ပဲခူးရိုးမအတွင်းရှိ ဘီးချောင်းကုန်းတိုက်ပွဲမှာ စစ်သား (၅)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ PDF လက်ဖြောင့်ရဲဘော် ကျဆုံးခဲ့ကြောင်း သိရပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဘီးချောင်းကုန်းမှာ စက်တင်ဘာ (၂၃) ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF လက်ဖြောင့်တပ်သား ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၂ က သတင်းထုတ်ပြန်ပါတယ်။
ဘီးချောင်းကုန်းမှာ အင်အား (၁၀၀)လောက်ရှိတဲ့ စစ်ကြောင်းနဲ့ သာယာဝတီခရိုင် တပ်ရင်း -၃၈၀၂၊ တပ်ခွဲ-၅ တို့ မိနစ် (၂၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား (၁၆)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၈၀(မမ)၊ ၁၂၀(မမ)လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်သလို PDF တွေကလည်း ၄၀(မမ)နဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။
အထိနာသွားတဲ့ စစ်တပ်ဟာ တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ယာစောင့်တဲ (၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၂ က ထုတ်ပြန် ပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။