Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေ့ပြောင်းဒုက္ခများ (Human Rights)

၃-၀၉-၂၃ ရက်နေ့က ဘန်ကောက်မြို့လယ်ကောင် saim paragon စျေးဝယ်စင်တာမှာ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးရဲ့ရူးနှမ်းမှုကြောင့် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အဲဒီပစ်ခတ်မှုမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုး မိန်းကလေးတစ်ဦးနဲ့ ခရီးသွားဧည့်သည် တရုတ်အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ ဦး သေနတ်ထိမှန်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ထဲက ရွှေ့ပြောင်းအလုပ်သမား မမိုးမြင့် ထိခိုက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး စကစဘက် သံရုံးကတော့ ဟန်ဆောင်ပဏာဝင်ယူနေတဲ့သတင်းကို တွေ့ရတယ်။ NUG ရဲ့ နိုင်ငံခြားရေးဘက်က ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး။ ဒီအဖြစ်အပျက်အပေါ် သတင်းထုတ်ပြန်တဲ့ ထိုင်းဝန်ကြီးချုပ် တောင်းပန်ရာမှာလည်း တရုတ်သံအမတ်ကိုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံသား သေဆုံးသွားတဲ့အကြောင်း တစ်လုံးတစ်ပါဒမှတောင် မပါပါဘူး။ ထိုင်းမှာ NUG က နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး ပြောခွင့်ဆိုခွင့် ဘယ်သူမှ ရှိမနေဘူးလို့ ယူဆရပါတယ်။ ကိုယ့်နိုင်ငံသားတစ်ယောက် ထိခိုက်ကွယ်လွန်ရတာကို ဂရုမပြုတဲ့သဘော ဆောင်နေပါတယ်။ လုပ်ရကောင်းမှန်းမသိကြတာလား၊ ဒါမှမဟုတ် အမေရိကနဲ့ ဥရောပတစ်ခွင် လှည့်လည်နေရလို့ အိမ်နီးနားချင်းတွေကို မေ့လျော့ကာ ကျော်သွားလေသလား မသိနိုင်ပါဘူး။ 

 

ကိုယ့်တိုင်းပြည်တွင်းမှာ လုပ်ငန်းကိုင်ငန်း အဆင် မပြေလွန်းလို့၊ ရှားပါးလွန်းလို့၊ တိုင်းပြည်မငြိမ်းချမ်းလွန်းလို့၊ မွဲပြာကျနေလွန်းလို့ စသဖြင့်တွေကြောင့် ဆိုတာ ဘယ်အစိုးရတက်တက် ဘယ်လိုအခြေအနေနဲ့ ရပ်တည်ရ ရပ်တည်ရ အစိုးရအမည်ခံလုပ်နေပြီ ဆိုရင်တော့ သိထားအပ်တဲ့ကိစ္စ ဖြစ်တယ်လို့ ယူဆပါတယ်။

 

တကယ်တော့ အခုလိုမျိုး မထင်မှတ်တဲ့ မတော်တဆမှုမျိုး ကြုံလာကြရတဲ့အခါမှသာ လူတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ရုတ်တရက် ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတဲ့ အရည်အသွေးကို မြင်ရလေ့ရှိပါတယ်။ ဒီအဖြစ်အပျက်အပေါ်မှာ ပိုက်ဆံရှာဖို့ အလုပ်သွားလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့ ပုဂ္ဂလိကပြဿနာမျှလောက်ပဲလို့ ထင်မြင်ယူဆထားရင်၊ တိုင်းတစ်ပါးရောက် ကိုယ့်နိုင်ငံသားတွေအပေါ် ထားအပ်တဲ့ လုံခြုံမှု၊ စာနာမှုတွေက အရေးမကြီးဘူးလို့ ထင်နေရင်တော့ ပြဿနာရှိတယ်လို့ ယူဆပါတယ်။ ကိုယ့်တိုင်းပြည်တွင်းမှာ လုပ်ငန်းကိုင်ငန်း အဆင် မပြေလွန်းလို့၊ ရှားပါးလွန်းလို့၊ တိုင်းပြည်မငြိမ်းချမ်းလွန်းလို့၊ မွဲပြာကျနေလွန်းလို့ စသဖြင့်တွေကြောင့် ဆိုတာ ဘယ်အစိုးရတက်တက် ဘယ်လိုအခြေအနေနဲ့ ရပ်တည်ရ ရပ်တည်ရ အစိုးရအမည်ခံလုပ်နေပြီ ဆိုရင်တော့ သိထားအပ်တဲ့ကိစ္စ ဖြစ်တယ်လို့ ယူဆပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့ အစိုးရတစ်ရပ် ဖြစ်တယ် မဖြစ်ဘူးနဲ့လည်း တိုက်ရိုက်ကြီး မသက်ဆိုင်ပါဘူး။ အစိုးရတစ်ရပ်ရဲ့ ကိုယ့် ပြည်သူတွေအပေါ် အစဥ်ထားအပ်တဲ့ အပြုအမူသဘောထားကို ဆိုချင်တာ ဖြစ်ပါတယ်။ အခု ပြည်သူ့တော်လှန်ရေးက ပေါက်ဖွားလာတယ်ဆိုတဲ့ NUG နဲ့ စပ်ဆိုင်တဲ့သူတွေဆီက ဘာအရေးစိုက်မှုကိုမျှ မတွေ့ရသေးပါဘူး။ စာရေးသူ မတွေ့မမြင်လိုက်လို့ဆိုရင်လည်း ရှိပါစေတော့။

