စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်တပ်စခန်းတို့ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၂ ရက်၊ မနက် ၈ နာရီလောက်မှာ ကနီမြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ကနီမြို့ ဘုရားကုန်း ပေါ် တပ်စွဲထားတဲ့ စစ်တပ်စခန်းတို့ကို ဗုံး ၅ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ပါတယ်။
စစ်သား ၈ ဦး ပြင်းထန်ဒဏ်ရာရတဲ့ သတင်းကို အတွင်းသတင်းပေးတွေဆီက သိရကြောင်း ဆိုပါတယ်။
“ဆေးရုံပေါ်ရောက်တဲ့ အရေအတွက် အတိအကျကို မသိရပေမဲ့ ဆေးရုံပေါ်မှာ ၂ ကောင်ကြွ သွားပြီဆိုတဲ့ သတင်းတော့ မနေ့ညနေ ဩဂုတ် ၁၃ ညနေက ကြားရတယ်”လို့ ကနီမြို့ခံ သတင်းရင်းမြစ်က ဆိုပါတယ်။
ဩဂုတ် ၁၁ ရက်၊ ညနေ ၄ နာရီလောက်ကလည်း ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးရွာရှိ စစ်သားနဲ့ ပျူစောထီးတို့ကို ဒရုန်းနဲ့ ဗုံး ၆ လုံးကြဲခဲ့သေးပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ကျောက်လုံးကြီး KLG တပ်မဟာက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23KLG PDF ကျောက်လုံးကြီး (KLG စစ်ကြောင်း, ULF)နဲ့ Salingyi Special Task Force_SSTF တို့ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။