Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သာဓုတောင် မခေါ်နိုင် မင်းအောင်လှိုင် ငိုင်ကျသွားတဲ့ တရား (OPINION)

မတ္တရာမြို့နယ်၊ စကျင်တောင်က စကျင်ကျောက်ကြီးကို ကုမ္ပဏီတစ်ခုက ဒုတိယအာဏာရှင်သန်းရွှေကို လှူခဲ့ခြင်းက ဇာတ်ရဲ့အစဖြစ်တယ်။ သန်းရွှေက ၂၀၁၇ ခုနှစ်မှာ စစ်တပ်ကို ပြန်လှူလိုက်တယ်။ အာဏာမရှိတော့ပြီမို့ အဲဒီစကျင်ကျောက်နဲ့ ဘုရားတည်လည်း လှူမယ့်တန်းမယ့်သူ မရှိနိုင်တော့မှန်းသိလို့ပဲလား။အာဏာအတွက် ယတြာချေစရာမလိုတော့တာကြောင့်လည်း မပြောတတ်။

 

မင်းအောင်လှိုင်က တန်ချိန်များစွာရှိတဲ့ အဲဒီစကျင်ကျောက်ကြီးကို ရေလမ်းရော ကုန်းလမ်းကနေပါ နေပြည်တော်ရောက်အောင်သယ်ကာဘုရားတည်။ တိုင်းပြည်ကို အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ဆရာနဲ့ တပည့်တို့ ရဲ့ စပ်တူဘုရား။

 

အာဏာရှင်တို့ ထုံးစံအတိုင်း ပြည်သူမပေးတဲ့ အာဏာအတွက် ဘုရားတည်ယတြာချေ။ ပြီးတော့ပြည် သူကိုဘယ်လောက်သတ်သတ်၊ ဘုရားတည်လိုက်ရင် သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်ရောဆိုတဲ့ ကျပ်မပြည့်တဲ့ဦးနှောက်ကလည်း တင်းပြည့်ကျပ်ပြည့်။ ပြီးတော့ မင်းအောင်လှိုင်ဆိုတာက ဒီလောက်ပြည်သူသတ်နေတာတောင်  လုံးပါးပါးနေတာကြောင့် ဘုရားတည်ဖို့အရေး လွှတ်ရူးတော့တာပေါ့။

 

ပထမအာဏာရှင် နေဝင်းတုန်းကရွှေတိဂုံဘုရားနား ဝိဇယဘုရားတည် ယတြာတွေဘာတွေချေပေမဲ့ သေခါနီးအချိန် အကျယ်ချုပ်ဘဝ။

 

ပထမအာဏာရှင် နေဝင်းတုန်းကရွှေတိဂုံဘုရားနား ဝိဇယဘုရားတည် ယတြာတွေဘာတွေချေပေမဲ့ သေခါနီးအချိန် အကျယ်ချုပ်ဘဝ။ ပြီးတော့၊ သေတော့ လူလိုသူလို မသေရတဲ့ဘဝ။ ဒုတိယအာဏာရှင်သန်းရွှေ ကျတော့ နေပြည်တော်မှာ ရွှေတိဂုံပုံစံတူ စေတီတည်။ သန်းရွှေက အခုအချိန်ထိ အေးအေးဆေးဆေးပဲဆိုပေမဲ့ နွေဦးတော်လှန်ရေးအောင်တဲ့အချိန် သူသာရှိနေသေးရင် တ ပည့်ကျော် မင်းအောင်လှိုင်နဲ့အတူ လိုက်ပြေးမ လား။ ပြည်သူ့ခုံရုံးပေါ်တက်မလား။ အာဏာနဲ့သိုက်တူးခဲ့သမျှ ဘဝများစွာ စားမကုန်တဲ့စည်းစိမ်တွေ ပြည်သူ့ ဘဏ္ဍာအဖြစ် အသိမ်းခံရမလား တထိတ်ထိတ်ဘဝ။

 

