Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

Operation 1027 မှာ ပူးပေါင်းပါဝင်ကာ မိုးလုံးမှိုင်းစစ်ဆင်ရေးကို အရှိန်မြှင့်တင်မယ်

Operation 1027 ကို တစ်ထောင့်တစ်နေရာကနေ အင်တိုက်အားတိုက်ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ မိုးလုံးမှိုင်းစစ်ဆင်ရေးကို အရှိန်မြှင့်သွားမယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ပါတယ်။


မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် Operation 1027 ( ၁၀၂၇ စစ်ဆင်ရေး)ကို စတင်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/ MNDAA) ၊တအောင်း(PSLF/TNLA)နဲ့ ရက္ခိုင်(ULA/AA)တို့က အောက်တိုဘာ ၂၇ ရက်နေ့ထုတ်ပြန်ချက်ကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်းလည်း ဆိုပါတယ်။


မိုးကုတ်ဗျူဟာကို ၂၀၂၂ နှစ်ဦးပိုင်းကစပြီး မဟာမိတ် TNLA ရဲ့ ကူညီမှုနဲ့ တည်ထောင်ခဲ့ပြီး စစ်ဆင်ရေး တွေကို ပူးတွဲဆောင်ရွက်နေပါတယ်။


မိုးကုတ်ဗျူဟာမှာ မိုးကုတ်အခြေပြုတပ်ရင်း-၁၂၂၁၊ ၁၂၂၂ နဲ့ ၁၂၂၃ တို့ ပါဝင်ပါတယ်။
PDF-Mandalay ကလည်း Operation 1027 ကို လှိုက်လှဲစွာ ထောက်ခံကြိုဆိုကြောင်းနဲ့  ညီနောင် မဟာမိတ်၃ဖွဲ့ရဲ့ စစ်ဆင်ရေး အောင်မြင် အထောက်အပံ့ဖြစ်စေရေးအတွက် တောင်သမန်စစ်ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။