Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀၀ကျော် သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀၂ဦး သေဆုံးပြီးဖြစ်ကြောင်း သိရပါတယ်။

 

၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီကနေ ၂၀၂၃ခုနှစ်၊စက်တင်ဘာ ၈ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄၃၄ဦးသေဆုံးခဲ့ပြီး အဲဒီအထဲ စစ်ကိုင်းတိုင်းက ၁၃၈ဦးသေဆုံးကာ အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကသတင်း ထုတ်ပြန်ပါတယ်။

 

စက်တင်ဘာ ၈ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆၈ဦးသေဆုံးခဲ့ပြီး အဲဒီအထဲ စစ်ကိုင်းတိုင်းက ၂၄၆ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပါတယ်။

 

“စစ်ကိုင်းတိုင်းပြည်သူတွေက အင်မတန်ကြောက်စရာအကောင်းဆုံးအခြေအနေကို ရင်ဆိုင်ဖြတ် သန်းနေရကြောင်းသက်သေပေါ့။ဒါပေမဲ့၊နိုင်ငံတကာအသိုင်းအဝိုင်းက ဒီနေ့အထိ မမြင်ချင်ယောင် ဆောင်နေတုန်းပဲ”လို့ မုံရွာမြို့တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

 

အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုူကြောင့်၂၀၂၁ ခုနှစ်မှာ (၂၃) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၂၁၂) ဦးနဲ့ ၂၀၂၃ ခုနှစ်မှာ (၁၉၉) ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ (၂၁) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၇၈) ဦးနဲ့၂၀၂၃ ခုနှစ်မှာ (၂၆၉) ဦး သေဆုံးခဲ့ကြောင်း AAPPကဆိုပါတယ်။

 

˜˜˜˜

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။