Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခင်ဦးမြို့ပေါ်က စစ်သား ၃ ဦး တိုက်ခိုက်ခံရပြီး သေ၊ သေနတ် ၂ လက် PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က စစ်သား ၃ ဦးကို တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး သေနတ် (၂)လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဒီနေ့ အောက်တိုဘာ (၁၇)ရက်၊ မနက် (၇)နာရီလောက်က ခင်ဦးမြို့ပေါ်ရှိ မင်းသိုက်တိုက်ပေါ် တပ်စွဲထားတဲ့ စစ်သား (၃)ဦး ခင်ဦး-ရေဦး ကားလမ်းအတိုင်း ထွက်ခွာလာစဉ် ခင်ဦးမြို့နယ် ပကဖ က ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး က သတင်းထုတ်ပြန်ပါတယ်။


ပစ်ခတ်ခံရတဲ့ စစ်သား (၂)ဦး ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ဒဏ်ရာနဲ့ ထွက်ပြေးသွားတဲ့ စစ်သားမှာ ဆေးရုံပေါ်အရောက် သေဆုံးသွားကြောင်း သိရပါတယ်။


“စခ တွေ မြို့ပေါ်မှာနေလည်း အချိန်မရွေး သေနိုင်ကြောင်း ပကဖ က သက်သေပြလိုက်တာ။ ထုံးစံအတိုင်း မြို့အဝင်အထွက် ဒီနေ့ တင်းကျပ်တယ်။ ရန်လိုနေတယ်။ ခင်ဦးမြို့သားတွေ လည်း အပြင်မထွက်ကြဘူး”လို့ ခင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။


စစ်သားတွေ ပစ်ခတ်ခံရတဲ့ နေရာဟာ စစ်သားတွေ တပ်စွဲထားတဲ့ မင်းသိုက်တိုက်နဲ့ မီတာ (၃၀၀) အကွာနဲ့ ဆေးရုံနဲ့လည်း မီတာ (၃၀၀) အကွာကြား ကွေ့ မှာဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။


တိုက်ခိုက်မှုအပြီး ပကဖ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA-1 သေနတ် (၂)လက် ရရှိခဲ့ပါတယ်။


ခင်ဦးမြို့နယ် ပကဖ ဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြို့ပေါ်က ဒုရဲအုပ်တစ်ဦးကို  ပစ်ခတ်ခဲ့ရာ G3 (စကရ-၁၇၄၄)တစ်လက် ရရှိခဲ့ပါတယ်။


ဒါ့အပြင် မေလအတွင်း မြင်းဒေါင်းနဲ့ သာဂရရွာကြား တပ်စွဲရာ မူးတိမ်ချောင်းကနေ ထွက်လာတဲ့ စစ်သား (၂)ဦးကို အသေပစ်ခတ်တိုက်ခိုက်ခဲ့ပြီး MA-1 တစ်လက် နဲ့  AK47 တစ်လက် ရရှိခဲ့ကြောင်း သိရပါတယ်။


~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။