Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြင်းမူထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဒရုန်း ၉ စင်းနဲ့ ဗုံး ၃၆ လုံးကြဲ၊ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်အခြေစိုက်ရာ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ဗုံး (၃၆)လုံးကြဲချခဲ့ရာ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။


စက်တင်ဘာ (၂၈)ရက်၊ ညဦးပိုင်းမှာ Federal Wingsနဲ့  မဟာမိတ် ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်း (၉)စင်းနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  Federal Wings ကထုတ်ပြန်ပါတယ်။


“ည ၇ နာရီ မထိုးခင်ကတည်းက ထွေအုပ်ရုံးကို ဗုံးစကျွေးတာ။ ပြီးတော့မှ (၈)နာရီ မထိုးခင်မှာ မြင်းမူရဲစခန်း။ ထပ်ပြီးတော့ (၈)နာရီခွဲလောက်ထင်တယ်။ ထွေအုပ်ရုံးကို ဗုံးထပ်ကြဲတာ။ ထွေအုပ်ရုံးရော ရဲစခန်းရော တော်တော်ခံရတယ်ပြောတယ်။ ဒရုန်းတွေက ဘယ်လောက်စိတ်ချရသလဲဆိုရင် တခြားနေရာတွေ လုံးဝမထိဘူး” လို့ မြင်းမူမြို့ခံတစ်ဦးက ပြောပါတယ်။


စစ်အုပ်စုဝင်တွေရဲ့ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲပဲလို့ Federal Wings ကထုတ်ပြန်ထားပြီး အ ဆောက်အအုံတချို့ပျက်စီးမှုရှိကြောင်း GTR MMU ကထုတ်ပြန်ပါတယ်။


“ပြည်သူတွေသိမှာစိုးလို့ ညတွင်းချင်းပဲ သေတာထိတာတွေကို သယ်ထုတ်သွားတယ်လို့ သိရတယ်။ စစ်ကိုင်းဘက်ကို သယ်ထုတ်သွားတာ” လို့ မြင်းမူမြို့ခံက ဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို (၁၈၀၁)တပ်ရင်း၊ တပ်ခွဲ(၃)စစ်ကိုင်းဒေသ Federal Wings၊ စစ်ကိုင်းခရိုင် ပကဖ၊ GTR မြင်းမူ၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့ ၊ SAF ကျောင်းသားလက်ရုံးတပ်၊ ကျောက်ဆည် ခရိုင် တပ်ရင်း (၁) နဂါးနီ၊ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့နဲ့   Lightning Drone Force အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပူးပေါင်းဒရုန်းတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရပါတယ်။


~~~~~~~~~~~

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။