Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သည်းခံတော်မူ သီတဂူနဲ့ ဓမ္မတုံ့ပြန် ကံဆောင်သပိတ် (Opinion)

ဘာပဲဖြစ်ဖြစ် သည်းခံခွင့်လွှတ်ရမယ်ဆိုတာ ဗုဒ္ဓလမ်းစဉ်မဟုတ်ကြောင်း ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ် က ဖော်ပြနေပေတယ်။

 

ပတ္တနိက္ကုဇ္ဇကံဆောင်တယ်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့ တန်ပြန်ဆန့်ကျင် သပိတ်မှောက်နိုင်ကြောင်း သံဃာတော်တွေကို ပေးထားတဲ့ အခွင့်အရေး။ ဗုဒ္ဓသာသနာနဲ့ သံဃာတော် တွေကို ဖျက်ဆီးထိပါး စော်ကားသူတွေကို အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ တုံ့ပြန်သပိတ်မှောက် ခြင်းဖြစ်တယ်။

 

ပတ္တနိက္ကုဇ္ဇကံဆောင်တယ်ဆိုတာ ကံဆောင်ခံရတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ် ဆီကနေ အလှူလည်းမခံ၊ ပင့်ဖိတ်ရင်လည်းမကြွဘဲ အဆက်အဆံ မလုပ်၊ ဥပက္ခာပြုလိုက်ခြင်းပဲ ဖြစ်တယ်။

 

ဘယ်လို ဖျက်ဆီးထိပါးမှုမျိုးတွေကို ကံဆောင်နိုင်ပါသလဲ။ ရဟန်းတွေကို လာဘ်လာဘ မရအောင် ပြုလုပ်တာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ ဆဲရေးတိုင်းထွာတာ၊ ရဟန်းတွေ နေထိုင်မြဲ ကျောင်း ကန်တွေမှာ မနေနိုင်အောင်ပြုလုပ်တာ၊ ရဟန်းအချင်းချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ ဗုဒ္ဓရဲ့ ဂုဏ်တော် တွေကို စော်ကားပြောဆိုတာ၊ ဗုဒ္ဓရဲ့ တရားဂုဏ်တော်တွေကို စော်ကားပြောဆိုတာနဲ့ သံဃာရဲ့ဂုဏ်တော် တွေကို စော်ကားပြောဆိုတာ၊ အဲဒီအချက်တွေထဲက တစ်မျိုးမျိုး၊ ဒါမှမဟုတ်တစ်မျိုးထက်ပိုတဲ့ ထိပါးမှု မျိုးရှိလာရင် ကံဆောင်နိုင်ကြောင်း အတိအလင်း ဖွင့်ဆိုထားတယ်။

 

ပတ္တနိက္ကုဇ္ဇကံဆောင်တယ်ဆိုတာ ကံဆောင်ခံရတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ် ဆီကနေ အလှူလည်းမခံ၊ ပင့်ဖိတ်ရင်လည်းမကြွဘဲ အဆက်အဆံ မလုပ်၊ ဥပက္ခာပြုလိုက်ခြင်းပဲ ဖြစ် တယ်။ ဒါကို နောက်တစ်မျိုးဖွင့်ဆိုရရင် ကိုယ့်အပေါ်မလိုလားသူကို ငြိမ်းချမ်းစွာနဲ့ လှည့်မကြည့် တော့ဘဲ ဥပက္ခာပြုလိုက်ခြင်း ဖြစ်တယ်။

 

ရွှေကျင်ဂိုဏ်းရဲ့ ထင်ရှားတဲ့ ဆရာတော်တစ်ပါး စစ်တပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရရုံတင်မက ဒဏ်ရာရ ကန်သုံးဆင့်ဆရာတော်ကိုပါ ဆေးကု မပေး၊ ဖိအားပေး စစ်ဆေးပြီး PDF သတ်တာပါလို့ လိမ်လည်ထွက်ဆိုခိုင်းခဲ့ပြန်တယ်။

 

