Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

၆၃ နှစ် မကျော်စေရ (Opinion)

နိုင်ငံတကာ ရာဇဝတ်ကောင် မ.အ.လရေ…မင်း အာဏာသိမ်းလိုက်မှ ဒို့နိုင်ငံလည်း ကမ္ဘာမှာ နံပါတ်ဝမ်း ဂဏန်းတစ် ဖြစ်လာခဲ့ပေါ့လားကွ…။ ကောင်းတဲ့နေရာတွေမှာ နံပါတ်ဝမ်း ဖြစ်တယ်ဆိုရင်တော့ ဂုဏ်ယူစရာပေါ့ကွာ…။ ခုတော့ မကောင်းတဲ့နေရာတွေမှာ ဂဏန်းတစ် ဖြစ်ရတယ်ဆိုတော့ မင်းကိုလေ… ဗုဒ္ဓဟူးနံနဲ့သာ ထိုးလိုက်ချင်တော့တာပါပဲ။ ဗုဒ္ဓဟူးနံဆိုလို့ အတွေးမချော်ကြနဲ့ဦး…။ လက်သီးပြောတာ…။

 


ကြည့်လေကွာ…။ ဘိန်းဖြူ ထုတ်လုပ် ဖြန့်ချိရောင်းချတဲ့ နေရာမှာလည်း အာဖဂန်နစ္စတန် နိုင်ငံကို ကျော်ပြီး နံပါတ်တစ် တဲ့။ တရားဥပဒေစိုးမိုးမှု မရှိလို့ ရာဇဝတ်မှုတွေ ထူပြောတာလည်း ကိုလံဘီယာကို ကျော်ပြီး နံပါတ်တစ်..တဲ့။ အခု ကမ္ဘာ့ငွေကြေး ခဝါချမှု အန္တရာယ်အများဆုံး နိုင်ငံအဖြစ်လည်း ဟေတီကို ကျော်ပြီး နံပါတ်တစ်.. တဲ့လေ…။ ပြီးတော့ မင်းကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံရှိတဲ့ ICC က ရာဇဝတ်ကောင်အဖြစ် သတ်မှတ်လိုက်ပြီပဲ။ နိုင်ငံအတွက်ရော၊ မင်းအတွက်ရော မင်းအစွမ်းအစရဲ့ ရလဒ်တွေလေ။ ဒါကို နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်…လို့ ရှည်လျား ထွေပြား ဂုဏ်ပုဒ်တွေ တသီကြီးနဲ့ ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြနေတာ မင်းမို့လို့ မရှက်ပလေ…။

 

ကိုယ့်အတွက် ကိုယ်ဘာသာ ပေးတဲ့ဆု၊ အခြားသူတွေက ရေးပြီး ကိုယ်က အမည်ခံလို့ စာရေးဆရာ ဖြစ်လာတဲ့သူကို ပေးတဲ့ဆု ဖြစ်နေပါရောလား…။ တကယ့်ကို သိက္ခာမရှိ၊ အရှက်မရှိကြတော့ဘူး…။ 

 

