Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဗန်းမော်မြို့တွင်း ပြည်သူတွေ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်တွင်း လမ်းတွေပါမကျန် အကြမ်းဖက် စစ်တပ်က သွားလာခွင့်ပိတ်ပင်ထားကြောင်း သိရပါတယ်။


ဗန်းမော်မြို့တွင်း၊ မြို့ပြင် လုံခြုံရေး တင်းကျပ်ထားပြီး စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလွဲပြီး သာမန်ပြည်သူတွေ သွားလာခွင့်မရဘူးလို့ ဒေသတွင်းမီဒီယာ Kzchin News Group က ဖော်ပြပါတယ်။


ဩဂုတ် ၁၉ ရက်နေ့၊ စက်လက်နက်နဲ့ရိက္ခာတင်လာတဲ့ သင်္ဘော ၉ စီး ဗန်းမော်မြို့ကို ဆိုက်ကပ်လာပြီး နောက် အဲဒီလို ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရပါတယ်။


“တစ်မြို့လုံး တိတ်နေရော။ ၁၉ ရက်နေ့ကတည်းက စစ်သားစစ်ဖို့ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး အပစ်ခံရသေးတယ်။ တကယ်ပစ်နေတာဆိုတော့ ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ဒီမနက်အထိ။” လို့ ဗန်းမော်မြို့ခံတစ်ဦး က ဒီနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်းမှာ ငွေမောင်းသံကို ပြောပါတယ်။


ဗန်းမော်မြို့ပြင်ကလူတွေ မြို့ထဲဝင်မရသလို မြို့ထဲကနေလည်း ဘယ်ကိုမှ ထွက်မရကြောင်း မသင်္ကာရင် ဖမ်းဆီးနေတာကြောင့် ဈေးတောင်သွားလို့မရကြောင်း KNG ကဖော်ပြပါတယ်။
အခုလို လုံခြုံရေးတင်းကျပ်တာဟာ သင်္ဘောတွေပေါ်ကနေ ပစ္စည်းတွေချနေတာကြောင့် ဖြစ်နိုင်ကြောင်း ဗန်းမော်ဒေသခံတွေ ယူဆကြပါတယ်။


~~~~~~~~~~~~~

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။