အခု ဇွန် ၁၉ ရက်ဖြစ်စဉ်ကတော့ သံဃာကို ဆဲရေးတိုင်းထွာတာထက် အဆများစွာသာတဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်တယ်။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် တစ်နေရာမှာ ပဲခူးမြို့၊ ဝင်းနိမ္မိ တာရုံကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်သားတွေ ပစ်ခတ်လို့ ပျံလွန်ခဲ့ခြင်း ဖြစ်တယ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက်မှာ စစ်သားတွေရဲ့  လက်ချက်နဲ့ သံဃာတွေ ပျံလွန်တယ်ဆိုတာ မထူးဆန်းတော့ပေမဲ့ ဇွန် ၁၉ ရက် ပျံလွန်တဲ့ဆရာတော်က တပည့်ပေါင်းများစွာနဲ့ ထင်ရှားတဲ့ ဆရာတော်ဖြစ်တယ်။

 

ပြီးတော့ ကိုယ့်အပြစ်ကိုယ် ဝန်မခံဘဲ PDF တွေ ပစ်တာပါလို့ စစ်ကောင်စီတို့ထုံးစံအတိုင်း ခြေမြန် လက်မြန်လှည့်ဖျားခဲ့ပြန်တော့ သံဃာထုရော ပြည်သူပါ ဆတ်ဆတ်ခါရတယ်။ ရွှေကျင်ဂိုဏ်းရဲ့ ထင်ရှားတဲ့ ဆရာတော်တစ်ပါး စစ်တပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရရုံတင်မက ဒဏ်ရာရ ကန်သုံးဆင့်ဆရာတော်ကိုပါ ဆေးကု မပေး၊ဖိ အားပေး စစ်ဆေးပြီး PDF သတ်တာပါလို့ လိမ်လည်ထွက်ဆိုခိုင်းခဲ့ပြန်တယ်။

 

“ပြင်မရတော့တဲ့ ဒီအမှားကို၊ တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေး မိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား’’လို့ ဝင်းနိမ္မိ တာရုံဆရာတော်ရဲ့ အန္တိမဈာပနပွဲသို့ ကြွလာတဲ့ သီ တဂူဘုန်းကြီးက မိန့်တယ်။

 

အဲဒီလိုရွှေကျင်ဂိုဏ်းရဲ့ ဆရာတော်ကြီးနှစ်ပါးကို စစ်ကောင်စီက ရက်ရက်စက်စက်လုပ်ခဲ့ပေမဲ့ ရွှေ ကျင်ဂိုဏ်းသာသနာပိုင် သီတဂူဘုန်းကြီးက သံဃာတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်လိုက်ကြဖို့ ဆို လေ တော့ တစ်နိုင်ငံလုံးကပြည်သူတွေ အော့နှလုံးနာရပြန်တယ်။ 

 

“ပြင်မရတော့တဲ့ ဒီအမှားကို၊ တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေး မိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား’’လို့ ဝင်းနိမ္မိ တာရုံဆရာတော်ရဲ့ အန္တိမဈာပနပွဲသို့ ကြွလာတဲ့ သီ တဂူဘုန်းကြီးက မိန့်တယ်။

 

သီတဂူဘုန်းကြီးပြောတဲ့ တစ်စုံတစ်ယောက်မှားတဲ့အမှားဆိုတာက မဆင်မခြင်ပစ်ခတ်မိတဲ့ အောက် ခြေစစ်သားတွေအမှားလို့ ဆိုလိုဟန်တူတယ်။ ဒါကိုနောက်တစ်မျိုးဆိုရရင် စစ်ကောင်စီမှားတာတော့ မဟုတ် ဘူးလို့ ပြောချင်ပုံရတယ်။ စစ်ကောင်စီက စစ်သားတွေ ပစ်လို့ ဘုန်းကြီးပျံလွန်တာသိလျက်နဲ့ PDF ပစ်တာပါလို့ လိမ်လည်ထုတ်ပြန်တာ၊ ဒဏ်ရာရကန်သုံးဆင့်ဆရာတော်ကို လိမ်လည်ထွက်ဆိုဖို့ ဖိအားပေးတာတွေက စစ်ကောင်စီက သံဃာထုတစ်ရပ်လုံးကို စော်ကားတယ်ဆိုတာ သီတဂူဘုန်းကြီးက ဖုံးကွယ်လိုဟန်တူတယ်။

 

တရား ဟောကြွလာတဲ့ သီတဂူ မိုက်ခွက်မကောင်းတာကို သည်းမခံနိုင်လို့ မိုက်ခွက် လွှင့်ပစ်ခဲ့တာတွေ။ NLD အစိုးရ လက်ထက် လျှပ်စစ်မီတာခ တိုးကောက်တာကို သည်းမခံနိုင်လို့ ဒေါသတကြီးတုံ့ပြန်တာတွေက ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ပလူပျံခဲ့တယ်။

