၂၀၂၃ ခုနှစ် ၄ လတာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း Nyan Lynn Thit Analytica ကသတင်းထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်မေလကနေ ဩဂုတ်လအထိ ၁၂၃ ရက်အတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၇၂ ဦးသေဆုံးကာ ၁၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အဲဒီ ၄ လအတွင်း ပျမ်းမျှအားဖြင့် ၁ ရက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှုန်း တိုက်ခိုက်ခဲ့ပါတယ်။
၄ လအတွင်း လေကြောင်းတိုက်ခိုက်မှုအများဆုံးက ကရင်နီဒေသဖြစ်ပြီး ၇၁ ကြိမ်ရှိခဲ့ပါတယ်၊ဒုတိယအများဆုံးမှာ စစ်ကိုင်းဒေသဖြစ်ပြီး ၆၉ ကြိမ်နဲ့ တတိယအများဆုံးက ချင်းဒေသ ၂၉ ကြိမ် ရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၃၃ လုံး၊စာသင်ကျောင်း ၁၇ ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း ၄ ခု ပျက်စီးခဲ့ကြောင်း Nyan Lynn Thit Analytica က ဆိုပါတယ်။
၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီကနေ ၂၀၂၃ ခုနှစ်၊ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ရှိခဲ့ပြီး အရပ်သား ၆၈၇ ဦး သေဆုံးကာ ၄၅၈ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။