Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးလာခြင်းကြောင့် ခင်ဦးဒေသခံ ၈၀၀၀ ကျော် ဒီနေ့မနက် အရေးပေါ် စစ်ရှောင်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးလာခြင်းကြောင့် ဒီနေ့မနက်မှာ ဒေသခံ ၈၀၀၀ ကျော် အရေးပေါ်  ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ်သတင်း မှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

 

အကြမ်းဖက် စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးလာခြင်းကြောင့် ခင်ဦးဒေသခံ ၈၀၀၀ ကျော် ဒီနေ့မနက် အရေးပေါ်  စစ်ရှောင်ပြေးနေရ

ခြေလျင်စစ်ကြောင်း(၁)ခုဟာ ခင်ဦးမြို့ပေါ်ကိုမနေ့က ပြန်လည်ရောက်ရှိလာတဲ့ ခမရ(၃၆၁) စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ညကတည်းက မြို့ပေါ်ကနေ ထွက်လာရာ ဒီနေ့မနက်မှာ ပင်တင်းရွာအနီး ရောက်ရှိလာတာကြောင့် ပင်တင်းရွာ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ (၃) ရွာက  ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။


“ခွေးတွေက စစ်ကြောင်းထိုးတာက လက်နက်ကြီးတွေနဲ့ပါ ထိချင်ရာထိ ပစ်တာဆိုတော့ ရွာသားတွေလည်း ဘေးကင်းမယ်ထင်တဲ့နေရာကို ပြေးရရှာတာ။ ကံကိုပဲပုံအပ်ပြီး ပြေးနေရတာ”လို့ ခင်ဦးစစ်ရှောင် ကူညီနေသူတစ်ဦးက ပြောပါတယ်။


ရွှေဘိုမြို့နယ်၊ မြင်းစီး(ပျူရွာ)ကနေထွက်လာတဲ့ စစ်သား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဒီနေ့မနက်မှာ ရွှေဘိုမြို့နယ်၊သရက်ပင်ဝန်းရွာထဲသို့ ရောက်ရှိနေပြီး သရက်ပင်ဝန်းရွာကနေ ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာကြောင့် ရွှေဘို-ခင်ဦးနယ်စပ်ရှိ ကြာပင်အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမ်တော်စတဲ့ ကျေးရွာတွေက  ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

~~~~~~~~~~~~

ကိုထိုက်

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။