 

အဲဒီလို သည်းခံ ခွင့်လွှတ်ဖို့ သီတဂူဘုန်းကြီး မိန့်ပြီးနောက်မှာ သီတဂူဘုန်းကြီး သည်းမခံခဲ့တဲ့ကိစ္စ တွေကို ကြုံခဲ့ဆုံခဲ့ဖူးတဲ့ ပြည်သူတချို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်ကနေ ဖော်ထုတ်ကြတော့တယ်။ တရား ဟောကြွလာတဲ့ သီတဂူ မိုက်ခွက်မကောင်းတာကို သည်းမခံနိုင်လို့ မိုက်ခွက် လွှင့်ပစ်ခဲ့တာတွေ။ NLD အစိုးရ လက်ထက် လျှပ်စစ်မီတာခ တိုးကောက်တာကို သည်းမခံနိုင်လို့ ဒေါသတကြီးတုံ့ပြန်တာတွေက ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ပလူပျံခဲ့တယ်။

 

NLD အစိုးရလက်ထက် တရားပွဲတစ်ခုမှာ သီတဂူဘုန်းကြီး တရားစဟောရုံရှိသေး၊ ဗြောက်အိုး ဖောက်သံတွေ ထွက်လာတယ်။ တရားပွဲ ကမကထပြုတဲ့ ဒကာတွေက တရားပွဲစတာကို အောင်ပွဲတစ်ခုရသ လို တလွဲဆံပင်ကောင်းစွာနဲ့ အောင်ပွဲခံဗြောက်အိုးဖောက်တဲ့ပုံ။သီ တဂူဘုန်းကြီးက မလုပ်သင့်မလုပ်အပ်တဲ့ အရာဖြစ်ကြောင်း ကန့်ကွက်တဲ့အနေနဲ့ တရားဟောတာကို ချက်ချင်းရပ်လိုက်တယ်။ ဗြောက်အိုးသံတိတ်သွားမှ ဘဝင်မကျတဲ့လေသံနဲ့ ဗြောက်အိုးသံကြားရတာ ကြောက်တောင်ကြောက်လာပြီလို့ မိန့်ခဲ့တယ်။

 

သီတဂူဘုန်းကြီးကတော့ သွေးစွန်းနေတဲ့ မင်းအောင်လှိုင်လက်ကို ကြင်နာစွာ သုတ်ပေးနေရတာကြောင့် သေနတ်သံတွေလည်း မကြား၊ အဓမ္မဆိုတာလည်း မမြင်။ စစ်ကောင်စီဘာဖြစ်ဖြစ် စစ်ကောင်စီ ဘက်ကသာ ရပ်ရမယ်ဆိုတာမျိုးမို့ သီတဂူဘုန်းကြီး သင်ထားခဲ့သမျှ ပညာတွေဟာ ဓမ္မနဲ့ အဓမ္မကိုတောင် ခွဲခြားနိုင်စွမ်း မရှိပါလားလို့ ပြည်သူတွေ အံ့အားသင့်ကြရတယ်။

 

အခုတော့ သီတဂူဘုန်းကြီး သီတင်းသုံးနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ပြည်သူကို ပစ်မှတ်ထား ပစ်နေ ခတ်နေ၊ ရွာမီးရှို့နေလိုက်တာများ တစ်ကမ္ဘာလုံးက မကြားချင်မမြင်ချင်မှအဆုံးဆိုပေမဲ့ ဗြောက်အိုးသံကြောက်တဲ့ သီတဂူဘုန်းကြီး သေနတ်သံကိုတော့ မကြောက်။ ၂၀၂၃ နှစ်ဆန်းပိုင်းက သီတဂူတက္ကသိုလ်ဘွဲ့ရ ဆရာတော် ဦးဂန္ဓသာရ ဇာတိရပ်ရွာ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲရွာသို့ ပြန်လာစဉ် စစ်သားတွေ ရက်ရက်စက်စက် ပစ်ခတ်သတ်လို့ ပျံလွန်။ သီတဂူဘုန်းကြီးကတော့ သွေးစွန်းနေတဲ့ မင်းအောင်လှိုင်လက်ကို ကြင်နာစွာ သုတ်ပေးနေရတာကြောင့် သေနတ်သံတွေလည်း မကြား၊ အဓမ္မဆိုတာလည်း မမြင်။ စစ်ကောင်စီဘာဖြစ်ဖြစ် စစ်ကောင်စီ ဘက်ကသာ ရပ်ရမယ်ဆိုတာမျိုးမို့ သီတဂူဘုန်းကြီး သင်ထားခဲ့သမျှ ပညာတွေဟာ ဓမ္မနဲ့ အဓမ္မကိုတောင် ခွဲခြားနိုင်စွမ်း မရှိပါလားလို့ ပြည်သူတွေ အံ့အားသင့်ကြရတယ်။

