၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ပစ်ခတ်လို့ သေဆုံးသွားတဲ့ ပြည်သူ (၂၄၉)ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁)ရက်ကနေ စက်တင်ဘာ (၁၅)ရက်နေ့အထိ ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ပစ်ခတ်လို့ (၃၄၃)ဦး သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ဖေဖေါ်ဝါရီ ကနေ ဒီဇင်ဘာအထိ (၇၁၂)ဦး သေဆုံးခဲ့ကြောင်း AAPP ကဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၅)ရက်အထိ အကြမ်းဖက် စစ်တပ်ပစ်ခတ်လို့ (၁၃၀၄)ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက (၄၇၁)ဦးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။
“နောက်ထပ်လည်း စစ်ကိုင်းတိုင်းပဲ ဆက်များမယ်ထင်ပါတယ်။ စစ်ကိုင်းတိုင်းထဲ နေ့စဉ် စစ်ကြောင်း ထိုးတယ်။ နေ့စဉ် သတ်နေတယ်။ အသက်ကြီးသူတွေကိုလည်း မရှောင်၊ စိတ်မနှံ့သူတွေလည်းမချန်ဘဲ သတ်တာ” လို့ မုံရွာမြို့တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ (၁၄)ရက်ကနေ (၁၆)ရက်နေ့အထိ (၃)ရက်အတွင်း အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းမြို့အနီး က ရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူ (၁၀)ဦး ထက်မနည်းကို သတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးစာမျက်နှာတွေက ဖော်ပြပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။