အေးကွာ…ကြုံကြိုက်တုန်း ပြောလိုက်ပါရစေအုံး။ အရှက်ကတော့ မင်းမှမဟုတ်ပေဘူး..၊ မင်းကို ဝိုင်းရံနေတဲ့ မင်းအသိုင်းအဝန်းက မြန်မာနိုင်ငံ စာရေးဆရာအသင်းက အမှုဆောင် အဖွဲ့ဝင်တွေကလည်း မရှက်တတ်ကြဘူးကွ။ နှစ်စဉ် ချီးမြှင့်လေ့ရှိတဲ့ ‘တသက်တာ စာပေဆု’ ဆိုတာ ရှိတယ်။ တသက်တာပတ်လုံး စာပေနယ်ထဲ မြှုပ်နှံပြီး စာပေအကျိုး သယ်ပိုးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ဆုပေါ့။ ခုတော့ဖြင့် ကိုယ့်အတွက် ကိုယ်ဘာသာ ပေးတဲ့ဆု၊ အခြားသူတွေက ရေးပြီး ကိုယ်က အမည်ခံလို့ စာရေးဆရာ ဖြစ်လာတဲ့သူကို ပေးတဲ့ဆု ဖြစ်နေပါရောလား…။ တကယ့်ကို သိက္ခာမရှိ၊ အရှက်မရှိကြတော့ဘူး…။ မနှစ်က အမျိုးသားစာပေဆုများရှင် မြင်းမူမောင်နိုင်မိုး ‘တသက်တာ စာပေဆု’ ယူလိုက်တယ်။ အမျိုးသားစာပေ၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်တွေက တသက်တာ စာပေဆု တင်သွင်းခံရတဲ့သူတွေကို မဲပေးပြီး ရွေးချယ်ကြတယ်။ အဲဒီမှာ ဒေါက်တာတိုးလှနဲ့ မြင်းမူမောင်နိုင်မိုးတို့ကို မဲပေးပြီး ရွေးချယ်တော့ ဒေါက်တာတိုးလှက မဲအသာ ရရှိသတဲ့။ ဒါပေမဲ့ တသက်တာစာပေဆုစာရင်း ကြေညာတော့ မြင်းမူမောင်နိုင်မိုး ဖြစ်နေရော…တဲ့။ ဒါနဲ့ ဆုရွေးချယ်ရေး အဖွဲ့ဝင်တယောက်က နားမလည်နိုင်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဘယ်လို..ဘယ်လိုတွေဖြစ်ကြတာလဲ…လို့ ဖုန်းနဲ့ လှမ်းမေးသတဲ့။ ဒေါက်တာတိုးလှက ‘ဆုလက်မခံဘူး’ ဆိုတာကြောင့် မြင်းမူမောင်နိုင်မိုးက ဆုလက်ခံ ယူလိုက်တာပါတဲ့။ ဒီတော့…အဲဒီအဖွဲ့ဝင်ကပဲ မယုံသင်္ကာဖြစ်ပြီး ဒေါက်တာတိုးလှကို ဖုန်းဆက် မေးမြန်းတာပေါ့လေ…။ ဒေါက်တာတိုးလှက “ငါ့ဆီ ဘယ်သူကမှ အကြောင်းမကြားပါဘူး” လို့ ပြောသတဲ့။ အဲဒီလို ကလိမ်ကကျစ် ဖဲသမားလို ကုလားဖန်ထိုးကြတာ…။ ဒီနှစ်တော့ ဒေါက်တာတိုးလှရော၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရော တသက်တာစာပေဆု ရကြတယ်။ အဲဒီမှာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်) အကြောင်းက ပြောစရာဖြစ်လာတယ်။ 

 

တစ်လမှာတော့ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)နဲ့ မြင့်မောင်မောင်တို့ရဲ့ ၀တ္ထုတွေ ပြိုင်တူ ထွက်လာကြတယ်။ စာအုပ်အမည်ကတော့ မတူကြဘူး။ ဒါပေမဲ့ ၀တ္ထုဇာတ်လမ်းနဲ့ အရေးအသားတွေက ‘၏၊ သည်’ မရွေး တူညီနေကြရော…။ ရှဲဒိုးသမားက တပုဒ်တည်းကို အမည်ပြောင်းပြီး (၂)ယောက်ဆီကို ရောင်းလိုက်တဲ့သဘော…။

 

