ရှိတဲ့ အမေ၊ ညီမ၊ မွေးသားချင်းတွေတောင်မှ ဗိုက်မကြီးရုံတမယ်ပါပဲ။ သူတို့ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း။ အဲဒီတော့ စစ်တပ်က ဆက်ဆံပုံ၊ ဆက်ဆံနည်းနဲ့ ကျွန်တော်တို့ကို ဖမ်းတဲ့ KNU ဆက်ဆံပုံ၊ဆက်ဆံနည်းနဲ့ကတော့ ရေလို ဆီလို ကွာခြားပါတယ်။ ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ပေးတဲ့အတွက်လည်း KNU တပ်ကို ကျွန်တော်တို့ တကယ်ကို ကျေးဇူးတင်ပါတယ်။”
ကျွန်တော်တို့ အပတ်စဉ်မှာကတော့ သင်တန်းသား ၁၂၄ ယောက် ရှိတယ်။ ဒီ ၁၂၄ ယောက်လုံးဟာ စစ်တပ်ကြီးကို ချစ်ပါတယ်၊ စစ်တပ်ကြီးကို ထောက်ခံပါတဲ့ဆိုတဲ့သူ နည်းတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးနဲ့ ဝင်လာတဲ့သူလည်း နည်းတယ်။
စည်သူထက်တို့ အခြေခံစစ်သင်တန်း တက်ရတဲ့ အပတ်စဉ်မှာ သင်တန်းသား ၁၂၄ ယောက်ရှိပြီး ဒီသင်တန်းသားတွေ ဘယ်ပုံဘယ်နည်း တပ်ထဲရောက်ခဲ့ကြတယ်ဆိုတာ စည်သူထက်က အခုလို ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့ အပတ်စဉ်မှာကတော့ သင်တန်းသား ၁၂၄ ယောက် ရှိတယ်။ ဒီ ၁၂၄ ယောက်လုံးဟာ စစ်တပ်ကြီးကို ချစ်ပါတယ်၊ စစ်တပ်ကြီးကို ထောက်ခံပါတဲ့ဆိုတဲ့သူ နည်းတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးနဲ့ ဝင်လာတဲ့သူလည်း နည်းတယ်။ သေချာပြောရမယ်ဆိုရင်တော့ ၇ ယောက်လောက်ပဲ ရှိမှာပေါ့။ ၁၂၄ ယောက်စလုံးထဲမှာ။ ကျန်တဲ့သူတွေက ဘယ်လိုပြောမလဲဆိုတော့ အမှုကိုယ်စီပေါ့။ ကိုယ့်အမှုတွေ ကိုယ်စီကိုယ်စီနဲ့ ရောက်လာခဲ့တဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ဒီသူငယ်ချင်းတွေနဲ့ စကားတွေ ပြောကြတယ်။ ကိုယ့်အကြောင်း သူ့အကြောင်းလေးတွေ ပြောနေတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ကောက်မေးလိုက်တယ်။ မင်းက ဘာအမှုနဲ့တုန်းတဲ့။ ကျွန်တော် ပြန်စဉ်းစားတာပေါ့။ ဘာအမှုနဲ့တုန်းဆိုတော့ စစ်တပ်ထဲရောက်လာတဲ့သူတွေက ဒီစကားလုံးကို မေးတယ်ဆိုတော့ စဉ်းစားရတော့မယ်။ အခုဟာက ဒီလိုမေးတဲ့မေးခွန်းက ထောင်ထဲမှာပဲ ကြုံဖူး တွေ့ဖူးတာပဲ ရှိတယ်။ စစ်တပ်ထဲမှာ ဒီလိုမေးခွန်းမျိုးမရှိဘူး။ အဲဒီတော့ သူငယ်ချင်းတစ်ယောက်က မင်း ဘာအမှုနဲ့တုန်းဆိုတော့ ဟာ၊ ငါ ဘာအမှုနဲ့တုန်းမမေးနဲ့ မင်း ဘာအမှုနဲ့လဲဆိုတော့ သူ့ကိုမေးကြည့်လိုက်တော့ သူလည်း လူသတ်မှုနဲ့ပဲ။ ဆေး၊ မူးယစ် ၊ လောင်းကစား၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် တပ်ထဲကို ရောက်လာကြတာများတယ်။ ကိုယ်စီအကြောင်းအရာ ပြဿနာတွေကို ဖြေရှင်းလို့မရတော့လို့ တပ်ထဲရောက်လာ ကြသူတွေများတယ်။”
