Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ဝင်လာတဲ့ တပ်သား ၂ ဦးကို ကျပ်သိန်း ၄၀ စီ ထောက်ပံ့

KNLA တပ်မဟာ(၃)၊ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်း လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ဝင်လာတဲ့ စစ်သား ၂ ဦးကို ကျပ်သိန်း ၄၀စီ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။


ဆောထိမြို့နယ်၊ သံဆိပ်စခန်းအခြေစိုက် ခမရ-၃၅၀ က တပ်သားဒဿနဲ့ တပ်သား ဖြိုးကိုကိုတို့ဟာ စက်တင်ဘာ (၁၁)ရက်၊ မနက် ၉ နာရီ ၁၅ မိနစ်လောက်က KNLA တပ်မဟာ(၃)ထံသို့ လက်နက်ချ ခိုလှုံလာခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။


သူတို့ ၂ ဦးဟာ MA1 တစ်လက်၊ MA-2 တစ်လက် နဲ့ ကျည် ၂၃၇ တောင့် ယူဆောင်လာခဲ့ ကြောင်း သိရပါတယ်။


သူတို့ ၂ ဦးကို ကေအဲန်ယူ_ခလယ်လွီထူခရိုင် တာဝန်ရှိသူတွေက ထောက်ပံ့ငွေ ပေးအပ်ခဲ့ တာပါ။


~~~~~~~~~~~

ကိုထိုက်

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။