၁၉၉၀ ခု ဝန်းကျင်လောက်က စာပေနယ်မှာ ရှဲဒိုးတွေ တွင်ကျယ်ခဲ့ဖူးတယ်။ ရှဲဒိုး ဆိုတာ ကိုယ်တိုင်ဖန်တီးရေးသားပြီး ထုတ်ဝေသူမရှိလို့ မိမိရဲ့စာမူကို အမည်ခံ စာရေးဆရာတွေဆီ ရောင်းစားကြရတဲ့ သူတွေပေါ့။ အဲဒီမှာ အရောင်းရအတွင်ကျယ်ဆုံး စာရေးဆရာ မြင့်မောင်မောင်ဆိုတာ ရှိခဲဖူးတယ်။ အစပိုင်းမှာတော့ မြင့်မောင်မောင်က ၀တ္ထုတွေကို သူကိုယ်တိုင် ရေးသားတာပေါ့။ ဒါပေမဲ့ တလကို (၂)အုပ်နှုန်းလောက် ထုတ်ဝေနေရတော့ နောက်ပိုင်း သူကိုယ်တိုင်မရေးသားနိုင်တော့ဘူးပေါ့။ ရှဲဒိုးတွေဆီက စာမူဝယ်ပြီး သူ့အမည်နဲ့ ထုတ်ဝေတော့တာပေါ့လေ…။ တလမှာတော့ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)နဲ့ မြင့်မောင်မောင်တို့ရဲ့ ၀တ္ထုတွေ ပြိုင်တူ ထွက်လာကြတယ်။ စာအုပ်အမည်ကတော့ မတူကြဘူး။ ဒါပေမဲ့ ၀တ္ထုဇာတ်လမ်းနဲ့ အရေးအသားတွေက ‘၏၊ သည်’ မရွေး တူညီနေကြရော…။ ရှဲဒိုးသမားက တပုဒ်တည်းကို အမည်ပြောင်းပြီး (၂)ယောက်ဆီကို ရောင်းလိုက်တဲ့သဘော…။ အဲဒီအကြောင်းက စာပေလောကမှာအုတ်အော်သောင်းနင်း ဖြစ်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)ကျော်လောက်က …။ အခု အဲဒီ အမည်ခံစာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)က တသက်တာစာပေဆု ရရှိသတဲ့။ ရရှိဆို မြင်းမူမောင်နိုင်မိုးက မြန်မာနိုင်ငံစာရေးဆရာအသင်းက ဥက္ကဋ္ဌ၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)က မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူးလေ…။ သူ့အရပ်နဲ့သူ့ဇာတ်ကို ဟပ်လို့…။ ထားပါတော့…အရှက်မရှိကြသူတွေအကြောင်း ကြုံကြိုက်တုန်း ပြောလိုက်တာပါ။ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့အကြောင်း…။


ကိုင်း..လက်ရှိ စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရေးအကြောင်း ဆက်ကြရအောင်ပါ။ သိကြတဲ့အတိုင်း ICC နဲ့ပတ်သက်လို့ တရုတ်ကတော့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတနိုင်ငံကို စွက်ဖက်မှုလို့ မှတ်ချက်ပြုသွားတယ်။ ဒါ့ပြင် ပြည်သူတွေ လက်မခံတဲ့ ရွေးကောက်ပွဲကိုလည်း ပံ့ပိုးကူညီမယ်လို့ ဆိုထားတယ်။ MNDAA နဲ့ TNLA တောင် တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ထိုးစစ်အရှိန်တွေ ရပ်တန့်လိုက်ရပြီ မဟုတ်လား…။ အကြမ်းဖက် အဖွဲ့အစည်းရဲ့ တွေ့ဆုံဆွေးနွေးမှု ဖိတ်ခေါ်တာကို လက်ခံလိုက်ရပြီ။ တရုတ်ဟာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတနိုင်ငံပါ။ ဒီတော့…သူ့ရဲ့ခြေလှမ်းတွေကို မပြတ်သတိနဲ့ စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။ ပေါ့ဆလို့တော့ မဖြစ်ပေဘူး…။ သွေးခွဲမှုတွေ ရှိလာနိုင်တယ်။ တော်လှန်ရေး လမ်းကြောင်း ပြောင်းလဲအောင် ဖန်တီးလာနိုင်တယ်။

 

တရုတ် ဒါမှမဟုတ် AA ရဲ့ ရပ်တည်ချက် အနေအထား ပြောင်းလဲခြင်းဟာ အကြမ်းဖက် အဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကျဆုံးမှု တုံ့နှေးသွားမလား…မြန်ဆန်သွားမလား…။ ကျဆုံးမှု အချိန်ကာလ ပြောင်းသွားပါလိမ့်မယ်။


