Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မင်းတုန်းမှာ အကြမ်းဖက် စစ်ကား ၂ စီး ပဒေသာမိုင်းထိ၊ ၈ ဦး သေပြီး ကားတစ်စီးပျက်

မကွေတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့လာတဲ့ စစ်သားတင်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးကြောင်း သရက်ခရိုင် PDFတပ်ရင်း(၄)က သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ် ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ရွာသစ်ရွာသို့ အင်အားထပ်ဖြည့်ဖို့လာတဲ့ ကား ၂ စီး ကို ရွာသစ်ရွာနဲ့ ကြို့ဝရွာကြားမှာ အသင့်စောင့်ကြိုကာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးပျက်စီးသွာကာ ဒဏ်ရာရသူတွေလည်း များကြောင်း သိရပါတယ်။


“၂ ရက်ဆက်တိုက်ပဲ စခတွေခံရတာ။ ၂၃ ရက်နေ့ကလည်း အဲမှာပဲတိုက်ပွဲဖြစ်ပြီး စခတွေ ခံရတာ။ မနေ့ ကလည်း PDF တွေက စခတွေလာတာ သတင်းကြိုရလို့ စောင့်ပြီးမိုင်းဆွဲတာ။ ခွေးတွေက အရပ်ကား နဲ့လာတာ။ မိုင်းထိပြီးတော့ သေနတ်နဲ့တောင် ပြန်မပစ်ရဲဘူးလို့ ဒေသခံ တွေ ပြောကြတယ်”လို့ မင်းတုန်းမြို့ခံတစ်ဦးက ပြောပါတယ်။


မိုင်းဆွဲခံရပြီးနောက် မိုင်းမထိတဲ့ဖောကားပေါ် သေဆုံး၊ ဒဏ်ရာရစစ်သားတွေ တင်ကာ လှည့်ပြန်သွားကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄)က ဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် PDF တပ်ရင်း(၄)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF) နဲ့ လွတ်မြောက် ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ(WOLF)တို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး PDF ရဲဘော်တွေ အန္တရာယ်ကင်းကြောင်း သိရပါတယ်။


ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းက မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနဲ့ ရွာသစ်ရွာကြားမှာ  အကြမ်းဖက် စစ်ကြောင်းနဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားစဉ် ကြို့ဝရွာကုန်းထိပ်ဘက်ကနေ ရန်သူနောက်ချန် အင်အားက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ရာ PDFတပ်ဖွဲ့ကိုမထိဘဲ စစ်သားတွေရဲ့ ခေါင်းပေါ် တည့်တည့် ကျရောက်ပေါက်ကွဲကာ စစ်သား ၁၅ ဦး သေဆုံးကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄)က ဆိုပါတယ်။


~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။