အာဏာသိမ်းစစ်တပ်ထဲကို ဝင်ဖို့ မပြောနဲ့ ဒီစစ်တပ်နဲ့ အဖတ်လုပ် ဆက်ဆံဖို့ကိုတောင် ဘယ်ပြည်သူ ပြည်သားကမှ မလိုလားကြပါဘူး။ ပြည်သူ့မေတ္တာ စူးနေတဲ့ ဒီစစ်တပ်ဟာ စစ်သားစုဆောင်းရေးကို နည်းမှန်လမ်းမှန်အတိုင်း မလုပ်နိုင်တော့တာကြောင့် ပြစ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်တွေကို ထောင် မကျစေရဘူးလို့ လှည့်ဖျားသိမ်းသွင်းရင်းနဲ့ လျော့ကျလာနေတဲ့ သူ့ရဲ့ စစ်သည်အင်အားကို ကျားကန်ဖြည့်ဆည်း နေရပါတယ်။ ဒီနည်းနဲ့ သူတို့ပြောတဲ့ Standard Army ဆိုတာကြီး ဘယ်လိုလုပ် တည်ထောင်နိုင်မှာလဲလို့ စည်သူထက်က မေးခွန်းထုတ်လိုက်ပါသေးတယ်။
“အဲဒီတော့ ဒီ ၁၂၄ ယောက်စလုံးထဲမှာ ၇ ယောက်ကို ကျွန်တော် သီးသန့်ဖယ်ကြည့်လိုက်တော့ ကျန်တဲ့လူဦးရေဟာ လူသတ်မှု၊ ဆေးမှု၊ နောက်ဆုံး အရက်သောက်ပြီးတော့ ရမ်းကားမှု၊ အဲဒီလိုအမှုအမျိုးမျိုးနဲ့ စစ်တပ်ထဲ ရောက်လာတဲ့သူတစ်ယောက်က သူတို့ အခုလက်ရှိ ထုတ်ပြန်ထားတဲ့ Standard ARMY ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခေါ်ထားတဲ့၊ သူတို့ တာဝန်ထမ်းဆောင်ခိုင်းမယ့် စစ်သားတစ်ယောက်ရဲ့ ရည်ရွယ်ချက်၊ စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အဲဒါကြီးကို သူတို့ ဒီလိုလူမျိုးတွေနဲ့ ဘယ်လိုတည်ဆောက်မှာလဲ”
စစ်သုံ့ပန်းဘဝမှာ ပျော်နေသူ
စည်သူထက်ဟာ သူ မဝင်ချင်တဲ့ စစ်တပ်ထဲကနေ ရုန်းထွက်ဖို့ အမြဲကြံစည်နေခဲ့ပေမယ့် ဘယ်လို ထွက်ပြေးရမယ်ဆိုတာကို သူ မသိသလို၊ ကြောက်စိတ်ကလည်း စစ်တပ်က ရုန်းထွက်ဖို့ အတားအဆီးဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး KNU ရဲ့ ဖမ်းဆီးခံရချိန်ရောက်မှပဲ သူ့ဆန္ဒ ပြည့်ဝခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော် ရုတ်တရက်တော့ တအားကြောက်သွားတာပေါ့။ တအားကြောက်သွားပြီးတဲ့နောက်မှာ ကျွန်တော် ကြောက်လည်း ကြောက်၊ ပျော်လည်း ပျော်မိပါတယ်။
“ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော် ရုတ်တရက်တော့ တအားကြောက်သွားတာပေါ့။ တအားကြောက်သွားပြီးတဲ့နောက်မှာ ကျွန်တော် ကြောက်လည်း ကြောက်၊ ပျော်လည်း ပျော်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မသွားချင်တဲ့ စစ်တပ်ကြီးကိုလည်း ကျွန်တော်မသွားရတော့ဘူး။ ကြောက်တာကတော့ ရုတ်တရက်ကြီး ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာတော့ သတ်များ သတ်မလား။ ကိုယ့်ရဲ့စိတ်ကူးထဲမှာဖြစ်နေတဲ့ ဒါလေးတစ်ခုပါပဲ။”
ထူးခြားတာ တစ်ချက်က တပ်ထဲကို ပြန်ပို့ပေးမယ်ဆိုရင် စစ်သုံ့ပန်းတွေက အကြောက်အကန် ငြင်းကြပါတယ်။ စည်သူထက်ကရော တပ်ထဲပြန်ဖို့ ဘယ်လို သဘောထားရှိနေပါသလဲ။ သူပြောတာ နားထောင်ကြည့်ရအောင်ပါ။
