သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲမှာ ပဲခူးရိုးမဒေသကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ သာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ တစ်နေ့တည်းမှာ ထိတွေ့တိုက်ပွဲ လေးကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း၊ ခါချဥ် တောင်ပေါ်သို့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားအင်အား ၄၀ ကျော်ကို မနေ့က ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွါးရာ ခါချဉ်တောင်ပေါ်သို့ စစ်ကူလိုက်လာတဲ့ စစ်သား ၂၅ ဦးဝန်းကျင် လိုက်ပါလာတဲ့ စစ်ကောင်စီ ဖောကားကို ၄၀ မမဗုံးသီးတွေနဲ့ ထပ်မံ စောင့်ကြို ပစ်ခတ်ခဲ့ရာ စစ်သား ၁၀ ဦး ထပ်မံသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ခါချဉ်တောင်ပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းရှိရာကို လိုက်လာတယ်ဆိုတာ သတင်းကြိုရလို့ ဖျက်အားပြင်း မိုင်းတွေ ကြိုထောင်ထားပြီး စခတွေ မိုင်းကွင်းထဲ ရောက်လာချိန်မှာ အပြန်အလှန် ပစ်ခတ်ကြရင်း စစ်ကောင်စီဘက်မှာ အထိအခိုက် အကျအဆုံးများခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွါးစဉ်မှာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၅ ဦး လက်နက်တွေ ယူပြီး ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက ပြန်သိရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ ပြန်ကြားရေးက ပြောပါတယ်။
မနက်ပိုင်းမှာ အထိနာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဟာ ညနေပိုင်းမှာ စစ်ကြောင်းထပ်မံ ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး ထပ်မံသေဆုံးခဲ့ကာ ညပိုင်းမှာလည်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ဦးဝန်းကျင် ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သား ၄၀ နီးပါး ထိခိုက် သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်ကုလား တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ မင်းလှအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခလရ-၁ တပ်ရင်းကို အင်အား ၃၀၀ ခန့် ထပ်မံ အင်အား ဖြည့်တင်း ထားပြီး ပဲခူးရိုးမအတွင်း ဖောကားတွေနဲ့ အင်အားပို့ဆောင် နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား လာနိုင်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က သုံးသပ်ပြောဆိုပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ပဲခူးရိုးမအစပ်ရှိ မင်းလှဆည်မှာ စခန်းချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာ စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅
~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။