Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြင်းခြံမှာ အကြမ်းဖက်စစ်တပ် အိမ်ထဲဝင် သိန်း ၁၀၀ လုယက်ပြီး သားအဖ ၂ ဦးကို သတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာက အိမ်တစ်အိမ်ထဲ အကြမ်းဖက်စစ်တပ် ဝင်ရောက်လာကာ  ကျပ်သိန်း (၁၀၀)လောက် လုယက်သွားပြီးနောက် သားအဖ (၂)ဦးကို သတ်ပစ်လိုက်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာ (၂၄)ရက်၊ ည (၁၀)နာရီလောက်မှာ နဘူးအိုင်ရွာထဲ စစ်သားနဲ့ပျူစောထီးတို့ ရောက်လာကာ အိမ်ထဲမွှေနှောက်ပြီး ကျပ်သိန်း ၁၀၀ အပြင် မိသားစုတွေနဲ့ဖုန်းတွေပါ လုယက်သွားကြောင်း အဲဒီနောက် ဦးလှနီနဲ့ သားဖြစ်သူကို ကားနဲ့ ဖမ်းသွားပြီးနောက် ပေါက်စိမ်းလမ်းခွဲအနီးမှာ သတ်သွားခဲ့ကြောင်း သိရပါတယ်။


“ဦးလှနီက မုန့်တီဖိုလုပ်တယ်။ သူ့သားက စိုက်ပျိုးရေးစီဒီအမ်ပါ။ ဒီလထဲမှာပဲနဘူးအိုင်ရဲ့ အနောက်တောင်ဘက်က ရွှေဘုံသာရွာအုပ်ကြီး အသတ်ခံရတယ်။ အဲအသတ်ခံရတာ ဦးလှနီတို့ သားအဖနဲ့ ဘာမှမဆိုင်ပေမဲ့ တမင်ကိုလာပြီး လက်တုံ့ပြန်တဲ့သဘောနဲ့ လုပ်တာ” လို့ မြင်းခြံမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဦးလှနီတို့သားအဖကို နဘူးအိုင်ရွာနဲ့  (၅)မိုင်လောက်ဝေးတဲ့ နဘူးအိုင်-မြို့သာ လမ်းမပေါ်ရှိ ပေါက်စိမ်းလမ်းခွဲသို့ခေါ်သွားကာ ပေါက်စိမ်းရွာဇရပ်မှာ သေနတ်နဲ့ပစ်ပြီး အလောင်းစွန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


အသတ်ခံရသူ ဦးလှနီမှာ အသက် (၆၀)ရှိပြီဖြစ်ပြီး သူ့ရဲ့သားဖြစ်သူမှာ အသက် (၃၃)နှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။


~~~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။