ကေအဲန်ယူ၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေအတွင်း အခုနှစ် ၉ လတာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်သား ၃၈၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကေအဲန်ယူ၊ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲကြီး၊ ငယ်ပေါင်း အကြိမ် ၃၅၇၀ ဖြစ်ပွားခဲ့ကာ စစ်တပ်အရာရှိ၊ အရာခံတွေအပါအဝင် စစ်သားပေါင်း ၃၈၆၅ ဦးသေဆုံးခကာ ၂၂၆၀ ဦး ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း KNLA နဲ့ KNDO ရဲဘော် ၁၁၂ ဦး ကျဆုံးခဲ့ ပြီး ၃၉၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကေအဲန်ယူ နယ်မြေအတွင်းရှိ အရပ်သားတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းနဲ့ ရွာထဲဝင် လုယက် မီးရှို့ သတ်ဖြတ်ခြင်းတို့ စဉ် ဆက်မပြတ် ကျူးလွန်နေပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။