ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ ရဲစခန်း အလစ်အငိုက် တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ပေမဲ့ PDF တွေ အန္တရာယ်ကင်းခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁ ရက်၊ မနက် ၃ နာရီကျော်မှာ ကျောက်ကြီးရွာအခြေစိုက် စစ်တပ်နဲ့ ရဲစခန်းကို မြို့လှ K-PDF တပ်ရင်းက အလစ်ဝင်တိုက်ခဲ့ရာ ၃ နာရီကြာပြီးနောက် လေကြောင်းပစ်ကူ လာနေပြီဆိုတဲ့သတင်း ကြိုတင်ရရှိလို့ ပြန်လည်ဆုတ်ခွာခဲ့တာကြောင့် ထိခိုက်မှုမရှိကြောင်း မြို့လှ PDF ကသတင်း ထုတ်ပြန်ပါတယ်။
မနက် ၇ နာရီ ၁၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ၂ကြိမ်နဲ့ အဲဒီနောက် Mi 35 စစ်ရဟတ်ယာဉ်နဲ့ ၃ ကြိမ် တိုက်ပွဲဖြစ်ပွားရာ ကျောက်ကြီးရွာ အနီးတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ကျောက်ကြီးကျေးရွာမှာတပ်စွဲထားတဲ့ ခလရ (၇၇) အထိုင်တပ်နဲ့ ရဲစခန်းကို အလစ်အငိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား (၅)ဦးထက်မနည်းသေဆုံပြီး (၆)ဦးဒဏ်ရာရကာ MA သေနတ် ၁ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။
စတင်တိုက်ခိုက်ခံရချိန်မှာ ခလရ (၇၇) တပ်ဟာ သူတို့နေရာယူတပ်စွဲထားတဲ့နေရာကို စွန့်ခွာခဲ့ပြီး ခံတပ်ကောင်းတဲ့ ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြကာ ရဲစခန်းအတွင်းမှာ ချောင်ပိတ်အရိုက်ခံရသလို ဖြစ်သွားကြောင်း ရဲစခန်းထဲရှိ ဘန်ကာထဲကနေပဲ ရမ်းသန်းပစ်ခတ်ပြီး အပြင်မထွက်ရဲတော့ကြောင်း မြို့လှ PDF ကဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။