စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာထဲသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဘိုးအိုတစ်ဦး နှလုံးရပ်သေဆုံးသွားကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီလောက်မှာ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကနေ အလ္လကပ္ပရွာထဲသို့ လက်နက်ကြီးနဲ့ ၃ ကြိမ်နဲ့ ဒရုန်းနဲ့ ၁ ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး သံကြားကာ အဘိုးအိုသေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
“အလ္လကပ္ပရွာနဲ့ ဝမ်းပြည့်ရွာကြား မုံရွာ-မန်း အဝေးပြေးလမ်းပေါ်မှာက PDF တွေက မကြာခဏ မိုင်း ဆွဲနေလို့ အဲဒီအငြိုးနဲ့ မဆီမဆိုင် ရွာထဲကို လက်နက်ကြီနဲ့ပစ်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်၊ထိချင်ရာ ထိဆိုပြီး ရမ်းပစ်တာလည်း ဖြစ်နိုင်တယ်”လို့ မြင်းမူမြို့ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်ကာ အလ္လကပ္ပရွာထဲက နွား ၃ ကောင်သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
ည ၁၁ နာရီလောက်မှာလည်း အလ္လကပ္ပရွာထဲသို့ လက်နက်ကြီးနဲ့ ထပ်ပစ်သေးကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။