“တပ်ထဲ ပြန်လွှတ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘယ်လိုမှ မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကမှ တပ်ထဲကို မဝင်ချင်တဲ့၊ မသွားချင်တဲ့သူမို့လို့ ကျွန်တော်တို့ တပ်ထဲကို ပြန်ပို့လည်း ကျွန်တော်တို့ မသွားပါဘူး။ လက်ရှိမှာ နေရထိုင်ရတာနဲ့ တပ်ထဲမှာ နေရထိုင်ရတာနဲ့က တော်တော်ကို ကွာခြားပါတယ်။ သင်တန်းကျောင်းမှာကတည်းက ကျွန်တော်တို့က ခံခဲ့ရတာမို့လို့ ပြောတာပါ။ အခု လက်ရှိနေရထိုင်ရတာက ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ့်မိသားစုနဲ့ နေရသလိုပဲ။ ဟိုမှာနေရတာကတော့ ဘယ်လိုပြောမလဲ၊ ကျီးလန့်စာ စားစားနေရတယ် အဲဒီလိုဖြစ်နေတယ်။ အဲဒီလို နေနေရတာဆိုတော့ ကျွန်တော်တို့က တပ်ထဲကတော့ ဘယ်လိုမှ မပြန်ဘူး။ ဒီလိုအဖမ်းခံပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော် ဒီမှာ နေရထိုင်ရတာ၊ ဒီမှာ စားရသောက်ရတာ၊ ဒီက လူတွေရဲ့ စိတ်ဆန္ဒ စိတ်သဘောထားတွေကြောင့်မို့လို့ ကျွန်တော် ဒီလိုပြောရဲတာပါ။”
စည်သူထက်တစ်ယောက် ပြည်သူမုန်းတဲ့ အကြမ်းဖက်စစ်သားဘဝက လွတ်မြောက်ပြီး စစ်သုံ့ပန်းဘဝမှာ ပျော်နေပေမယ့် သူ့မှာ ရှေ့ဆက်ပြီး ဘာလုပ်ချင်နေတယ်ဆိုတာကိုလည်း အခုလို ပြောပြပါတယ်။
“ရှေ့ဆက် ဘာလုပ်သင့်လဲဆိုတော့ ကျွန်တော် တော်လှန်ရေးထဲကို ဝင်ဖို့ စိတ်ကူးထားတယ်။ ဘာလို့ တော်လှန်ရေးထဲကို ဝင်ဖို့ စိတ်ကူးထားတုန်းဆိုတော့ အရင်တုန်းကတော့ စိတ်ကူးထဲမှာ ဘာမှမရှိပါဘူး။ အခု ဘာလို့ရှိလာလဲဆိုတော့ စစ်တပ်ရဲ့မူဝါဒ။ သူတို့ သတ်မှတ်ထားတဲ့ သောင်းကျန်းသူ။ သူတို့ ပြောပြောနေတဲ့ အကြမ်းဖက်သောင်းကျန်းသူ မူဝါဒနဲ့က ဘယ်လိုမှ မအပ်စပ်ဘူး။ ကွာခြားလွန်းတယ်။ ပြောရမယ်ဆိုရင်တော့ ပြောင်းပြန် ကောက်ရမယ်။ စစ်တပ်က သောင်းကျန်းသူဖြစ်နေတယ်။ အခုလက်ရှိ သူတို့ ခေါ်ခေါ်နေတဲ့ သူတို့ သတ်မှတ်ထားတဲ့ သောင်းကျန်းသူက စစ်တပ်ဖြစ်ရမှာ။ အဲဒါကို ကျွန်တော် ထောက်ခံတယ်။”
တဒင်္ဂ ဒေါသတစ်ခုနဲ့ ပြဿနာ ကြုံရပြီး မမျှောလင့်ဘဲ အကြမ်းဖက်စစ်သားဘဝ ရောက်ခဲ့ရသူ စည်သူထက်ရဲ့ စစ်အာဏာရှင်တွေအပေါ်ထားတဲ့ သဘောထားကိုလည်း အခုလို သိခွင့်ရခဲ့ပါတယ်။
ဒီမကောင်းတဲ့ စနစ်ဆိုးကြီးကို စစ်တပ် အာဏာရှင်ကြီးတွေကို လက်သင့်မခံနိုင်လို့ တိုက်နေတဲ့ ပြည်သူတွေကိုလည်း ကျွန်တော် အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ဒီအာဏာရှင်စနစ်ကြီး ရှိနေသရွေ့ကတော့ ကျွန်တော်တို့ နိုင်ငံက ဘယ်တော့မှ မတိုးတက်ပါဘူး။ အခုလက်ရှိ ပြည်သူတွေ ဆိုးဆိုးရွားရွား ဖြစ်နေတာလည်း ဒီအာဏာရှင်တွေကြောင့်ပဲ။