 

ဒီဖြစ်ရပ်ဟာ နိုင်ငံရေး မဆိုင်ဘူး၊ တော်လှန်ရေးနဲ့ မပတ်သက်ဘူးလို့များ ယူဆထားကြလေသလားတော့ မသိပါ။ ကိုယ့်နိုင်ငံသားတစ်ဦးချင်းစီတိုင်းရဲ့ အရေးဟာ တိုင်းပြည်ရဲ့နိုင်ငံရေး ဖြစ်ပါတယ်။ 

 

ဒီနေရာမှာ မတရားအာဏာသိမ်းထားပြီး အစိုးမရသေးတဲ့ စကစလောက်တောင်မှ လာဘ်မမြင်ဘူးလို့ ပြောရမှာပါပဲ။ အာဏာသိမ်းဖက်ဆစ်အုပ်ဘက်က သံရုံးရဲ့ အလုပ်သမားရေးရာ အရာရှိဆိုသူတောင် ကြုံလာတဲ့အခြေအနေအပေါ်မှာ အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချနိုင်တာတွေ့ရတယ်။ ထိခိုက်ကွယ်လွန်သွားသူရဲ့ ရသင့်ရထိုက်တာတွေရရှိဖို့ စွမ်းဆောင်နှင့်ကြတာကိုလည်း သတင်းတွေမှာ တွေ့နေရပါတယ်။

 

ကိုယ့်နိုင်ငံသားရဲ့ ဒုက္ခကို ဘယ်လိုအခြေအနေရောက်ရောက် အလေးတယူရှိထားအပ်တဲ့ စိတ်အရည်အသွေးတစ်ရပ်ဟာ NUG မှာ ရှိနေသင့်တယ်လို့ ပြောချင်တာပါပဲ။ ဒီဖြစ်ရပ်ဟာ နိုင်ငံရေး မဆိုင်ဘူး၊ တော်လှန်ရေးနဲ့ မပတ်သက်ဘူးလို့များ ယူဆထားကြလေသလားတော့ မသိပါ။ ကိုယ့်နိုင်ငံသားတစ်ဦးချင်းစီတိုင်းရဲ့ အရေးဟာ တိုင်းပြည်ရဲ့နိုင်ငံရေး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အဓိကအထောက်အပံ့ဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ နိုင်ငံတကာရောက်သွားတဲ့ ရွှေမြန်မာများရဲ့ လုပ်အားဝင်ငွေတွေက စီးဆင်းနေတာ ဖြစ်ပါတယ်။ အခုထိခိုက်ကွယ်လွန်သွားရှာသူ မမိုးမြင့်ဟာ နွေဦးကို ထောက်ပံ့သည်ဖြစ်စေ၊ မထောက်ပံ့သည်ဖြစ်စေ သူတို့လို နိုင်ငံတကာရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကို NUG လိုတော်လှန်ရေးအစိုးရတစ်ရပ်က အလေးအနက်ထားတတ်စေချင်ကြောင်း ပြောလိုတာပါပဲ။

 

“အုန်းဒိုင်း” ဆိုတာနဲ့ ပထမဆုံး အသက်လွတ်မြောက်အောင် ပြေးလွှားကြရတယ်။ အသက်ရှင်ကျန်ပြီဆိုရင်လည်း ဆက်လက် ရှင်သန်နိုင်ဖို့ ကြိုးစားကြရပါတယ်။ 

 