မင်းအောင်လှိုင်က အာဏာရှင်တို့ရဲ့ ရောဂါအတိုင်း မင်းတို့တည်ခဲ့တဲ့ဘုရားထက် ငါတည်တဲ့ဘုရားက ပိုကြီးတယ်ဆိုတာမျိုး ကန်ဒေါ်လာသန်း၄၀အထိ အကုန်ကျခံတည်ခဲ့ခြင်းဖြစ်တယ်။တိုင်းပြည်စီးပွားက ငရဲသို့ လားနေတဲ့အချိန် တိုင်းပြည်ဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့ အာဏာရှင်စရိုက်အတိုင်း အကြီးအကျယ်ကို တည်။ကြိုး စင်ပေါ်မတက်ရရေးနဲ့ ခွေးပြေးဝက်ပြေး မပြေးရရေး ယတြာတွေလည်း အကြီးအကျယ်ချေလို့ စိတ်လုံခြုံမှုရှာ ခဲ့တယ်။

 

မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးထူထောင်ချင်တဲ့ လုပ်ငန်းရှင်အချို့က အူရားဖားယား နေပြည် တော်ပြေးကာ ပက်ခနဲလှူလိုက်ကြသလို မလှူတဲ့သူဌေး ချက်ချင်းထောင်ထဲရောက်သွားနိုင်တာမို့ ကြောက်ပြီး လှူကြတာတွေလည်း သေချာပေါက်ရှိပါတယ်။

 

ဇွန် ၂၉ ရက်မှာ မင်းအောင်လှိုင်က ခရိုနီသူဌေးကြီးတွေကို နေပြည်တော်ခေါ်ပြီး ဘုရားကိုပြတယ်။အဲဒီ နေ့မှာပဲ လုပ်ငန်းရှင်၁၀၁ဦးဆီကနေ ဘုရားအတွက်အလှူ ၁၆ဘီလျံကျော်အထိ ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြတယ်။ မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးထူထောင်ချင်တဲ့ လုပ်ငန်းရှင်အချို့က အူရားဖားယား နေပြည် တော်ပြေးကာ ပက်ခနဲလှူလိုက်ကြသလို မလှူတဲ့သူဌေး ချက်ချင်းထောင်ထဲရောက်သွားနိုင်တာမို့ ကြောက်ပြီး လှူကြတာတွေလည်း သေချာပေါက်ရှိပါတယ်။မနေ့တစ်နေ့ကမှ လွတ်လာတဲ့ သူဌေးလည်း ပျော်ပျော်ကြီးလှူ၊ အဖမ်းခံထားရတဲ့သူဌေးတွေရဲ့ကုမ္ပဏီတွေကလည်း ဖမ်းထားပေမဲ့ မေတ္တာမပျက်ကြောင်း အလှူငွေပေးအပ်။ တချို့သောသတင်းတွေက လုပ်ငန်းရှင်အလိုက် ဘယ်သူဘယ်လောက်လှူဆိုပြီး သတ်မှတ်အမိန့်ပေးထားပြီး သားလို့လည်းသိရတယ်။

 

ဆိုတော့ အဲဒီ၁၆ဘီလျံကျော်သောငွေတွေဟာ မင်းအောင်လှိုင်ဆီကတစ်ခုခုကိုမျှော်ကိုးမှုနဲ့ ကြောက် လို့လှူထားကြတာဖြစ်လို့ အလှူဒါနမမြောက်တဲ့ မသန့်ရှင်းတဲ့ငွေလို့ အလွယ်တကူကောက်ချက်ချနိုင်တယ်။ မင်းအောင်လှိုင်အတွက်ကတော့ သူကိုယ်တိုင်ကလည်း မသန့်ရှင်းတဲ့ သားသတ်သမား ဖြစ်သလို ဘယ်လိုအ ရာမျိုးမှ ဒါနမြောက်ကြောင်း တွေးနိုင်ခေါ်နိုင်တဲ့ ဉာဏ်ရည်မျိုးလည်း မရှိရှာတော့ ဘယ်နားလည်ပါ့မလဲ။ပြီး တော့ အာဏာရှင် တို့ရဲ့ စရိုက်အတိုင်း နေပြည်တော်လာကြဆိုတဲ့ တစ်ချက်လွှတ်အမိန့်အရ သူဌေးကြီးရောက် ရှိလာကြပြီး တစ်ရက်တည်းနဲ့ ၁၆ဘီလျံကျော် ရတဲ့အပေါ် ငါဘုန်းကြီးလို့ ရတယ်ဆိုတာမျိုး သွေးနားထင် ရောက်နေနိုင်ပါသေးတယ်။