 

ဝင်းနိမ္မိ တာရုံဆရာတော်ကို စစ်တပ် ပစ်ခတ်လို့ ပျံလွန်သွားပြီး ဘယ်ကြာလိမ့်မလဲ။ ဇွန်လ ၂၂ ရက်ည မှာ မြင်းခြံမြို့နယ်ထဲက ဆခမရွာဆရာတော် လူမှုကူညီရေးအသင်းကားနဲ့ မြင်းခြံဆေးရုံကို လူနာပို့ပြီးအပြန်လမ်းမှာ စစ်တပ်ကင်းပုန်းတွေ ပစ်ခတ်လို့ ပျံလွန်ရပြန်တယ်။

 

ဆရာတော်ပစ်ခတ်ခံရခြင်းကိစ္စ စစ်ကောင်စီ စုံစမ်းဖော်ထုတ်မယ်လို့ ဆိုထားပေမဲ့ ဇူလိုင်ကိုးရက်ထိတိုင် ရလဒ်ထွက်မလာသေးတာ ကံဆောင်သပိတ်တွေ ကျယ်ပြန့်လာမှာစိုးတာကြောင့် စကားလုံးရွေးချယ်နေဟန်တူတယ်။ 

 

ဇွန်လ ၂၃ ရက်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇ ကံ ဆောင်သပိတ် စတင်ပြီးနောက် ဇွန် ၂၄ ရက်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆီ မင်းအောင်လှိုင်ရဲ့  တောင်း ပန်စာကို လူလွှတ်ပို့စေတယ်။ ဆရာတော်ပစ်ခတ်ခံရခြင်းကိစ္စ စစ်ကောင်စီ စုံစမ်းဖော်ထုတ်မယ်လို့ ဆိုထား ပေမဲ့ ဇူလိုင်ကိုးရက်ထိတိုင် ရလဒ်ထွက်မလာသေးတာ ကံဆောင်သပိတ်တွေ ကျယ်ပြန့်လာမှာစိုးတာကြောင့် စကားလုံးရွေးချယ်နေဟန်တူတယ်။ 

 

အခုဆိုရင် ကံဆောင်သပိတ်ဟာ မြို့ပေါင်း ၂၀ ကျော်အထိ ပျံ့နှံ့လာပြီဖြစ်တယ်။ မြန်မာနိုင်ငံအနှံ့ စစ် မျက်နှာတိုင်းမှာ အရှုံးကြီးရှုံးနေတာကြောင့် ပြာယာခတ်နေရတဲ့ စစ်ဗိုလ်ချုပ်တွေက ကံဆောင်သပိတ်တွေဘာတွေကို အာရုံမစိုက်နိုင်တဲ့အချိန်မှာ ပဲခူးမြို့အပါအဝင် မြို့ကြီးပြကြီးတွေနဲ့ ကံဆောင်သပိတ်တွေ ဆက်လုပ်နိုင်မယ်ဆိုရင် စစ်ကောင်စီအတွက် ဆောက်တည်ရာမရစေမယ့် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာမှာ သေချာတယ်။

 

ဓမ္မဘက်တော်သား ပြည်သူနဲ့သံဃာတိုင်းဟာ ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ တတ်နိုင်သလောက် စစ် ကောင်စီကို ဆန့်ကျင်တွန်းလှန်နေကြဖို့လိုတယ်။ ပြည်သူတို့ရဲ့ပြိုင်တူအားဟာ စစ်ဗိုလ်ချုပ်တွေကို ငရဲအရောက်ပို့နိုင် မှာ သိပ်သေချာတယ်။

~~~~

          

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။