ရခိုင်ပြည်နယ်ဘက်မှာတော့ AA က မောင်တောကို ထိန်းချုပ်နိုင်လိုက်ပြီ။ န.ပ.ခ ကိုလည်း ရက်ပိုင်းအတွင်း ထိန်းချုပ်နိုင်တော့မှာ ဖြစ်တယ်။ ဒီနောက်မှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုရှိရာ ကျောက်ဖြူကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပေလိမ့်မယ်။ အဲဒီမှာ တရုတ်ရဲ့ရပ်တည်ချက် အနေအထား အပြောင်းအလဲ ဖြစ်ပေါ်လာစရာ အကြောင်းရှိပါတယ်။ ဒါမှမဟုတ် AA ဘက်ကလည်း ရပ်တည်ချက်အနေအထား ပြောင်းလဲသွားနိုင်တယ်။ တစုံတခု အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်တာကတော့ သေချာသလောက်ပါပဲ။ တရုတ် ဒါမှမဟုတ် AA ရဲ့ ရပ်တည်ချက် အနေအထား ပြောင်းလဲခြင်းဟာ အကြမ်းဖက် အဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကျဆုံးမှု တုံ့နှေးသွားမလား…မြန်ဆန်သွားမလား…။ ကျဆုံးမှု အချိန်ကာလ ပြောင်းသွားပါလိမ့်မယ်။


တဖက်မှာတော့ KIA တိုက စနစ်တကျ စီမံကိန်းချ လှုပ်ရှားလာတာကို တွေ့ကြရတယ်။ ပြည်နယ်ရဲ့ စီးပွားရေး အသက်သွေးကြောဖြစ်တဲ့ ဖားကန့်နဲ့ အထူးဒေသကို ထိန်းချုပ်နိုင်ခြင်းက တော်လှန်ရေးကို ပိုမို အားကောင်းသန်မာသွားစေတယ်။ အင်အားကြီး တရုတ်ရဲ့ စိမ်ခေါ်မှုကို အံတုနိုင်ခြင်းက သက်သေပဲ။ ခုဆို မံစီနဲ့ ဗန်းမော်တို့ကို ထိန်းချုပ် နိုင်ပါတော့မယ်။ ဒင်းတို့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၅ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် ကချင်ပြည်နယ်တခွင်လုံး လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်ပါတယ်။

 

ဒီမှာ ချင်းပြည်နယ်ရဲ့ တော်လှန်ရေး အရှိန်အဟုန်ကလည်း ညီညွတ်မှု တည်ဆောက်လိုက်တာနဲ့ အင်အားကောင်းလာသလို အောင်မြင်မှုတွေ ရရှိလာတာကို တွေ့ကြရတယ်။ ကရင်နီကလည်း ကျစ်လျစ်ခိုင်မာစွာနဲ့ တောင့်ခံထားနိုင်ဆဲပါ။

 

အောင်မြင်တိုးတက်မှုတွေ ကျယ်ပြန့်လာပေမဲ့ မျှော်မှန်းထားသလောက် ခရီးမတွင်တာလည်း တွေ့ကြရတယ်။ တိုင်းဒေသကြီးတွေဘက်မှာတော့ PDF အင်အား အစုအဖွဲ့တွေ အင်အား ကောင်းတာကို တွေ့ရတယ်။ ဒါပေမဲ့ စုဖွဲ့မှု၊ ပေါင်းစည်းမှုဘက်မှာတော့ အင်မတန် အားနည်းလှတယ်။


ကရင်ကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအနေနဲ့ သက်တမ်း အရင့်မာဆုံး အဖွဲ့အစည်းပေပဲ။ တော်လှန်ရေးနယ်မြေအနေအထားကလည်း ကျယ်ဝန်းသလို ကွဲပြားခြားနားမှု တွေကလည်း များပြားလှတယ်။ ဒီတော့…တိုက်ရင်း စည်းရုံးမှုတည်ဆောက်၊ စည်းရုံးမှု တည်ဆောက်ရင်း တိုက်ပွဲဖော်ဆောင်နေရတဲ့ အနေအထားပါ။

 

