စစ်ကိုင်းတိုင်း၊ ကနီမြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာတင်ယာဉ်(AMBULANCE) ကား (၁)စီးနဲ့ အလင်းဝင်လာကြောင်း သိရပါတယ်။
ကနီပြည်သူ့ဆေးရုံ၊ ဌက်ဖျားဌာနက PS ရာထူးအဆင့်ရှိသူ ဦးနေဇာအောင်ဟာ ဒီဇင်ဘာ (၅)ရက်က အလင်းဝင်လာခြင်း ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၀(အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ADPRA)က သတင်းထုတ်ပြန်ပါတယ်။
“လူနာတင်ယာဉ်နဲ့ အလင်းဝင်တာ အင်မတန်ရှားရှားပါးပါးထင်တယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်က မတရား သိမ်းထားတဲ့ဟာတွေ ရတာယူပြီး အလင်းဝင်လာတာ ဂုဏ်ယူရမှာပဲ”လို့ ADPRA ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ (၂)ရက်နေ့ကလည်း ကနီမြိုနယ်ရဲတပ်ဖွဲမှူးရုံးက ဒုတပ်ကြပ် စိုးထက်အောင်ဟာ ကျည်ဆန် (၆၀)၊ လက်ထိပ်တစ်ခု၊ ဆိုင်ကယ် (၁)စီးတို့နဲ့ အလင်းဝင်လာကြောင်းလည်း ADPRA က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူတွေကို ကောင်းမွန်စွာကြိုဆိုခဲ့ပြီး ထိုက်သင့်တဲ့ ဆုငွေတွေပေးအပ်ကာ အလင်းဝင်လာသူတွေကို ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း စီစဉ် ပေးတယ်လို့လည်း ဆိုပါတယ်။
ထပ်မံ အလင်းဝင်မယ့်သူတွေကိုလည်း ကြိုဆိုသွားမှာ ဖြစ်ပြီး ထိုက်သင့်တဲ့ ဆုငွေတွေ ပေးအပ်သွားမှာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်း လက်နက်ချပါက စစ်သုံပန်းအဖြစ် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။