“ကျွန်တော့်အနေနဲ့ကတော့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေလည်း အခက်အခဲဖြစ်ရတယ်။ စားဝတ်နေရေးလည်း အခက်အခဲဖြစ်ရတယ်။ လုပ်ရေးကိုင်ရေးလည်း အကုန်လုံး အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကျွန်တော် ပြည်သူတွေဘက်ကလည်း တကယ်ကို စာနာမိပါတယ်။ ဒီမကောင်းတဲ့ စနစ်ဆိုးကြီးကို စစ်တပ် အာဏာရှင်ကြီးတွေကို လက်သင့်မခံနိုင်လို့ တိုက်နေတဲ့ ပြည်သူတွေကိုလည်း ကျွန်တော် အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ဒီအာဏာရှင်စနစ်ကြီး ရှိနေသရွေ့ကတော့ ကျွန်တော်တို့ နိုင်ငံက ဘယ်တော့မှ မတိုးတက်ပါဘူး။ အခုလက်ရှိ ပြည်သူတွေ ဆိုးဆိုးရွားရွား ဖြစ်နေတာလည်း ဒီအာဏာရှင်တွေကြောင့်ပဲ။ အဲဒါကြောင့်မို့လို့ ဒီအာဏာရှင်တွေ ပြုတ်သွားအောင်လို့ အခုလက်ရှိတိုက်နေတဲ့ ပြည်သူတွေလည်း ဆက်တိုက်ဖို့ ကျွန်တော် အားပေးပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီအာဏာရှင်ကို တိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။”
အမှောင်တိုက်မှသည် အလင်းအိမ်ဆီသို့
သူ့လို နောက်လူငယ်တွေ ပြစ်မှု တစ်ခုခုကျုူးလွန်မိလို့ လှည့်ဖျားစည်းရုံးခံရပြီး စစ်တပ်ထဲ မရောက်အောင် သူ့အတွေ့အကြုံတွေကို ဖြန့်ဝေပေးပါလို့ ကျနော် မပြန်ခင် စည်သူထက်က တစ်ခုတောင်းဆိုပါတယ်။ ဒါနဲ့ပဲ ဒီစာကို ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ စစ်သုံ့ပန်းတွေ အများစုဟာ ပညာအရည်အချင်း၊ ဗဟုသုတ၊ အကြားအမြင် နည်းပါးလှသူတွေ ဖြစ်ကြသလို၊ ပြစ်မှုတစ်ခုခုကို ကျူးလွန်မိခဲ့တာကြောင့် စစ်တပ်ထဲကို မဝင်ချင်ဘဲ၊ ဝင်ခဲ့ရသူတွေ များပါတယ်။ တချို့တွေကတော့ အရင်ကတည်းက တပ်ထဲကို ဝင်ခဲ့ကြသူတွေဖြစ်ပြီး အခုအချိန်မှာ တပ်ထဲက ရုန်းထွက်ကြဖို့ မစွန့်စားရဲကြသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခါအခွင့်သင့်လို့ ရှေ့တန်းရောက်တဲ့အခါ ပြည်သူ့ဘက်ကို အလင်းဝင်ကြဖို့ ကြံစည်နေကြသူတွေ ဖြစ်နေတယ်ဆိုတာ တချို့ စစ်သုံ့ပန်းတွေရဲ့ အလွယ်တကူ လက်နက်ချမှုနဲ့ စစ်သုံ့ပန်းဘဝကနေ စစ်သားဘဝ မူလနေရပ်ဆီကို ပြန်မသွားချင်ကြတော့တဲ့ သူတို့ရဲ့ ငြင်းဆန်မှုတွေက သက်သေပြနေပါတယ်။
မြန်မာပြည်သူတွေ အင်မတန်မှ စက်ဆုတ်ရွံရှာမုန်းတီးနေတဲ့ အကြမ်းဖက်စစ်သားဘဝ၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြောက်တရားတွေနဲ့ ထိန်းချုပ်ထားပြီး လူသားဆန်မှု ပျောက်ဆုံးနေတဲ့ အကြမ်းဖက်စစ်သားဘဝကနေ လူသားဘဝ၊ လူ့ဖြစ်တည်မှု၊ လူ့အခွင့်အရေးကို တန်ဖိုးထား၊ လေးစားလိုက်နာတဲ့ စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတွေဘက်ကို အခွင့်သာခိုက်မှာ ဘက်ပြောင်း ခိုလှုံနိုင်ကြပါစေလို့ ဆန္ဒပြုလျက်…။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။