မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
သိမ်ဇရပ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်ဖြူတော်ဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ အမတ-၃၁၀နဲ့ တပ်မ-၇၇ ပူးပေါင်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဩဂုတ် ၂၀ ရက်၊ ညနေ ၅ နာရီ လောက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ပါတယ်။
“အဓိကကတော့ စခတွေလှုပ်ရှားမှုမှန်သမျှကို သတင်းပေးမယ့် ပြည်သူတွေ ကျနော်တို့ ဘက်မှာ အပြည့်ရှိတယ်။ အဲဒါကြောင့် ခွေးတွေရှိတဲ့နေရာကို အတိအကျအလွယ်တကူသိပြီး ဗုံးကြဲနိုင်တာ” လို့ ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNU/KNLA ၊ KRF ABSDF၊ ခရမ်းပြည်သူ့ကာကွယ်ရေးအဖွဲ့(Drone Team)တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၈ ရက်ကလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဟာ သိမ်ဇရပ်မြို့အနီး ကားလမ်းမပေါ်မှာ နယ်မြေစိုးမိုးရေးနဲ့စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာ ခရီးသွားပြည်သူတွေက အစားအ သောက်များစွာ ပေးအပ်ခဲ့ပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။