အောင်မြင်တိုးတက်မှုတွေ ကျယ်ပြန့်လာပေမဲ့ မျှော်မှန်းထားသလောက် ခရီးမတွင်တာလည်း တွေ့ကြရတယ်။ တိုင်းဒေသကြီးတွေဘက်မှာတော့ PDF အင်အား အစုအဖွဲ့တွေ အင်အား ကောင်းတာကို တွေ့ရတယ်။ ဒါပေမဲ့ စုဖွဲ့မှု၊ ပေါင်းစည်းမှုဘက်မှာတော့ အင်မတန် အားနည်းလှတယ်။ ဒါကလည်း လက်နက်ကိုင် တော်လှန်ရေးတရပ်မှာ ဖြစ်တတ်လေ့ရှိတဲ့ သဘော သဘာ၀ တရပ်ပါပဲ။ အပြစ်လို့ မဆိုသာဘူး…။ တူညီတဲ့ရည်ရွယ်ချက်နဲ့ လျှောက်လှမ်းနေကြတဲ့သူတွေဟာ တချိန်မှာတော့ ဆုံမှတ်တခုမှာ တွေ့ဆုံကြစမြဲပဲလေ…။ အခု ဆုံမှတ် တခုမှာ တွေ့ဆုံကြရမယ့် အနေအထား ရောက်ပြီလို့ သတ်မှတ်ယူဆပါတယ်။ ဒါပေမဲ့ ဒေသအလိုက် ကွဲပြားခြားနားမှုတွေက တည်ရှိနေဆဲပါ။ အဲဒီအခြေအနေက ရန်သူကို အနှောင့်အယှက် ပေးနိုင်စွမ်းပေမဲ့ ရန်သူကို အမြစ်ဖြတ်ခြေမှုန်းဖို့ ဆိုတာနဲ့တော့ အလှမ်း ကွာဝေးနေပေလိမ့်မယ်။


ဒီတော့…တိုင်းဒေသကြီးတွေမှာ ပြန်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းဖို့ ကြိုးစား အားထုတ်ကြဖို့ လိုအပ်ပါတယ်။ မတ္တရာ၊ စဉ်ကူး၊ သပိတ်ကျင်းတို့ဘက်က အနေအထားတွေကို အလေးထားကြရမယ်။ ဒီပဲယင်း၊ ပုလဲဘက်က အနေအထားတွေကို သုံးသပ်ကြည့်သင့်တယ်။ ပထဝီနိုင်ငံရေး အနေအထားအရ၊ ပြည်သူ့ထောက်ခံမှု အနေအထားအရ တူညီမှုတွေ ရှိကြပေမဲ့ ဖြစ်ပေါ်နေတဲ့ ရလဒ်အနေအထားက တူညီမှု ရှိမနေဘူး…။ ဘာကြောင့်ပါလဲ…။ ဆန္ဒစွဲ ကင်းရှင်းစွာနဲ့ စစ်တမ်းထုတ်ကြည့်ရင် ပကတိမှန်ကန်တဲ့ အဖြေတခု ရှာဖွေတွေ့ရှိကြပါလိမ့်မယ်။ အဲဒီမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ပြုပြင်သင့်တဲ့ အရာတွေကို ပြုပြင်လို့ ၊ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်လို့ တူညီတဲ့ လမ်းကြောင်းပေါ်မှာ လက်တွဲသွားကြမယ်ဆိုရင်ဖြင့် မျှော်မှန်းပန်းတိုင်ကို လျင်မြန်စွာ ရောက်ကြမှာ
မုချပါပဲ…။


သိကြတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းရဲ့ အနေအထားဟာ ‘နေမြင့်လေ အရူးရင့် လေ’ ဆိုတာလို အချိန်ကြာလာသည်နှင့်အမျှ အဘက်ဘက်က ယိုယွင်းယိုင်နဲ့ ကျရှုံး လာတာကို တွေ့ကြရတယ်။ ဘယ်လိုမှ နာလန်ထူနိုင်စရာ မရှိတော့ပါဘူး…။ အရေးကြီးတာက တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ ညီညွတ်မှုနဲ့ တချက်ကလေး အားစိုက် တွန်းဖြိုလိုက်ကြဖို့ပါပဲ။ ဒို့ခေတ်ရောက်မှ ညံ့ကြလို့ မဖြစ်ပေဘူး…။ နှစ်ပေပါင်း(၆၀)ကျော် အမြစ်တွယ် ရှင်သန်လာခဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီးကို အပြီးတိုင် ဖြိုလှဲပစ်လိုက်ကြစို့ရဲ့…။ ညီစေနော်။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။