 

မင်းအောင်လှိုင်ဟာ ဇူလိုင်၃၁ရက်၊ကာလုံလို့ခေါ်တဲ့ အစည်းအဝေးမှာ အရေးပေါ်အခြေအနေ နောက် ထပ် ၆လ သက်တမ်းတိုးခြင်းကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ဩဂုတ် ၁ ရက်မှာ ဘုရားအနေကဇာ တင်ပွဲကို ၉ဂဏန်းအစီအရင် ယတြာဖွယ်ဖွယ်ရာရာတွေနဲ့ အကြီးအကျယ် ပွဲခံခဲ့တယ်။

 

သားသတ်သမားမင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်ပါဆိုပြီး ငရဲထဲအတူခုန်ဆင်းနေတဲ့ သီတဂူဘုန်းကြီးက မရှက်မကြောက်တရား ဟောကြားရာမှာတော့ မင်းအောင်လှိုင်တည်တဲ့ ဆင်းတုတော်ဟာ ကမ္ဘာပေါ်မှာ တစ်ဆူတည်းရှိတဲ့ ပြုံးတော်မူတဲ့ဆင်းတုတော်လို့ အရှက်အကြောက်ကင်းစွာနဲ့ ပင့်တော့တယ်။

 

အဲဒီပွဲမှာ သားသတ်သမားမင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်ပါဆိုပြီး ငရဲထဲအတူခုန်ဆင်းနေတဲ့ သီတဂူဘုန်းကြီးက မရှက်မကြောက်တရား ဟောကြားရာမှာတော့ မင်းအောင်လှိုင်တည်တဲ့ ဆင်းတုတော်ဟာ ကမ္ဘာပေါ်မှာ တစ်ဆူတည်းရှိတဲ့ ပြုံးတော်မူတဲ့ဆင်းတုတော်လို့ အရှက်အကြောက်ကင်းစွာနဲ့ ပင့်တော့တယ်။

 

ဒီလိုအလုံးမျိုးက မင်းအောင်လှိုင်ရူးသွားနိုင်တဲ့အလုံးမျိုး။အာဏာရှင်နေဝင်းထက်လည်းသာ၊သန်းရွှေ ထက်လည်းသာတဲ့ ဘုရားကိုတည်နိုင်ခဲ့ရုံတင်မက ကမ္ဘာပေါ်မှာတောင် ဒီလိုဘုရားဒီတစ်ဆူတည်းရှိတယ်ဆို တော့ အာဏာရှင်ဖြစ်ဖို့ရာ သွေးသံတရဲရဲနဲ့ ၆လပြီး၆လ အရေးပေါ်သက်တမ်းတိုးနေရတဲ့ အရေးပေါ်အခန်း ထဲရောက် မင်းအောင်လှိုင်အ တွက် အရေးပါတဲ့ အားဆေးတစ်ခွက်။ပြည်သူတွေကြားထဲမှာတော့ သီတဂူရဲ့ အရှက်အကြောက်ကင်းတဲ့စ ကား ဟားစရာဖြစ်ရုံတင်မက အရင်က ကျော်ကြားခဲ့တဲ့ ‘ငါ့စော်က မင်းစော်ထက် ပိုမိုက်တယ်’ဆိုတဲ့သီချင်း စာ သားနဲ့ တောင်ခိုင်းနှိုင်းခံရတော့တယ်။

 

