မွန်ပြည်နယ်၊ ရေးမြိုနယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လုံခြုံရေးစခန်းကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
ရေးမြို့နယ်၊ မလွဲတောင် တံတားနဲ့ ဆက်သွယ်ရေးတာဝါတိုင်ကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို KNLA တပ်ရင်း (၂၇) တပ်ခွဲ( ၂ )နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်၆ရက်၊ည၁၀နာရီမိနစ်၅၀မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲ အမှတ်(၃)က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်စခန်းဟာ အမှတ်- ၈ ပြည်ထောင်စုလမ်းမကြီး၊ ရေး-ထားဝယ်လမ်းပိုင်း ၁၄ မိုင်အနီးတည်ရှိပြီး ခမရ ၅၉၁ က လုံခြုံရေးရယူထားတဲ့ စခန်းကုန်းတစ်ခု ဖြစ်ပါတယ်။
ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားတွေ စခန်း စွန့်ခွါထွက်ပြေးခဲ့ရာ စခန်းတွင်းဝင်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အဲဒီစခန်းကနေ ရှေ့ထွက်မိုင်း(၃)လုံး၊ MA မဂ္ဂဇင်း (၁၀)ချပ်၊ ကက်သီး(၁၈)လုံး၊ ၅.၅၆ ကျည် (၂၁၈) တောင့်၊ ၄၀မမ ဗုံးသီးကျည်အလုံး (၂၀)၊ လက်ပစ်ဗုံးအလုံး (၂၀)နဲ့ အီ ကွေ့မန့် (၂)စုံ သိမ်းဆည်းရမိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။
~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။