စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ၇ ကြိမ် ဗုံးကြဲခဲ့ကြောင်း T.G.R People Defense Force က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၆ ရက်နဲ့ ၁၅ ရက်နေ့တို့မှာ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာ ကြား ရေဦးဆီဆိုင်အဟောင်းနားမှာ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို ဩဂုတ် ၁၅ ရက်၊ နေ့ခင်း ၁၁ နာရီလောက်က ဗုံး ၃ လုံး ကြဲချခဲ့ရာ စစ်သားတွေရဲ့ဘေး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
“ ၁၅ ရက်နေ့က ဒရုန်းနဲ့ပစ်တာ စစ်သားတွေ ထိတယ်လို့ ဒေသခံတွေဆီက သိရတယ်။ သေသလား၊ ဘယ်လောက်ထိသလဲဆိုတာတော့ အတည်ပြုလို့မရဘူး။ ၁၆ ရက်နေ့ ဒရုန်းနဲ့ ပစ်တဲ့အခြေအနေကိုတော့ မသိဘူး” လို့ မြင်းမူအခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်သားတွေရဲ့ သေဆုံး၊ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ T.G.R People Defense Force က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို T.G.R People Defense Force၊ T.G.R Women Drone Force၊ Black Eagle Drone Forceနဲ့ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ၊
~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။