သီတဂူဘုန်းကြီးကတော့ သူ့ကိုယ့်သူ မင်းအောင်လှိုင်နဲ့အတူ နောက်ကြောင်းပြန်မလှည့်တော့ဘူးဆို ပြီး ဂိတ်ဆုံးတွက်ထားတဲ့ပုံ။ဘယ်ပြည်သူ ဘာပြောပြော ဂရုမစိုက်။မင်းအောင်လှိုင်ကိုးကွယ်ခံဘဝ တည်မြဲ ရေးအတွက် ဖားစရာရှိတာ တဆုံးဖားမယ်ဆိုတဲ့သဘော။

 

သီတဂူရဲ့ အပင့်အမြှောက်တွေနဲ့ မိုးမမြင်လေမမြင် သိပ်ပျော်နေစဉ် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ ရဲ့ ရေစက်ချတရားကို နာလိုက်ရချိန် သွေးစိမ်းရှင်ရှင်ကျ နေတဲ့ရင်ဘတ်ထဲ ဆားပက်ထည့်ခံလိုက်ရသလို မင်းအောင်လှိုင်ငိုင်သွားတော့တယ်။

 

ကျောက်မဲဆရာတော်က လက်၃ချောင်းထောင်ကာ ဗုဒ္ဓတရားတော် လိုက်နာစရာ ၃ချက်တည်းဆိုတဲ့ တရားကိုဟောခဲ့တယ်။အဲဒီ၃ချက်သော တရားက အားလုံးကသိပြီးသား မကောင်းတဲ့အလုပ်ကိုမလုပ်ဖို့၊ ကောင်းတဲ့အလုပ်ကိုလုပ်ဖို့နဲ့ စိတ်ကိုဖြူစင်အောင်ထားဖို့။ကျောက်မဲဆရာတော်က လူတိုင်းနားလည်လွယ်ပြီး လူ တိုင်း လိုက်နာသင့်တဲ့ ဗုဒ္ဓတရားကို ပြန်လည်မျှဝေခြင်းဖြစ်ပေမဲ့ ဗုဒ္ဓတရား အဲဒီ၃ချက်စလုံးရဲ့ တစ်ဖက် ကမ်း မှာ ရှိနေ တဲ့ မင်းအောင်လှိုင်အတွက် ဆတ်ဆတ်ခါခဲ့ရ။အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း သူမကြိုက်တဲ့ အမှန်တရားအ ကြောင်းဟောတဲ့တရားမို့ လက်အုပ်မချီနိုင်၊သာဓုမခေါ်နိုင်။ငိုင်ငိုင်ကြီးကို ငေါင်လို့။

 

ဘုရားယောင်ယောင် မင်းအောင် လှိုင်ရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတရားဆိုတာ ဘာမှမရှိပါလားလို့ ကျောက်မဲဆရာတော်ရဲ့တရားက ဖွင့်ချလိုက် သလိုမို့ ပြည်သူတွေရဲ့ကြား ထောက်ခံကြိုဆိုသံ နိုင်ငံနဲ့ချီ ဟိန်းထသွားတော့တယ်။

 

အမေရိကန်ဒေါ်လာသန်း ၄၀ လောက်အကုန်ကျခံကာ တည်ခဲ့တဲ့ ဘုရားယောင်ယောင် မင်းအောင် လှိုင်ရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတရားဆိုတာ ဘာမှမရှိပါလားလို့ ကျောက်မဲဆရာတော်ရဲ့တရားက ဖွင့်ချလိုက် သလိုမို့ ပြည်သူတွေရဲ့ကြား ထောက်ခံကြိုဆိုသံ နိုင်ငံနဲ့ချီ ဟိန်းထသွားတော့တယ်။

 

မနိုင် နိုင်ရာမဲတတ်တဲ့ အာဏာရှင်တို့ရဲ့ ညာဉ်ကြောင့်ပဲလား။ဩဂုတ်၂ရက်နေ့မှာ မင်းအောင်လှိုင်ခန့် ခဲ့တဲ့သာသနာရေးဝန်ကြီးကိုကို ကို မင်းအောင်လှိုင်ကိုယ်တိုင်ပဲရာထူးကနေ ဖယ်ရှားလိုက်တယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။