၂၀၂၁ ခုနှစ် ဖက်ဆစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ ပြဿနာတွေထဲမှာ စစ်ဘေးဒုက္ခသည်ပြဿနာက အကြီးမားဆုံး ဖြစ်ပါတယ်။ အဲဒီပြဿနာက တော်လှန်ရေးမှာ ပါဝင်သူတွေကိုကော မပါဝင်သူတွေကိုကော၊ တော်လှန်ရေးနဲ့ ပတ်သက်သူတွေကိုကော မပတ်သက်သူတွေကိုကော တိုက်ရိုက်ထိခိုက်ပါတယ်။ လူတိုင်းမှာ အပိုမပါတဲ့ တစ်ချောင်းတည်းသော အသက်ဓာတ်ပဲ ရှိပါတယ်။ “အုန်းဒိုင်း” ဆိုတာနဲ့ ပထမဆုံး အသက်လွတ်မြောက်အောင် ပြေးလွှားကြရတယ်။ အသက်ရှင်ကျန်ပြီဆိုရင်လည်း ဆက်လက် ရှင်သန်နိုင်ဖို့ ကြိုးစားကြရပါတယ်။ ဒီလိုဒုက္ခအသီးသီးကို ဒေသခံပြည်သူလူထုဟာ မလိုချင်ဘဲ ခံစားစားသုံးကြရပါတယ်။ ဟိုယခင် ကာလတွေတုန်းကတော့ ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်းလို ပြည်နယ်တွေမှာပဲ ကြုံကြရတာ ဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေက ပြည်သူတွေခမျာလည်း လူ့သက်တမ်း သုံးဆက်လောက် ဆက်တိုက် ခံခဲ့ကြရတာပါ။

 

အခုတော့ ခေတ်အဆက်ဆက်ရဲ့ တော်လှန်ရေးဒီရေ တိုးလာတဲ့သဘောအရ စစ်တပ်အင်စတီ ကျူးရှင်းကြီးတစ်ခုလုံး ပျက်သုဉ်းအဆုံးသတ်ရေးထိ မြင့်တက်လာခဲ့ပါတယ်။ သည်တော့ တစ်တိုင်းပြည်လုံးနီးပါးဟာ စစ်မြေပြင်အတိ ဖြစ်လာရတယ်။ ထိုနည်းတူစွာပဲ တစ်တိုင်းပြည်လုံးနီးပါးမှာ စစ်ဘေးဒုက္ခသည်တွေ နေ့စဥ်နဲ့အမျှ တိုးလို့သာလာပါတယ်။ သည်တော့ ဒုက္ခသည်ပြည်သူတွေဟာ စစ်နဲ့ဝေးရာ ရှောင်ကြတိမ်းကြရတယ်။ ပြည်ပအထိ မပြေးနိုင်သူတွေလည်း စစ်ရိပ်နဲ့ ကင်းလွတ်ရာ ပုန်းခိုကြရတယ်။ အိမ်နီးချင်းတိုင်းပြည်တွေအထိ ပြေးနိုင်ခွင့်ရသွားကြသူတွေကလည်း ထိုင်းလို၊ အိန္ဒိယလို အိမ်နီးချင်းတိုင်းပြည်တွေရဲ့ နယ်စပ်မျဥ်းပေါ်ကို ရောက်ရှိကာ ရှင်သန်နိုင်ဖို့ ကြိုးစားကြရတယ်။

 

နိုင်ငံတကာရောက်နေသူတွေအဖို့မှာလည်း ဒုက္ခရောက်ကြ ရပြီဆိုရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိသလို ခံစားရချက်ဟာ ပြင်းထန်းတတ်ပါတယ်။ နိုင်ငံပျောက်သူ​တွေလို့ပဲ အမည်တတ်ရတော့မည်လား။ 

 

ခေတ်ဆိုးခေတ်ပျက်ကြီးနဲ့ ကြုံကြရတိုင်း တိုင်းပြည်ရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် လူသား အရင်းအမြစ်ဆုံးရှုံးမှုကို ကြီးမားစွာ ကြုံတွေ့ရပါတယ်။ ပြည်သူလူထုကြီးလည်း ဒုက္ခပရိဒေ၀မျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းကြရတယ်။ သည်အခါမှာ နိုင်ငံတကာရောက်နေသူတွေအဖို့မှာလည်း ဒုက္ခရောက်ကြ ရပြီဆိုရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိသလို ခံစားရချက်ဟာ ပြင်းထန်းတတ်ပါတယ်။ နိုင်ငံပျောက်သူ​တွေလို့ပဲ အမည်တတ်ရတော့မည်လား။

 

​ဆောင်းပါးအစတွင် ပြောခဲ့တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကောင်က သေနတ်နဲ့ပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့ရတဲ့ မမိုးမြင့်သတင်းကို အကြောင်းပြုလို့ စဉ်စားဆင်ခြင်ကာ ချဲ့ထွင်တွေးခေါ်နိုင်ကြစေဖို့ အကြံပြုရေးသားလိုက်ရပါတယ်။

~~~~

ကိုလူမိုး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။