အဖမ်းအဆီးကြမ်းနေတဲ့ မိုးကောင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်သေနတ်ပစ်သံတွေ ဆူညံခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ (၂၆)ရက်၊ ညနေ (၅)နာရီလောက်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အထက-၁ ကျောင်းအနီး စက်သေနတ်ပစ်သံတွေ ထွက်ပေါ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ Kachinwaves ကဖော်ပြပါတယ်။
“ဒီနေ့မနက်အထိ ဘာ့ကြောင့် ပစ်သလဲဆိုတာ သေချာမသိရသေးဘူး။ ကျနော်တို့မြို့ပေါ်မှာ အဖမ်းအဆီးတွေက တော်တော်များနေတော့ လူတွေလည်း တော်ရုံနဲ့ အပြင်မထွက်တော့ဘူး။ ပစ်တာကတော့ စခ တွေ ပစ်တာပါ” လို့ မိုးကောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ (၂)လတာအတွင်း မိုးကောင်းမြို့ပေါ်က ပြည်သူ (၂၀၀)ဝန်းကျင်လောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေဆုံးသွားသူ (၄)ဦး ရှိကြောင်းဒေသတွင်း မီဒီယာ KNG ကဖော်ပြပါတယ်။
စစ်ကြောရေးထဲ သေဆုံးသွားတဲ့ (၄)ဦးမှာ ဦးဝဘော်တန်ဂွန်း၊ ဇင်ယော် စစ်သုံးဆီရောင်းဝယ် ရေး ဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေ နဲ့ ကျန် အမျိုးသား (၂) ယောက်ကလည်း မိုးကောင်းမြို့ပေါ် ရပ်ကွက်က ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူ (၃၀)လောက် ပြန်လွတ်လာပြီး အများစုကိုတော့ PDF နဲ့ဆက်နွှယ်တယ်ဆိုပြီး တရားစွဲခံထားရကြောင်း KNG ကဖော်ပြပါတယ်။
ဩဂုတ် (၁၉)ရက်နေ့က မိုးကောင်း အထက-၁ ကျောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကား ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။